သတိးလွင်(ပထဝီဝင်)
- ၁၈နှစ်ပြည့်မှ လူလားမြောက်ပြီး
- ၁၈နှစ်ပြည့်မှ လူကြီးမှတ်ပုံတင်ပြန်လုပ်ရသည်။
- ၁၈နှစ်ပြည့်မှ ယာဉ်မောင်းလိုင်စင်ရပြီး ကားမောင်းခွင့်ရသည်။ ၁၈နှစ်ပြည့်မှ အရက်သေစာ၀ယ်ယူခွင့်ရသည်။
- ယနေ့ ဥပဒေအရ ၁၈နှစ်ပြည့်မှအိမ်ထောင်ပြုခွင့်ရှိသည်။
- ဒါဆို(၁၈)နှစ်မပြည့်သေးလို့ခိုးယူပေါင်းသင်းမိလျှင် သက်ငယ်မုဒိန်းမှု မြောက်လေသည်လော့!ကြယ်ပွင့်၆ပွင့်ပြမေးခွန်းတစ်ခု …..
၁၇ နှစ်၃လသာရှိသေးသော သမီးငယ်သို့
သမီးလေးကိုလူလားမမြောက်သေးပေမယ့် ခရီးရှည်ကြီးဆက်သွားကြရမှာမို့အတိုင်အတာတခုထားရစ်ခဲ့ရတော့ တယ်….သမီး အ တွက်ရော…သမီးနှင့်ပတ်သက်တဲ့ သူငယ်ချင်းလုပ်ဖော်ကိုင်ဖက် အသိုင်းအဝိုင်းအတွက်ရော သိသင့်တာ တွေ… ဖျက်လို့ မရတဲ့ သမိုင်းတွေ…..ဖြစ်ရပ်မှန်တချို့ကို နှုတ်တရာ….စာတလုံး..အနေနဲ့ရေးပေးခဲ့တယ်။ သမီးလေး မွေးဖွား ကြီး ပြင်းခဲ့တဲ့ အမ်တာရွာ ကြီးအကြောင်းပြောပြချင်ပါတယ်။ အဖေတို့တတွေ သမုဒ္ဒရာ ၀မ်းတတွာအတွက် လှိုင်းလေ တွေကြား ကျင် လည်လှုပ်ရှား နေရ တယ်။ ခရီးသွားပင်လယ်ပြာကြီး (Tourism Blue Ocean) ထဲမှ ကျွန်းမကြီးတခုရှိခဲ့တယ်… ၁၉၅၀ ပြည့်လွန်နှစ် များကတည်းက ကျွန်းမကြီးကိုလေကြောင်းရေကြောင်းတွေနဲ့ လာရောက်လည်ပတ် ခဲ့ကြတယ်။ ၁၉၈၈ခုနှစ် ရောက်တော့ကျွန်မကြီးပေါ်က မြုံနေတဲ့ မီးတောင်ကြီးပေါက်ကွဲပြီးငလျှင်တွေလှုပ်၊ ဆူနာမီလှိုင်းလုံးတွေအောက်မှ ……အလူးအလဲခံရပြီး ၁၉၉၀ နောက်ပိုင်း ပြန်လည်စိုပြည်လာခဲ့တယ်။ကျွန်သူကျွန်သားတွေကိုလည် ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်ပိုင်ခွင့်ပေးထားတော့ ခရီးသည်တွေ လည်းပိုမိုသွက်လက်စွာ ၀င်ထွက်သွားလာကြတော့တယ်။ အခြားနယ်ပယ်အသီးသီးမှ ပြောင်းရွေ့လာသူတွေ၊ လူဦးရေတိုးပွား လာတာကြောင့် ကျွန်းမကြီးပေါ်မှ မွှန်းကြပ်လာကြပြီးအနီးအနားရှိ ကျွန်းငယ်လေးတွေကို ဆက်သွယ် ဖို့နေရာ သစ်ရှာလှ လာကြ တယ်… သမီး …….
