စွန့်ဦးတီထွင် ကြာသင်္ကန်း ရက်လုပ်ခဲ့တဲ့ ကျိုင်းခမ်းရွာ

ကြာသင်္ကန်းကို အစောဆုံး စတင် ရက်လုပ်ကိုင်ခဲ့တဲ့ ရွာလေးဆိုရင်လည်း မမှားပါဘူး။ ကျို​င်းခမ်းရွာနေ လက်မှု တတ်ကျွမ်းတဲ့ အသက် ၅၀ ဝန်းကျင် ရှိတဲ့ ဒေါ် စောဥ (သို့) ဒေါ်ကြာဥ ဆိုတဲ့ အမျိုးသမီး ကြီး ကနေ စတင် ရက် ...

#မော်ကျွန်းသူ

မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင်သူလုပ်ငန်းရှင်တွေဟာ နယ်ပယ် အသီးသီးမှာ ရှိနေကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ ခန့်ကတည်းက စွန့်ဦး တီထွင်ပြီး ကြာသင်္ကန်း ရက်လုပ်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ် အင်းယားကျေးရွာအုပ်စု ထဲမှာ ပါဝင်တဲ့ ကျိုင်းခမ်း အရှေ့ ရွာ ကလေးဆီကို စာရေးသူဟာ ၂၀၁၉ ဒီဇင်ဘာ ဒုတိယ ပတ်မှာ ရောက်ဖြစ် ခဲ့ပါတယ်။

ဒီရွာဟာ ကြာသင်္ကန်းကို အစောဆုံး စတင် ရက်လုပ်ကိုင်ခဲ့တဲ့ ရွာလေးဆိုရင်လည်း မမှားပါဘူး။ ကျို​င်းခမ်းရွာနေ လက်မှု တတ်ကျွမ်းတဲ့ အသက် ၅၀ ဝန်းကျင် ရှိတဲ့ ဒေါ် စောဥ (သို့) ဒေါ်ကြာဥ ဆိုတဲ့ အမျိုးသမီး ကြီး
ကနေ စတင် ရက်လုပ် ခဲ့ရာမှ ယနေ့ထိတိုင် ကြာ သင်္ကန်း ရက်လုပ်နေဆဲ ရွာ ထိ ထင်ပေါ်ကျော်ကြားနေခြင်းပဲ ဖြစ်ပါတယ်။ အဘွား ဒေါ်ကြာဥ စတင်ထုတ်လုပ်ခဲ့တဲ့အချိန်က အင်းလေးကန်ရဲ့ အနောက်မြောက်ဘက်မှာ ရွှေဥဒေါင်းတောင် ဆရာတော် ထင်ရှားကျော်စောရှိနေချိန်မှာ အဘွားဒေါ်ကြာဥဟာ သူမ ကိုယ်တိုင် ရက်လုပ်ခဲ့တဲ့ ပဒုမ္မာ ကြာသင်္ကန်းကို ရွှေဥဒေါင်းတောင် ဆရာတော်ကြီးကို ဦးစွာ ပထမလှူ ဒါန်းခဲ့တယ်လို့ အောင်စကြာ ကြာသင်္ကန်းဆိုင်ပိုင်ရှင် ဒေါ်ခင်မျိုးဝင်း က ပြောပြပါတယ်။ ထပ်မံရရှိလာတဲ့ ကြာသင်္ကန်း တွေကို လည်း
အင်းလေးဒေသမှာ ဒေသစာရီကြွချီတော်မူ လာတဲ့ အင်းလေးဖောင်တော်ဦးမြတ်စွာ ဘုရားကို လှူ ဒါန်းပူဇော်ခဲ့ပါသေးတယ်။

တိမ်မြှုပ်ပျောက်ကွယ်တော့မယ့်ပဒုမ္မာကြာချည်ထည်ရက်လုပ်ခြင်းကိုဆက်လက်အမွေခံ

ကြာသင်္ကန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုလာရင်း အဘွား ဒေါ်ကြာဥ ကွယ်လွန်ပြီးသွားတဲ့နောက်မှာ ကြာသင်္ကန်း လုပ်ငန်းဟာ ပျောက်ကွယ် လုနီးပါး
ဖြစ်ခဲ့ပါတယ်။ ဒီလို ပျောက်ကွယ်လုနီးပါး ကို အဘွားဒေါ်ကြာဥနဲ့ အိမ်နီးနားချင်းဖြစ်သူ ဦးထွန်းရီ ဒေါ်အုန်းကြည် မိသားစုကနေ ပဒုမ္မာကြာ ချည်ထည် ရက်လုပ်ခြင်း လုပ်ငန်းကို မပျောက်မပျက်စေအောင် လက်ဆင့် ကမ်း ထိန်းသိမ်း လုပ်ကိုင်ခဲ့တာ ဒီကနေ့ ထိဖြစ်ပါတယ်။

