မော်ကျွန်းသူ
စိမ်းစိုနေတဲ့ တောင်တန်းကြီးတွေ၊ ဒီလိုတောင် တန်းကြီးတွေရဲ့ ပတ်ပတ် လည်မှာ မြူခိုးရောင်တိမ် ပင်လယ်တွေ ဝန်းရံထားတာကို အတိုင်းသားတွေ့ မြင်နေရတဲ့အရပ်၊ တစ်နည်းအားဖြင့် မြူခိုးတွေဆိုင်း နေတဲ့ အရပ်၊ မြင် တွေ့သမျှအရာရာတိုင်းက သိပ်ကို နူးညံ့လှပစေတဲ့ မြင်ကွင်း၊ စိတ်ကိုအေးမြသွားစေတဲ့ ရှုခင်းတွေနဲ့ ခြယ်မှုန်း ထားတဲ့ ဒေသကို စာရေးသူ ခြေ ချမိခဲ့ပါတယ်။
ဒီလို မြူခိုးရောင်တိမ်ပင်လယ်တွေရှိတဲ့ ဒေသ ကိုရောက်ရှိခဲ့ဖြစ်တာ ကတော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထဲက ပင်လယ်ရေ မျက်နှာပင်အထက် ပေ ၃၈၀၀ ကျော်မှာ တည်ရှိနေတဲ့ ပင်းတယမြို့ လေး ကို စာရေးသူ ရောက်ရှိခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။
ဒီနေရာ လေးကိုတော့ ပြည်တွင်းခရီးသွားတွေ လုံးဝခြေမချ ရသေး ပါဘူး။ ပြောရရင် အပျိုစင်နယ်မြေတစ်ခု။ လောက နိဗ်္ဗာန်ဘုံအရပ်လို့ တောင် စာရေးသူက တင် စားချင်ခဲ့တာပါ။ ရောက်ဖြစ်ခဲ့တဲ့ အကြောင်း ရင်း ကလည်း ပင်းတယဟိုတယ်ဇုန်ဥက်္ကဋ္ဌ ဦးကျော်ထွေးနဲ့ အမြင့်ပေ ၇၂၀၀ ကျော်ရှိတဲ့ မိုးလုံးဟိန်းတောင်ကို စကားစမြည်ပြောကြရင်းကနေ အကြောင်းပြုပြီး ဒီအရပ် ဒီဒေသဆီကို ရောက်ရှိစေခဲ့တာပါပဲ။
ပင်းတယကနေ နေ့လယ် ၁ နာရီလောက်မှာ စတင်ထွက်ခွာလာပါ တယ်။ သွားရမယ့် နေရာကရပ်စောက်မြို့နယ် ထဲကပလောင် တောင်တန်း တွေ ဆီကို …။
ပင်းတယကနေ ရပ်စောက်မြို့နယ်အထိကို ၁၆ မိုင်ကွာဝေးတာမို့ ကိုယ်ပိုင်ကားနဲ့သွားရင် တစ်နာရီလောက်ဝန်း ကျင် မောင်းနှင်ရ ပါတယ်။ လမ်း တစ်လျှောက် ဘေးဝဲယာကလည်း စိုက်ခင်းတွေနဲ့ သာယာနေပါတယ်။
ပြောင်းစိုက်ခင်းတွေ၊ နှင်းဆီရောင်စုံစိုက်ခင်း တွေကိုငေးမောရင်းနဲ့ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ ရွာကနေ ကြိုဆိုပါ တယ် ဆိုင်းဘုတ် တွေ့မှပဲ အတွေး တွေ ရပ်ပစ်လိုက်ရပါတယ်။ ကောင်းဘို့ရွာ ရောက် တော့ နေ့လယ် ၂ နာရီ ထိုးခါနီးပြီ။ ကောင်းဘို့ရွာ တောင်ခြေနားက ဒေသခံ ဦးဘမောင်အိမ်မှာ ခဏ နားရင်း ရေနွေးကြမ်း၊ ကော်ဖီ မုန့်တို့နဲ့ ဧည့်ခံရင်း စကား စမြည်ပြောဆိုကာ လာရောက်ခေါ်ဆောင်မယ့်သူကို စောင့်ဆိုင်းနေခဲ့ပါတယ်။