၁၉၉၅ လောက်ကတည်းက Visit Myanmar Year ကျင်းပဖို့ ကြိုတင်စီမံခံရာတွင် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့အစည်းတွေ ဖွဲ့စည်းရေးကို တက်ကြွတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းရှင်များဖြစ်တဲ့ ဦးအေးကျော်၊ ဦးလှရွှေ၊ ဦးမောင်မောင်တိုး၊ဦး၀င်းမြင့်(Bon Voyage)၊ ဦးမျိုးဝေတင့် (Thuriya) ဦးတင်စိုး(Joyful Jupiter)နှင့် ဦးသိန်းရွှေ Free Bird Tour (ကွယ်လွန်)၊ ၊ ဦးသိန်း၀င်း (MOHT) ကွယ်လွန် တို့က လုံးမလေးစား သောက်ဆိုင် အစည်းအဝေးအပြီး အဆိုပြုခဲ့ကြ တယ်။ နိုင်ငံရေးအကြောင်းပြချက်ဖြင့် ပယ်ချခဲ့တယ်။ကျွန်းပိုင် သခင်ကြီးတွေ က စစ်ရာဇသံပေး ထားတာကြောင့် ကျွန်းငယ်လေး တွေဆီနေရာသစ်ရှာဖို့ ကြိုးစားခဲ့ ပေမယ့် မစွမ်းသာခဲ့ပေ။ ၁၉၉၈ အောက်တိုဘာလအတွင်း ကရဝိတ်ဖောင် တော် စီးပြီး မင်း နေပြန်တော် ထီးနန်းစံဘုရင်တပါး အဖေတို့ ကျွန်းမကြီးကို ဆိုက်ကပ်လာ တယ်။ အဲ့ဒီအချိန်က ဘုန်းမီးနေလတောက်ပနေတဲ့ ဘုရင်တပါးပေါ့ အဖေတို့ဆီ တိုင်းခန်း လှည့်လာစဉ် ခရီးသွားလုပ်ငန်း အေးဂျင့်များ ကျွန်းခိုဖို့အတွက် ကျွန်းတခု ဖော်ဆောင် ခွင့်ပြုဖို့တို့ ရွာသားထဲက သူရဲကောင်း တဦးဖြစ်တဲ့ ဗိုလ်အေး ကျော်က ကျွှန်းတခု တည်တောင်ခွင့်ပြုရေး ကိုအဆိုပြုခဲ့ ပါ တယ်။ မင်းတရားကြီးကတော့ အဖေတို့ ကျွန်းကို လာရောက်တဲ့ အပျော်စီး သင်္ဘောကြီးတွေ ဆိုက်ကပ်ခွင့်ရအောင် သက်ဆိုင်သူ ၀န်ကြီးတွေကို တခါတည်းအမိန့်ပေးခဲ့တယ်။ ခရီး သွားအေးဂျင့်များ အတွက် ကျွန်းအသစ်ဖော်ဖို့ကတော့ “မူ” အားဖြင့် သဘောတူခဲ့သော်လည်းမြေဖို့တံတားခင်းမီး/ ရေရဖို့ လုပ်ဆောင်ကာ ၃/ ၄ နှစ်ခန့်ကြာ မှ ကျွန်းမကြီးနဲ့ မနီးမဝေး ကျွန်းတခုခေါ် ဆောင်ခွင့်ပြုလိုက်ပါတယ်။ အဓိကဥိးဆောင်မှုပေးခဲ့သူ ကတော့ ဒု၀န်ကြီးဗိုလိချုပ်အေးမြင့်ကြူ ဖြစ်ပါတယ်။ ပေါင်းတင် မြက်ရှင်း မျိုးစေ့၀ယ် ၊ သီးပင်စားပင် စိုက်ရေ သွယ်ဖို့(၁၈)ဦးပါတဲ့ အစုအဖွဲ့နဲ့ပြောင်းရွေ့အခြေပြုခဲ့ပါတယ်။ သမီးအနေနဲ့ Who are UMTA Founders တွေလည်း ဆိုတာမှတ် သားစရာ အဖြစ် သမီးလေးသိအောင် ရေးပေးလိုက်တယ်နော်။
