ခရုခွံတွေ ချစ်တဲ့ တာဝန်သိ ခရီးသွားချစ်သူ ဖြစ်ပါစေ

အောင်ဖြိုးဦး ( ကော့သောင်း ) ပင်လယ် ကမ်းခြေတွေကို ရောက်တဲ့အခါမှာ ကမ်းခြေ သောင်ပြင်မှာ ဒီရေလှိုင်းတွေ ရိုက် ပုတ်မှုကြောင့် သောင် ပြင် တလျောက် တင်ကျန်နေတဲ့ ခရုခွံလေးတွေ၊ သဘာဝအလျှောက် သောင်ပြင်မှာ နေထ ...

အောင်ဖြိုးဦး ( ကော့သောင်း )

ပင်လယ် ကမ်းခြေတွေကို ရောက်တဲ့အခါမှာ ကမ်းခြေ သောင်ပြင်မှာ ဒီရေလှိုင်းတွေ ရိုက် ပုတ်မှုကြောင့် သောင် ပြင် တလျောက် တင်ကျန်နေတဲ့ ခရုခွံလေးတွေ၊ သဘာဝအလျှောက် သောင်ပြင်မှာ နေထိုင်ကျက်စားတဲ့ ဝင်ကစွပ် လေးတွေဟာ လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည် တွေကို ပုံစံအမျိုးမျိုးနဲ့ဆွဲဆောင်နေကြပါတယ်။

လှတာမြင်ရင် လူသားတွေရဲ့သဘောဆန္ဒအရကောက်ယူသိမ်းဆည်းချင်ကြတဲ့ အကျင့်စရိုက်ကလဲတော် တော်များများကို တားမရဖျောက်မရတဲ့အနေအထားတစ်ခုပါ။

#ဒီလိုခရုခွံလေးတွေကို ဘာလို့မကောက်ခိုင်းတော့သလဲ

ဒီလို ခရုခွံလေးတွေကို ဘာလို့မကောက်ခိုင်းကြတာလဲလို့ စူးစမ်းတဲ့အသိစိတ်နဲ့ ခရီးသွားတွေ မေးမြန်းလာခဲ့တဲ့အခါ မှာ ခရုခွံလေးအတွင်းမှာ နေထိုင်တဲ့ ရေနေ သတ္တဝါ

တွေ သူတို့ရဲ့ခန္ဓာကိုယ် ကြီးထွားမှုအလိုက်ပြောင်းလဲနေထိုင်ရန် ဒီ ခရုခွံလေးတွေကို လိုအပ်နေတာကြောင့် မို့ပဲ ဖြစ်ပါတယ်။

ဒေသခံဧည့်လမ်းညွှန်အနေနဲ့ ကိုယ့်ရဲ့ခရီးသွားဧည့်သည်ကို စိတ်ကျေနပ်မှုပေးနိုင်ဖို့ အဓိက ကျပါတယ်။

ခရီးသွားဧည့်သည်ကို ရှင်းပြတဲ့အခါမှာ သူ့တို့ နားလည်ပေါက်နိုင်မဲ့ စကားလုံးအသုံးအနှုန်းမျိုးကို ရွေးချယ်သုံးစွဲပြီး ဖြေကြားပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာ ECOTOURISM ရဲ့အခန်းကဏ္ဏ က စာတွေ့အသိကို လက်တွေ့အသိနဲ့ ပေါင်းစပ်ပြီး သဘာဝအကျဆုံး

ရှင်းပြနိုင်ဖို့ လိုတယ်ဆိုတာပါပဲ။ ပြင်ပကနေ လေ့လာထားတဲ့ KNOWLEDGE တွေကိုပါ ထည့်သွင်းအသုံးချတတ်ရမှာဖြစ်တယ်။ မဟုတ်ရင် ဒီဧည့်လမ်းညွှန် ဟာလမ်းပြအဆင့်သာရှိတယ်လို့ ယူဆလို့ရပါတယ်။