တောင်ပေါ်ဆိုတော့အမြင့်ကား(4Wheels)တွေနဲ့သာတက်နိုင်တာမို့ ကားချိန်းပြီးတက်ဖို့စောင့် ဆိုင်းနေရင်း …သိပ်မကြာပါ ဘူး နေ့လယ် ၂ နာရီ ၂၅ မိနစ်ဝန်းကျင်မှာ စာရေးသူတို့ဟာ တောင်ခြေ ကနေ စတင်ထွက်လာခဲ့ပါတယ်။ တောင်ခြေကနေ ပုံမှန်လေးပဲ တောလမ်းကို မောင်းနှင်ခဲ့ပါတယ်။ လမ်း က ကားတစ်စီးစာသာ သွားနိုင်တဲ့ လမ်းအနေအထား မို့ ဘေးတစ်ဖက်တစ်ချက်စီကိုကြည့်ရင်း။ ရှည်လျား မြင့်မားပြီးဝေဖြာနေတဲ့ပြောင်းစိုက်ခင်း တမျော်တခေါ် ကိုငေးမောရင်းနဲ့ တောင်ပေါ်ကို ကားက တဖြေးဖြေးပုံမှန်တက်လာ ခဲ့ပါတယ်။
တောင်ပေါ်အချိုးအကွေ့ တွေများလာလေ၊ တောင်တွေကို ထင် ထင်ရှားရှားမြင်တွေ့ရလေပါ ပဲ။ လက်ဖက်စိုက်ခင်း အကွက်လှ လှတွေ။ အဝါရောင်စိုက်ခင်းလှလှ တွေကဟိုတစ်စဒီတစ်စ။ တောင်နံရံ ကြောတလျှောက်မှာ လက်ဖက်စိုက် ခင်းတွေ၊ လိမေ်္မာ်စိုက်ခင်းတွေက မျက်စိပဒေသဖြစ်စေပါကော။
လျိူမြောင်တွေကြား တောင်နံရံကြားတွေမှာ လက်ဖက်စိုက်ခင်းတွေက အစီအရီနဲ့ အကွက်ကျကျ လှပနေလို့။ တစ်ခါတရံ မက်စောက်တဲ့ တောင်နံရံ ကြားက စိုက်ခင်းတွေမှာ ပလောင်လုံမငယ်တွေရဲ့ လက်ဖက်ခူးနေတာတွေကို ကားပေါ်ကနေ တစ်ချက် တစ်ချက် လှမ်းတွေ့ရပါသေးတယ်။
တစ်ခါတရံတောင်ကုန်းတောင်တန်းတွေ နှစ်ခုဆက်ထားတဲ့ နေရာတွေ ဆို မြူခိုးတွေက ယှက် သန်းနေတာကိုလည်း မြင်တွေ့ရသေးတယ်။ နေ့လယ် ခင်းဆိုပေမဲ့လည်း တောင်ပေါ်ဒေသတွေရဲ့ သဘာ၀ အတိုင်းး အေးစိမ့်နေတဲ့ လေနုအေးတွေရဲ့ ကျီစယ်မှု က နှာခေါင်းဝကို ကလူက ျီစယ် နေပြန်ကော။ ဒီလို သန့်ရှင်းလတ်ဆတ်နေတဲ့ လေနုအေး တွေက နှလုံး သားထဲထိကို စိမ့်ဝင်ရောက်ရှိသွားစေခဲ့တာပါ။ ဒါကြောင့်မို့ ဒီလို သဘာဝတရားရဲ့ လှပမှုတွေဆီကို လူတွေအရောက်သွားနေကြတာ။
ပလောင်တောင် တန်းတွေပေါ်မှာ မြူခိုးတွေက တွဲခိုနေရင်း တိမ် ပင်လယ်စိုင်တွေက အဆုပ်လိုက် အဆုပ်လိုက်နဲ့။မြူခိုးတွေကြားထဲ စုဝေးနေတဲ့ အိမ်စုအိမ်ဝေး တွေကို ပြရင်း ဟိုးမှာမြင်နေရတာက ပလောင်ရွာတွေ ပေါ့ဟု လိုက်လံပို့ပေးဆောင်ပေးတဲ့ ဦးဝါယမက စာရေးသူတို့ကို ရှင်းပြပါတယ်။