မိုးရာသီမှာကြာသင်္ကန်းထုတ်လုပ်နိုင်

လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့တဲ့ ပဒုမ္မာကြာ ချည် ထည် ရက်လုပ် ခြင်း လုပ်ငန်းကနေ ပဒုမ္မာကြာသင်္ကန်း ထုတ်လုပ်မှု သမဝါယမအသင်းလီမိတက် တစ်ခုကို ဖွဲ့စည်းခဲ့ပြီးစနစ် တကျ ထုတ် လုပ်ကာ လုပ်ကိုင်လာခဲ့ကြပါတယ်။ ကြာသင်္ကန်း ထုတ်လုပ်တဲ့ အချိန်ကာလကလည်း တစ်နှစ်မှာ ၆ လသာ ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။ ကြာရိုးအပင်ပေါင်း နှစ်သိန်း နှစ်သောင်း ကုန်ကျပြီးမှသာ ဝိနည်းနဲ့အညီ ချုပ်လုပ်ထားတဲ့ကြာ သင်္ကန်း
တစ်စုံ ကို ရရှိမှာဖြစ်ပြီး ရက်ပေါင်း ၃၀ ခန့် အချိန် ပေးရ ပါတယ်။ မိုးရာသီ ဖြစ်တဲ့ ဇွန်လကနေ စတင်ပြီး နိုဝင် ဘာလအထိ ကြာသင်္ကန်း ထုတ်လုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ မိုးရာသီကာလတွေမှာ ကြာပင်တွေ ပိုပေါက်တာမို့ အဲဒီကာလတွေ ပိုပြီး ထုတ်လုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

ပဒုမ္မာကြာရဲ့ထူးခြားချက်

အင်းလေးဒေသမှာသာ ထွက် ရှိတဲ့ သဘာဝပေါက်ပင်တစ်ခုဖြစ်တဲ့ ပဒုမ္မာကြာပင်ကနေ ရရှိလာတဲ့ ကြာချည်မျှင်တွေကို ပဒုမ္မာကြာသင်္ကန်း ဖြစ်လာအောင် ထုတ်လုပ်တာ ပဲဖြစ်ပါတယ်။ အင်းလေးကန် တခွင် မှာ ပေါက် ရောက် နေတဲ့ ပဒုမ္မာကြာပင် တွေကို ခူးယူ စုဆောင်းတာ လုပ်ပြီးတဲ့ နောက်အမျှင် ထုတ်လုပ်ကာ ကြာချည် မျှင်အဖြစ် ပြုလုပ်တာပဲဖြစ်ပါတယ်။ ပဒုမ္မာကြာ ချည်ထည်ရဲ့ ထူးခြားချက်က ပဒုမ္မာကြာပန်းရနံ့မွှေးကြိုင်ပြီး ဆောင်းရာသီ မှာ ဝတ်ဆင်တဲ့ အခါ မှာ နွေးထွေးမှု ရှိပြီး နွေရာသီမှာ ဝတ်ဆင်တဲ့အခါ မှာတော့ အေးမြတယ်လို့ ဆိုပါတယ်။ ဒီလိုရရှိလာတဲ့ကြာချည်မျှင်တွေကို အဆင့်ဆင့်ခိုင်ခန့်အောင် ပြုလုပ်ပြီးတဲ့နောက်မှာ ကြာ ချည်မျှင်တွေကို ရက်ကန်းစင်ပေါ်တင်ပြီး ရက်လုပ်လာခြင်းပဲ ဖြစ်ပါတယ်။