#ခရုခွံတစ်ခွံက ဘာကြောင့် အရေးကြီးသလဲ

ခရုခွံတစ်ခွံရဲ့ ကျွန်တော်တို့ သတိမထားမိတဲ့ အရေးပါပုံ အကြောင်းကို စဉ်းစားတဲ့အခါမှာ ပင်လယ် ရေမှော်အကြောင်းကို သင်ကြားပြသတဲ့ ပါမောက္ခ(ဌာနမှုး) တစ်ယောက်ရဲ့ စာသင်ချိန်မှာ ထည့်သွင်း သင်ကြား တဲ့ ခရုခွံတစ်ခုရဲ့ အရေးပါပုံအကြောင်းကို ခေါင်းထဲ ပြန်ပေါ်လာမိတယ်။ ဆရာကြီးရဲ့ Professional Mail Field က Seaweed ပေါ့။ ဆရာကြီးဟာ သုတေသနလုပ်ငန်းတွေမှာ အမြဲအစဉ်တစိုက် ကြိုးစားခဲ့သလို ရေမှော်ရေညှိတွေ အပိုင်းမှာ ဂုရု တစ်ဉီးအဖြစ်နဲ့မြန်မာပြည်တွင်းမှာသာမက တခြားနိုင်ငံတော်တော်များများတွေမှာလဲနာမည်တစ်ခုပေါက် မြောက် ပြီးထင်ရှားတဲ့သူတစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့ဘဝတစ်ခုကို သုတေသနလုပ်ငန်းစဉ်တွေမှာ အားထည့်လုပ်ကိုင်ရင်း နဲ့ဂျပန်နိုင်ငံရဲ့ ဖိတ်ကြားတဲ့ ပညာသင်တွေ အစည်းအဝေးတွေ SEMINAR တွေကိုအခါအခွင့်ကြုံသလိုတက်ရ သွားရတဲ့အခါတွေရှိခဲ့ပါတယ်။​ ဂျပန်ကိုရောက်တဲ့အခါ ဂျပန်နိုင်ငံမှာစီးပွားဖြစ်စိုက်ပျိုးမွေးမြူပြီး စားသောက်ကြတဲ့ ပင်လယ်ရေညှိ ရေမှော်တစ်မျိုး (ရေမှော်အမျိုးအစားနာမည်မမှတ်မိတော့ပါ)ကိုသူလေ့လာခွင့်ရတာပေါ့။ အဲ့ဒီရေညှိရဲ့ စိုက်ပျိုးမွေးမြူတဲ့စနစ်ကိုလေ့လာတဲ့အခါ မြန်မာပြည်မှာလဲတွေ့ရတဲ့မျိုးစိတ်တစ်မျိုးဖြစ်နေတာတွေ့ရပါတယ်။

ဒါပေမယ့်မြန်မာပြည်ထဲမှာက အရမ်းနည်းပြီး သူတို့နိုင်ငံမှာကျ ဘာလို့စိုက်ပျိုးဖြစ်ထွန်းပြီး စီးပွား ဖြစ်လောက်အောင် မွေးမြူဖြစ်ထွန်းကြသလဲဆိုတာ ကို ဆရာကြီးက ဆက်လေ့လာဖြစ်ခဲ့တယ်။ မြန်မာပြည်ပြန်ရောက်တဲ့အခါမှာ LAB ထဲမှာ ဂျပန်နိုင်ငံရဲ့ ENVIRONMENTAL FACTOR တွေအတိုင်းပြင်ဆင်ပြီးတော့ မွေးပေမယ့် မဖြစ်ထွန်းဘူး။ ENVIRONMENTAL FACTOR တွေဆိုတာကတော့ (Temperature, Dissolve Oxygen, PH, Salinity, အစရှိသဖြင့် အများကြီးပေါ့) နောက်ဆုံးမှာ SPORE တွေဖောက်တဲ့အခါမှာ လုံးဝ မထွက်လာဘူး ထွက်လာတဲ့ SPORE လေးတွေကလဲ သေသွားတာပေါ့။ တခြားနည်းလမ်းတွေနဲ့အမျိုးမျိုးစမ်းသပ်တဲ့အဆုံးမရတာနဲ့ နောက်တစ်ခေါက် သူတို့နိုင်ငံကိုပြန်ရောက်တဲ့အခါ လျှို့ဝှက်ချက်တစ်ခုကို သတိထားမိရင်း တွေ့သွားခဲ့ပါတယ်။