ဒီတောင်တန်းတွေ တစ်လျှောက်မှာ ပလောင် ရွာတွေပဲရှိတာ။ ရွာပေါင်းက များတော့များတယ်လို ဆိုပါတယ်။ ဒီပလောင်တောင်တန်း တွေရဲ့အကြောင်း တွေကလည်း စိတ်ဝင်စားစရာကောင်းလှတဲ့ ဒဏ္ဍာရီ တွေရှိခဲ့ဖူးတယ်လို့ဆိုပါတယ်။ အရင်ဒီတောင်တန်း တွေထဲက တစ်နေ ရာမှာ ရှင်ပြုရင် အဝတ်အစားတွေသွားငှားလို့ရတဲ့ကျောက်တံခါး ပေါက်တစ်ခုရှိတယ်လို့ ရှေးလူကြီးတွေက ပြောပြခဲ့ဖူးတယ်လို့ ဦးဝါယမက ဆိုပါတယ်။ ဒီကျောက်တံခါးမှာ ဘုန်းကြီးတစ်ပါးရှိတယ်လို့ ဆိုပါတယ်။ အဝတ်အစားတွေ သွားငှားပြီး ပြန်မပေးကြတော့ ဒီကျောက် တံခါး ဟာ ပိတ်သွားခဲ့ တာ ကြာမြင့်ခဲ့ပါပြီလို့ ဆိုပါတယ်။ ဒါကတော့ ကျွန် တော်တို့ရဲ့ ဘိုးဘေးတွေက ပြောဆိုခဲ့ကြဖူးတယ်လို့ ဦီးဝါယမက ဆိုပါတယ်။
တောက နက်တယ်။ မတ်စောက်တယ်။ထူထပ်တယ်။တောင်တန်းတွေက တဆက်တည်း ရှည် လျားတဲ့ ပလောင်တောင် တန်းတကြောတခွင်ကို အား ရပါးရ ငေးမောကြည့်ရှုခွင့်ရနေခြင်းပါ။
အဲဒီနောက်မှာ တိမ်တွေ မြူတွေ တွဲခိုနေပြီး တစုတဝေးတည်း အိမ်ကြီးအိမ်ကောင်းတွေကို ထိုး ထွက်မြင်တွေ့စေရတဲ့ နေရာကို လှမ်းမြင်လိုက်ရပါ တယ်။ ဒီနေရာက ဓာတ်ပုံရိုက်လို့ အရမ်းလှစေတဲ့ နေရာတစ်ခုပါ။ ကျောက်တစ်လုံးအောက်ရွာလို့ခေါ် တဲ့ဆုံရပ်တစ်ခုပါ။တိမ်ပင်လယ်အဆုပ်လိုက်နဲ့ လှချင်တိုင်းလှ လွန်းနေတဲ့ မြင်ကွင်းက အသက်ရှူမှားမတက်အောင် ကို လှပဖမ်းစားလွန်းလှပါတယ်။
ဒီမြင်ရတဲ့ ရွာက ရွာမရွာပေါ့၊ ဟိုးမှာမြင်နေရ တာက ရွာမရွာရဲ့ ပရိယတ်္တိစာသင်တိုက် တည်ရှိတဲ့ နေရာလို့ ဦးဝါယမက ရှင်းပြပါတယ်။ အဲဒီနောက်မှာ ရွာမရွာကို ရောက်ရှိခဲ့ပါပြီ။ ဒီရွာမရွာဆိုရင် ပလောင် အိမ်ခြေ ၄၀ ကျော်လောက်သာ တည်ရှိတဲ့ရွာဖြစ်တာမို့ ကျစ်ကျစ်လစ်လစ်နဲ့ စုစည်းထားတဲ့ ရွာလေးလို့ဆိုရ ပါမယ်။
တိမ်ပင်လယ်တွေကြားထဲက တည်ရှိနေတဲ့ ရွာ လေးဆိုရင်လည်း မမှားပါဘူး၊ တိမ်တွေကို မှေးခိုရင်း ပလောင်အိမ်တွေက လှပသပ်ရပ်ပြီး တည်ရှိနေတယ် လို့ ဆိုနိုင်ပါတယ်။ လက်ဖက်နဲ့ လိမေ်္မာ်စိုက်ခင်း တွေကို သာ အဓိကစိုက်ပျိုးကြတဲ့ ရွာလေးဖြစ်ပါတယ်။ မီးရှိပေ မဲ့ ချက်ပြုတ်စားသောက်နိုင်တဲ့ အနေအထားမဟုတ် ပါဘူး။ အလင်းရောင်ရဖို့အတွက်သာ လုံလောက် စေတာပါ ။ ဒီတောင်တန်း တွေကရတဲ့ လက်ဖက်က ပိုပြီးအရသာကောင်းမွန်တယ်လို့ ဆိုပါတယ်။