၂၀၀၂ ခုနှစ် အမ်တာရွာကြီးကို စတင်တည်ထောင်ခဲ့တဲ့ ရွာသူကြီးနှင့်ရွာသူရွာသားများ စာရင်းကိုနောင်လာနောင်သားတွေ သိရှိ စေဖို့ ဖော်ပြလိုက်ရပါတယ်။
- စဉ် အမည် အသင်းတာ၀န် ကုမ္ပဏီအမည်
- ၁။ ဦးခင်ဇော် ဥက္ကဌ Tour Mandalay ခရီးသွားလုပ်ငန်း
- ၂။ ဦးသန်းဌေး ဒု-ဥက္ကဌ Golden Thazin ခရီးသွားလုပ်ငန်း
- ၃။ ဦးကျော်ထက် အဖွဲ့၀င် Golden Land ခရီးသွားလုပ်ငန်း
- ၄။ ဦးမောင်မောင်ဆွေ အဖွဲ့၀င် SM ခရီးသွားလုပ်ငန်း
- ၅။ ဦးမင်းဒင် အဖွဲ့၀င် Columbus ခရီးသွားလုပ်ငန်း
- ၆။ ဦးထိန်တင် အဖွဲ့၀င် Sri Asia ခရီးသွားလုပ်ငန်း
- ၇။ ဒေါ်ရီတာမြင့် ဘဏ္ဍာရေးမှုး Taw Win ခရီးသွားလုပ်ငန်း
- ၈။ ဦးကြည်မြင့် အဖွဲ့၀င် Star ခရီးသွားလုပ်ငန်း
- ၉။ ဦးသက်လွင်တိုး အဖွဲ့၀င် Myanmar Voyages ခရီးသွားလုပ်ငန်း
- ၁၀။ ဒေါ်ဖြူဖြူမာ အဖွဲ့၀င် Seven Star ခရီးသွားလုပ်ငန်း
- ၁၁။ ဒေါ်ခင်မေမြင့် အဖွဲ့၀င် Karaweik M& J ခရီးသွားလုပ်ငန်း
- ၁၂။ ဦးအောင်မျိုးမင်းဒင် အဖွဲ့၀င် Adventure Myanmar ခရီးသွားလုပ်ငန်း
- ၁၃။ ဒေါ်စုစုတင် အဖွဲ့၀င် Exotissimo ခရီးသွားလုပ်ငန်း
- ၁၄။ ဦးစိုးသူရထွန်း အဖွဲ့၀င် Myanmar Tourex ခရီးသွားလုပ်ငန်း
- ၁၅။ ဦးလှရွှေ အဖွဲ့၀င် Dandaryi ခရီးသွားလုပ်ငန်း
- ၁၆။ ဦးကျော်၀င်း အဖွဲ့၀င် Swiftwinds ခရီးသွားလုပ်ငန်း
- ၁၇။ ဦးရဲမြင့် အဖွဲ့၀င် မြန်မာ့ခရီးသွားလုပ်ငန်း
- ၁၈။ ဦးတင့်နောင် အတွင်းရေးမှုး Golden Express ခရီးသွားလုပ်ငန်း
ရေပေါ်ကျွန်းမှာမွေးဖွားကြီးပြင်းလာသူသမီးငယ်သို့