အဲ့ဒါက ဘာလဲဆိုရင် ဂျပန်နိုင်ငံရဲ့ ပင်လယ်ပြင်ထဲက ရေညှိစိုက်ပျိုးရေး FARM တွေထဲမှာ ကြိုးတန်းတွေမှာ ခရုခွံအစစ်တွေကို တွဲချည်ထားတာကို တွေ့သွားပါတယ်။ ပင်လယ်ထဲက စိုက်ပျိုးရေး FARM အခင်းတွေမှာ တနိုင်ငံလုံးစားသုံးနိုင်ရုံမက တခြားနိုင်ငံတွေ အထိကို တင်ပို့နိုင်လောက်အောင် စီးပွားဖြစ် စိုက်ပျိုးမွေးမြူထုတ်လုပ်နေနိုင်ခဲ့တာပါ။ ဆရာကြီးရဲ့ LAB ထဲမှာဘယ်လိုနည်းနဲ မှ SPORE ဖောက်လို့မရ တွယ်ကပ်စရာ အမှီတစ်ခုဖြစ်တဲ့ ခရုခွံ တစ် မျိုး တည်း မှာ သာတွယ်ကပ်နိုင်တဲ့ လျှို့ဝှက်ချက် တစ်ခုကို သူသွားတွေ့လာခဲ့တာပေါ့။

ဒါကြောင့် လူတိုင်းနားလည် အောင် ချုံငုံပြောပြ ရှင်းပြရရင် ECOSYSTEM လို့ လွယ်လွယ်ကူကူသုံးလို့ရပါတယ်။ ပင်လယ်ကမ်းခြေဒေသတွေမှာ သူနဲ့ ဆက်စပ်အမှီသဟဲ ပြုနေထိုင်ကြတဲ့အရာတွေမှာ ကျောက်ဆောင် ကျောက်တုံး ကျောက်ခဲတွေက အစ ၊ ပင်လယ်ရေနဲ့အတူတူမျောပါလာတဲ့ သစ်ပင် သစ်ကိုင်း သစ်ရွက် တွေမှာနဲ့ ကျွန်တော်တို့ သိပ်လှ သိပ်မက်မောစရာ ကောင်းတဲ့ ခရုခွံတွေ အထိ ဆက်စပ်မှု အရေးပါမှုပါနေကြတယ်ဆိုတာကို နားလည် သဘောပေါက် သိရှိထားဖို့ လိုပါတယ်။

#အငှားခန္ဓာကိုယ် အဖြစ် ရှင်သန်နေရတဲ့ ဝင်ကစွတ်

သေဆုံးသွားတဲ့ ခရုခွံတွေကို ဝင်ကစွတ်လို အခွံမာ မရှိတဲ့ သတ္တဝါတွေက သူ့တို့ရဲ့ခန္ဓာကိုယ်ကို ကြီးမားတဲ့ ရေငှက်တွေ ရဲ့ စားသောက်ခြင်းက ကာကွယ်နိုင်ဖို့ အတွက်

အငှားခန္ဓာကိုယ် အဖြစ်နဲ့ ရှင်သန် နေရသလို ရေမှာ ရှင်သန် ပေါက်ဖွားကြတဲ့ ကုန်းမြေမှာ ပေါက်တဲ့ အပင်တွေထက် OXYGEN ကို ပိုထုတ်ပေးနေကြတဲ့ ပင်လယ်ထဲအပင်မျိုးတွေဖြစ်ကြတဲ့ထဲက သာမန် မျက်စိနဲ့ အမြင် နိုင် ဆုံး အရွယ် အစားထဲကဖြစ်တဲ့ SEA WEEDS နဲ့ ALGAES တွေရဲ့ မျိုးပွားမှုအခန်း ကဏ္ဏမှာလဲ ခရုခွံတွေရဲ့ အရေးပါမှုကလဲ ပါဝင် ပတ်သက်တာမို့ ခရီးသွားချစ်သူ တွေ သတိထားနိုင်ကြပြီမို့ ကမ်းခြေတွေ ရောက်ခဲ့ရင် အိမ်မှာထားလို့ ဘာမှအသုံးမဝင်တဲ့ ခရုခွံလှလှလေးတွေကို အတတ်နိုင်ဆုံး မကောက်ဖို့ နဲ့ မလိုအပ်တဲ့အခါမှာ ကျောက်တုံး ကျောက်ခဲကြီးတွေက အစ နေရာရွှေ့ပြောင်းတာ ပြင်ဆင်တာမျိုးတွေ မလုပ်ကြရင်း

တာဝန်သိ ခရီးသွားချစ်သူ တစ်ယောက်အနေနဲ့ ကူညီပေးနိုင်ကြပါစေ။

#Travelling journal

#Article

#Photo Ko Soe Lin

ဒေးဒရဲ မြို့နယ် တိုးရွာအနီး က ခရုဖြူကမ်းစပ်

မြင်ကွင်းအလှကို တွေ့ရစဥ် ။