ယနေ့တိုင်ရက်လုပ်နေဆဲပါ

လက်ရှိအချိန်ထိ ကြာသင်္ကန်းစတင် ရက်လုပ်လာတဲ့ ကျိုင်းခမ်းရွာဟာ အိမ်ခြေ ၇၀ ကျော် ဟာ ယနေ့တိုင် ကြာသင်္ကန်း ရက်လုပ်နေဆဲပါပဲ။ ကျိုင်းခမ်းရွာဟာ အရှေ့ အနောက် တောင် စသဖြင့်ရှိပြီး စွန့်ဦးတီတွင်လုပ်ကိုင်ခဲ့တဲ့ အဘွား ဒေါ် ကြာဥအိမ်ကတော့ မြောက် ဘက် မှာ ရှိပါတယ်။ လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့တဲ့ အဘွားဒေါ်အုန်းကြည်ဟာ ဒီကနေ့ထိ ပါပဲ။ ကြာရိုးအစူး ထုတ်တာကို အဘွားဒေါ်ကြာဥ ဆီကနေ သင်ယူခဲ့တာဖြစ်ပြီး နောက်ပိုင်း ရက်ကန်းခတ်တာကိုပါ လုပ်ကိုင်ခဲ့တယ်လို့ အဘွား ဒေါ်အုန်းကြည်က ပြောပြ ပါတယ်။ လက်ရှိမှာတော့ အောင်စကြာကြာ သင်္ကန်း ရက်လုပ်တဲ့ ရုံကနေ ၁၀၀ ရာခိုင်နှုန်း ကြာနဲ့ လုပ်ထားတဲ့ ကြာ လက်ကောက် ပုံစံ အမျိုးမျိုး ထုတ်လုပ်ထားသလို ကြာရိုးတွေကနေကြာချည်ထုတ်ကာ ကြာသင်္ကန်းနဲ့ပုဝါ အမျိုးမျိုး ကိုလည်း ထုတ်လုပ် ရောင်းချပြီး သဘာဝဆေးဆိုး အရောင်တွေနဲ့ ရက်လုပ်ထားတဲ့ ပုဝါ မျိုးစုံတွေကို ဝယ်ယူသူ အကြိုက် တွေ့စေပါတယ်။

ဟိုးအရင် ကာ လတွေမှာတော့ ဘုရားသင်္ကန်း ကပ် ဖို့အတွက် တစ်နှစ်နေမှ ဘုရားငါးဆူအတွက် သာ သင်္ကန်း တစ်စုံကို ထုတ်လုပ်နိုင်ခဲ့တဲ့ ဒီသင်္ကန်း ပုံစံကို လည်း ရိုးရာမပြတ် လက်ဆင့် ကမ်း ထိန်းသိမ်းလာ ခဲ့တယ်လို့ ဒေါ်ခင်မျိုးဝင်းက ပြောပြပါတယ်။ ဖောင်တော်ဦး ဘုရားသင်္ကန်း ကို အဆင်သင့် ကပ်လှူ နိုင်အောင် ရည်ရွယ် ထုတ် လုပ်ထားတာ ဖြစ်သလို ရိုးရာမပြတ် လက် ဆင့်ကမ်းထိန်းသိမ်းလာတဲ့ ချစ်စရာဓလေ့တစ်ခု လည်း ဖြစ်ပါတယ်။

ဒါမို့ ကြာသင်္ကန်း စတင် ရက်လုပ်လာခဲ့ တဲ့ စွန့်ဦးတီတွင်သူ ဖြစ်သူ ဒေါ် ​စောဥ (သို့) ဒေါ်ကြာဥ နေထိုင် ခဲ့တဲ့ ရွာ ။
တစ်ရွာလုံး ကြာသင်္ကန်း ရက် လုပ်နေတဲ့ ကျိုင်းခမ်း ရွာလေးဆီ ကို အလည်ပတ်ရောက်ခဲ့ပြီး တည်တည်ငြိမ်ငြိမ် ဝင့်ကြွားခန့်ထည် စွာနဲ့ အင်းရေပြင်ထက်မှာ ရွာငယ်လေး ဟာ တိတ်ဆိတ်စွာ ကျန်နေခဲ့ပါတော့တယ်။