သမီးလေးကိုအမ်တာကျွန်းပေါ်မှ ၂၀၀၂ခုနှစ် ဧပြီလ(၁)ရက်နေမှာမွေးဖွားခဲ့တယ်။ ပထမဆုံး ကျွန်းသူကျွန်းသား (၁၈)ဦး က အသပြာကျပ်(၁)သိန်းစီချွေးနဲစားတွေစုပြီးအမ်တာကျွန်းမှ မွေးဖွားခဲ့တဲ့သမီးအတွက် ပြုစုပျိုးထောင် ပေးခဲ့ကြတယ်။ ထိုစဉ်က ကျွန်းပိုင်သူကြီးဦးခင်ဇော်ဖြစ်ပြီး / အတွင်းရေးမှူး ဦးတင့်နောင် -နောက်ပိုင် း ဦးဘုန်းသန့်ဖြစ်လာတယ်။ စစ်အစိုးရခေတ် ဆိုတော့ လဲဗဟိုမှချုပ်ကိုင်ညွှန်ကြားမှုနဲ့ကြီးပျင်းခဲ့ရတာပေါ့လေ။ ကျွန်းသူကျွန်းသားတွေကိုရာဂဏန်းကျော်တိုးပွားလာကြလေရဲ့
၂၀၀၃ခုနှစ် ဆန်းလောက်မှာ အမ်တာကျွန်းနှင့်မနီးမဝေးမှာ အမ်ဟာ(MHA)ကျွန်းကြီးတခုပေါ်ထွန်းလာပါတယ်။ သူကြီးက ဦးခင်ရွှေ ဖြစ်ပြီး အတွင်းရေးမှူးက ဦးရန်၀င်းဖြစ်တယ်။ အဖေကတော့ ကျွန်းသူကျွန်းသားတွေ စာတတ်မြောက်ရေး (အသုံးလုံး) သင်ကြားရေးဆရာအဖြစ် တာ၀န်ယူခဲ့ရတယ်။ ၂၀၀၆ရောက်တော့ မင်းနေပြည်တော်ရှိရာ ကျွန်းမကြီးကို ကုန်းတတန် ၊ရထားတတန်သွားပြီး လူကြီးတွေကို ခရီးသွားပညာဒါန ကျူရှင် သွားပေးခဲ့ရတာတွေ အမှတ်တရပေါ့၊ အဲ့ဒီ့အချိန်တုန်းက ရံပုံငွေဆိုတာ အစိုးရဆီ က ထောက်ပံ့ဖို့ဝေလာဝေး ၊ အလှူခံသမျှ ၊ ပြည် တွင်းပြည်ပခရီးစဉ်တွေမှာ အစဉ်သဖြင့် အိတ်စိုက်လုပ်ခဲ့ ရတာ ရင်းခဲ့ရတာ တွေသာ မြေ၀ယ်၊ခြံ၀ယ်ပြီး ဟိုတယ် ဆောက်ခဲ့ရင် အဖေတို့ တတွေဒူးနှံ့ပြီး ယပ်ခပ်နေရုံဘဲ ၊ ထိုစဉ်က ပြည်ပ ခရီးသွားပြပွဲတွေကို စုပေါင်း ရံပုံ ငွေနဲ့သွားရင် အဖေတို့ တောသား တွေအပေါ် လူပေါ်လူဇော်လုပ်နေတဲ့ နိုင်ငံခြားသားတွေ အများစု သိမ်းပိုက်ထား တဲ့ MMC ဆိုတဲ့ ကျွန်းကိုသူတို့သာ ဦး ဆောင် နိုင် ခဲ့တယ်။ ၂၀၀၅ နောက်ပိုင်း မြန်မာ လူမျိုးသူကြီး ဦးအောင်မြတ်ကျော် ဖြစ်လာတယ်။ MMC ကျွန်းမှ လူသူရွာသား ၈၀ မပြည့်သေးပါ။ အမ်တာကျွန်း က တော့ ရွာသား ၅၀၀ ခန့်ရှိ လာပါပြီ။
လှိုင်းကြီးလေထန်မုန်တိုင်းကြားမှ သမီးငယ်