ရွာမရွာကနေမှ မိုးလုံးဟိန်းတောင်ကို သွား ရောက်နိုင်သလို အရှေ့မြင် အနောက်မြင်တောင်ဆီကိုလည်းခရီးဆက်လှမ်းနိုင်ပါသေးတယ်။
တောင်ဇလပ်ပန်းအနီတွေ၊ တောင်ဇလပ်အဖြူ တွေကို တဝကြီးမြင် တွေ့စေရနိုင်မယ့် တောင်တန်း လည်းဖြစ်တာမို့ ပင်းတယကို ရောက်ပြီဆိုရင် ဒီတောင် တန်းတွေဆီကို ရောက်အောင်သွား သင့်တဲ့နေရာတစ်ခု လို့ဆိုချင်ပါတယ်။ ဆောင်းတွင်းနဲ့ နွေရာသီဆိုရင် ရာသီဥတုကောင်းမွန်စေပြီး လှပလွန်းစေမယ့် မြင်ကွင်း မျိုးတွေကို မြင်တွေ့ရစေမယ်လို့ ပင်းတယဟိုတယ်ဇုန် ဥက်္ကဋ္ဌ ဦးကျော်ထွေးက ဆိုပါတယ်။
စာရေးသူတို့ဟာ ရွာမရွာကနေမှအပြန် ယမ်း တွင်းရွာဘက်ခြမ်းကနေ လှည့်ပြန်လာခဲ့ပါတယ်။ အသွားက လမ်းကြောင်းတကြောင်း၊ အပြန်လမ်းက တကြောင်းနဲ့ ပလောင်တောင်တန်းတကြောကို ခြေ ဆန့်ခဲ့ခြင်းပါပဲ။
ယမ်းတွင်းရွာ ဒီရွာကလည်းပလောင်တွေ ချည်းပါပဲ။ ရိုးရာဝတ်စုံတွေနဲ့ ရွာထဲဝင်လာတဲ့ကားကို ရပ်ကြည့်ငေးမောနေတဲ့ ရိုးသားလှတဲ့ ပလောင်လုံမ ငယ်တွေ၊ အမျိးသမီးကြီးတွေ၊ ကလေးငယ်တွေကို တွေ့မြင်ရပါတယ်။ သူတို့မျက်နှာပေါ်က ချစ်ခင်ရင်းနှီး မှုအပြုံးတွေက အသက်ဝင်လှပါတယ်။ လိုက်လံပို့ ဆောင်ပေးတဲ့ ဦးဝါယမရဲ့ ညီမဝမ်းကွဲနေတဲ့ အိမ်မှာ ခဏဝင်နားရင်း ရိုးရာဝတ်စုံဝတ်ကြည့်ရင်း ဓာတ်ပုံ ရိုက်လို့ရတယ် ပြောတာကြောင့် အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ ရိုးသားပျူဌာလှတဲ့ ပလောင်အိမ်ရှင် တွေရဲ့ နွေးထွေးဧည့်ဝတ်ကျေပွန်မှုကိုတော့ မမေ့နိုင် ပါဘူး။ ယမ်းတွင်းရွာ ကနေ ပြန်ထွက်လာတော့ ညနေ ၅ နာရီနဲ့ ၁၁ မိနစ်ဝန်းကျင်ရှိနေပါပြီ။
တောင်ခြေကိုပြန်ဆင်းလာတဲ့လမ်းတလျှောက် ရှုခင်းက တိမ်နံရံတေ ွဘေးနားက နေဖြတ်သွားရသလို ပါပဲ။ မြူတွေ အုံ့ဆိုင်းနေပြီး မြင့်မားစွာပေါက်နေတဲ့ ထင်းရှုးပင်တွေ၊ ဝါးပိုးဝါးပင်တွေက ခပ်စိပ်စိပ်နဲ့။ မြူ တွေဆိုင်းနေတဲ့ တောင်တန်းတကြောရဲ့အလှမှာ ငေး မောရင်း မြူခိုးတွေ လွမ်းခြုံနေတဲ့ အရပ်ကနေ ပြန် လာခဲ့ပါတော့တယ်။