#ZawgyiVersion

ျမန္မာနိုင္ငံမွာ စြန့္ဦးတီထြင္သူလုပ္ငန္းရွင္ေတြဟာ နယ္ပယ္ အသီးသီးမွာ ရွိေနၾကပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၉၀ ခန႔္ကတည္းက စြန႔္ဦး တီထြင္ၿပီး ၾကာသကၤန္း ရက္လုပ္ခဲ့တဲ့ ရွမ္းျပည္နယ္ေတာင္ပိုင္း ၊ေညာင္ေ႐ႊၿမိဳ႕နယ္ အင္းယားေက်း႐ြာအုပ္စု ထဲမွာ ပါဝင္တဲ့ က်ိဳင္းခမ္း အေရွ႕ ႐ြာ ကေလးဆီကို စာေရးသူဟာ ၂၀၁၉ ဒီဇင္ဘာ ဒုတိယ ပတ္မွာ ေရာက္ျဖစ္ ခဲ့ပါတယ္။

ဒီ႐ြာဟာ ၾကာသကၤန္းကို အေစာဆုံး စတင္ ရက္လုပ္ကိုင္ခဲ့တဲ့ ႐ြာေလးဆိုရင္လည္း မမွားပါဘူး။ က်ိဳင္းခမ္း႐ြာေန လက္မႈ တတ္ကြၽမ္းတဲ့ အသက္ ၅၀ ဝန္းက်င္ ရွိတဲ့ ေဒၚ ေစာဥ (သို႔) ေဒၚၾကာဥ ဆိုတဲ့ အမ်ိဳးသမီး ႀကီး
ကေန စတင္ ရက္လုပ္ ခဲ့ရာမွ ယေန႕ထိတိုင္ ၾကာ သကၤန္း ရက္လုပ္ေနဆဲ ႐ြာ ထိ ထင္ေပၚေက်ာ္ၾကားေနျခင္းပဲ ျဖစ္ပါတယ္။ အဘြား ေဒၚၾကာဥ စတင္ထုတ္လုပ္ခဲ့တဲ့အခ်ိန္က အင္းေလးကန္ရဲ႕ အေနာက္ေျမာက္ဘက္မွာ ေ႐ႊဥေဒါင္းေတာင္ ဆရာေတာ္ ထင္ရွားေက်ာ္ေစာရွိေနခ်ိန္မွာ အဘြားေဒၚၾကာဥဟာ သူမ ကိုယ္တိုင္ ရက္လုပ္ခဲ့တဲ့ ပဒုမၼာ ၾကာသကၤန္းကို ေ႐ႊဥေဒါင္းေတာင္ ဆရာေတာ္ႀကီးကို ဦးစြာ ပထမလႉ ဒါန္းခဲ့တယ္လို႔ ေအာင္စၾကာ ၾကာသကၤန္းဆိုင္ပိုင္ရွင္ ေဒၚခင္မ်ိဳးဝင္း က ေျပာျပပါတယ္။ ထပ္မံရရွိလာတဲ့ ၾကာသကၤန္း ေတြကို လည္းအင္းေလးေဒသမွာ ေဒသစာရီႂကြခ်ီေတာ္မူ လာတဲ့ အင္းေလးေဖာင္ေတာ္ဦးျမတ္စြာ ဘုရားကို လႉ ဒါန္းပူေဇာ္ခဲ့ပါေသးတယ္။

တိမ္ျမႇုပ္ေပ်ာက္ကြယ္ေတာ့မယ့္ပဒုမၼာၾကာခ်ည္ထည္ရက္လုပ္ျခင္းကိုဆက္လက္အေမြခံ

ၾကာသကၤန္းနဲ႕ အသက္ေမြးဝမ္းေက်ာင္း ျပဳလာရင္း အဘြား ေဒၚၾကာဥ ကြယ္လြန္ၿပီးသြားတဲ့ေနာက္မွာ ၾကာသကၤန္း လုပ္ငန္းဟာ ေပ်ာက္ကြယ္ လုနီးပါးျဖစ္ခဲ့ပါတယ္။ ဒီလို ေပ်ာက္ကြယ္လုနီးပါး ကို အဘြားေဒၚၾကာဥနဲ႕ အိမ္နီးနားခ်င္းျဖစ္သူ ဦးထြန္းရီ ေဒၚအုန္းၾကည္ မိသားစုကေန ပဒုမၼာၾကာ ခ်ည္ထည္ ရက္လုပ္ျခင္း လုပ္ငန္းကို မေပ်ာက္မပ်က္ေစေအာင္ လက္ဆင့္ ကမ္း ထိန္းသိမ္း လုပ္ကိုင္ခဲ့တာ ဒီကေန႕ ထိျဖစ္ပါတယ္။

မိုးရာသီမွာၾကာသကၤန္းထုတ္လုပ္နိုင္

လက္ဆင့္ကမ္းထိန္းသိမ္းလာခဲ့တဲ့ ပဒုမၼာၾကာ ခ်ည္ ထည္ ရက္လုပ္ ျခင္း လုပ္ငန္းကေန ပဒုမၼာၾကာသကၤန္း ထုတ္လုပ္မႈ သမဝါယမအသင္းလီမိတက္ တစ္ခုကို ဖြဲ႕စည္းခဲ့ၿပီးစနစ္ တက် ထုတ္ လုပ္ကာ လုပ္ကိုင္လာခဲ့ၾကပါတယ္။ ၾကာသကၤန္း ထုတ္လုပ္တဲ့ အခ်ိန္ကာလကလည္း တစ္ႏွစ္မွာ ၆ လသာ ထုတ္လုပ္နိုင္တာ ျဖစ္ပါတယ္။ ၾကာရိုးအပင္ေပါင္း ႏွစ္သိန္း ႏွစ္ေသာင္း ကုန္က်ၿပီးမွသာ ဝိနည္းနဲ႕အညီ ခ်ဳပ္လုပ္ထားတဲ့ၾကာ သကၤန္းတစ္စုံ ကို ရရွိမွာျဖစ္ၿပီး ရက္ေပါင္း ၃၀ ခန႔္ အခ်ိန္ ေပးရ ပါတယ္။ မိုးရာသီ ျဖစ္တဲ့ ဇြန္လကေန စတင္ၿပီး နိုဝင္ ဘာလအထိ ၾကာသကၤန္း ထုတ္လုပ္နိုင္ျခင္းပဲ ျဖစ္ပါတယ္။ မိုးရာသီကာလေတြမွာ ၾကာပင္ေတြ ပိုေပါက္တာမို႔ အဲဒီကာလေတြ ပိုၿပီး ထုတ္လုပ္နိုင္ျခင္းပဲ ျဖစ္ပါတယ္။

ပဒုမၼာၾကာရဲ႕ထူးျခားခ်က္

အင္းေလးေဒသမွာသာ ထြက္ ရွိတဲ့ သဘာဝေပါက္ပင္တစ္ခုျဖစ္တဲ့ ပဒုမၼာၾကာပင္ကေန ရရွိလာတဲ့ ၾကာခ်ည္မွ်င္ေတြကို ပဒုမၼာၾကာသကၤန္း ျဖစ္လာေအာင္ ထုတ္လုပ္တာ ပဲျဖစ္ပါတယ္။ အင္းေလးကန္ တခြင္ မွာ ေပါက္ ေရာက္ ေနတဲ့ ပဒုမၼာၾကာပင္ ေတြကို ခူးယူ စုေဆာင္းတာ လုပ္ၿပီးတဲ့ ေနာက္အမွ်င္ ထုတ္လုပ္ကာ ၾကာခ်ည္ မွ်င္အျဖစ္ ျပဳလုပ္တာပဲျဖစ္ပါတယ္။ ပဒုမၼာၾကာ ခ်ည္ထည္ရဲ႕ ထူးျခားခ်က္က ပဒုမၼာၾကာပန္းရနံ႕ေမႊးႀကိဳင္ၿပီး ေဆာင္းရာသီ မွာ ဝတ္ဆင္တဲ့ အခါ မွာ ႏြေးေထြးမႈ ရွိၿပီး ႏြေရာသီမွာ ဝတ္ဆင္တဲ့အခါ မွာေတာ့ ေအးျမတယ္လို႔ ဆိုပါတယ္။ ဒီလိုရရွိလာတဲ့ၾကာခ်ည္မွ်င္ေတြကို အဆင့္ဆင့္ခိုင္ခန႔္ေအာင္ ျပဳလုပ္ၿပီးတဲ့ေနာက္မွာ ၾကာ ခ်ည္မွ်င္ေတြကို ရက္ကန္းစင္ေပၚတင္ၿပီး ရက္လုပ္လာျခင္းပဲ ျဖစ္ပါတယ္။

ယေန႕တိုင္ရက္လုပ္ေနဆဲပါ

လက္ရွိအခ်ိန္ထိ ၾကာသကၤန္းစတင္ ရက္လုပ္လာတဲ့ က်ိဳင္းခမ္း႐ြာဟာ အိမ္ေျခ ၇၀ ေက်ာ္ ဟာ ယေန႕တိုင္ ၾကာသကၤန္း ရက္လုပ္ေနဆဲပါပဲ။ က်ိဳင္းခမ္း႐ြာဟာ အေရွ႕ အေနာက္ ေတာင္ စသျဖင့္ရွိၿပီး စြန႔္ဦးတီတြင္လုပ္ကိုင္ခဲ့တဲ့ အဘြား ေဒၚ ၾကာဥအိမ္ကေတာ့ ေျမာက္ ဘက္ မွာ ရွိပါတယ္။ လက္ဆင့္ကမ္းထိန္းသိမ္းလာခဲ့တဲ့ အဘြားေဒၚအုန္းၾကည္ဟာ ဒီကေန႕ထိ ပါပဲ။ ၾကာရိုးအစူး ထုတ္တာကို အဘြားေဒၚၾကာဥ ဆီကေန သင္ယူခဲ့တာျဖစ္ၿပီး ေနာက္ပိုင္း ရက္ကန္းခတ္တာကိုပါ လုပ္ကိုင္ခဲ့တယ္လို႔ အဘြား ေဒၚအုန္းၾကည္က ေျပာျပ ပါတယ္။ လက္ရွိမွာေတာ့ ေအာင္စၾကာၾကာ သကၤန္း ရက္လုပ္တဲ့ ႐ုံကေန ၁၀၀ ရာခိုင္ႏႈန္း ၾကာနဲ႕ လုပ္ထားတဲ့ ၾကာ လက္ေကာက္ ပုံစံ အမ်ိဳးမ်ိဳး ထုတ္လုပ္ထားသလို ၾကာရိုးေတြကေနၾကာခ်ည္ထုတ္ကာ ၾကာသကၤန္းနဲ႕ပုဝါ အမ်ိဳးမ်ိဳး ကိုလည္း ထုတ္လုပ္ ေရာင္းခ်ၿပီး သဘာဝေဆးဆိုး အေရာင္ေတြနဲ႕ ရက္လုပ္ထားတဲ့ ပုဝါ မ်ိဳးစုံေတြကို ဝယ္ယူသူ အႀကိဳက္ ေတြ႕ေစပါတယ္။

ဟိုးအရင္ ကာ လေတြမွာေတာ့ ဘုရားသကၤန္း ကပ္ ဖို႔အတြက္ တစ္ႏွစ္ေနမွ ဘုရားငါးဆူအတြက္ သာ သကၤန္း တစ္စုံကို ထုတ္လုပ္နိုင္ခဲ့တဲ့ ဒီသကၤန္း ပုံစံကို လည္း ရိုးရာမျပတ္ လက္ဆင့္ ကမ္း ထိန္းသိမ္းလာ ခဲ့တယ္လို႔ ေဒၚခင္မ်ိဳးဝင္းက ေျပာျပပါတယ္။ ေဖာင္ေတာ္ဦး ဘုရားသကၤန္း ကို အဆင္သင့္ ကပ္လႉ နိုင္ေအာင္ ရည္႐ြယ္ ထုတ္ လုပ္ထားတာ ျဖစ္သလို ရိုးရာမျပတ္ လက္ ဆင့္ကမ္းထိန္းသိမ္းလာတဲ့ ခ်စ္စရာဓေလ့တစ္ခု လည္း ျဖစ္ပါတယ္။

ဒါမို႔ ၾကာသကၤန္း စတင္ ရက္လုပ္လာခဲ့ တဲ့ စြန႔္ဦးတီတြင္သူ ျဖစ္သူ ေဒၚ ေစာဥ (သို႔) ေဒၚၾကာဥ ေနထိုင္ ခဲ့တဲ့ ႐ြာ ။
တစ္႐ြာလုံး ၾကာသကၤန္း ရက္ လုပ္ေနတဲ့ က်ိဳင္းခမ္း ႐ြာေလးဆီ ကို အလည္ပတ္ေရာက္ခဲ့ၿပီး တည္တည္ၿငိမ္ၿငိမ္ ဝင့္ႂကြားခန့္ထည္ စြာနဲ႕ အင္းေရျပင္ထက္မွာ ႐ြာငယ္ေလး ဟာ တိတ္ဆိတ္စြာ က်န္ေနခဲ့ပါေတာ့တယ္။

PhotoTravelling journal

kyaingkhamvillage