၂၀၀၇ခုနှစ်မှာ မမျှော်လင့်ဘဲ ရွှေဝါရောင်လှိုင်းတံပိုးတွေ မီးတောက်ပမာပြန့်နှံ့ခဲ့တယ်။ သမီးလေးရေ … အဲ့ဒီု့တုန်းက ၅နှစ် အရွယ်သာသာဘဲ ရှိဦးမယ်. အဖေက ဗိုလ်တထောင်ကောလိပ်မှာ စဖွင့်နေတဲ့ DTSM ခရီးသွားဒီပလိုမာ သင်တန်းနံနက် (ရ)နာရီ အတန်းသွားပြစဉ် ဓာတ်ဆီ စျေးတွေ အစိုးဆိုင်တွေမှာ ရုတ်တရက်ထိုးတက်ကြောင်း သိလိုက်ရတယ်။ လောင်စာဆီတက်သလို သယ်ယူပို့ဆောင်ရေးတွေ တက်ပြီး ဒုံးပျံအလား တက်လာတဲ့ “ကုန်စျေးနှုန်း” အိမ်ရှင်မတွေရဲ့နေ့စဉ် အပူတွေကို သိနေတာက ဆွမ်ခံစားရတဲ့ ရဟန်းတွေဘဲ နောက်ဆုံးအောက်ခြေမှာ အုံကြွမှု တွေ ထိန်းမရတဲ့အဆုံး သံဃာတွေ လည်းဆန္ဒဖော်ထုတ် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခဲ့တယ်။ ရက်ပိုင်းအတွင်း ဆူပူမှုတွေ တနိုင်ငံလုံး ပြန်နံ့သွားခဲ့ပြီး ရွှေဝါရောင် လှိုင်းတံပိုးတွေ ဆူနာမီအလား ပျံနှံလောင်ကျွမ်းခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းက သမီးရဲ့အဖေဟာ အမ်တာကျွန်းမှာ တွဲဖက်အတွင်းရေးမှုး ပေါက်စနဲ့ ရေငံပိုင်ကျွန်းသခင်ကြီးရဲ့့ တာ၀န်ပေးချက်အရ တဖက်နိုင်ငံ မှာ မိမိတို့ ကျွန်းကို လာရောက်ရန်စီစဉ်ပြီးမှ လှည့်ပြန် တော့မယ့် အပျော်စီးသင်္ဘောကြီးပေါ်ကို သွားရောက်ကြော်ငြာ၀င် ဆွဲဆောင်ခဲ့ရတာ အမှတ်တရပါ။ DVBတို့ Alcazia TV တို့ကို အိပ်ထဲမှာ ခိုးကြည့်ခဲ့ရတဲ့ ခေတ်ပေါ့။ ၂၀၀၈မေလမှာတော့ ရွှေဝါရောင်ထက် ပိုဆိုးတဲ့ နာဂစ်မုန်တိုင်းထန်ခဲ့တဲ့ ကာ လ ပေါ့သမီးရယ်။ မြစ်၀ကျွန်းပေါ် ၊ဧရာ၀တီမြစ်ဝှမ်းတလျောက် အနိစ္စအာရုံ ကပ်ဆိုးတွေ့ကြုံခဲ့ရတယ်။ သံလျင် ကျောက်တန်းမှာ ကယ်ဆယ်ရေး လုပ်တာတောင် ပါမစ်ယူသွားခဲ့ရတဲ့ဘ၀ . ကယ်ဆယ်တဲ့နေရာချထားရေးကို အမ် တာကျွန်းက ကိုနောင်းနောင်းဟန်နဲ့ အမ်အမ်စီ ကျွန်းက ကိုအောင်မြတ်ကျော်တို့ရဲ့ တက်ကြွစွာပါခဲ့တဲ့ ပုံရိပ်တွေမြင် ယောင် နေမိသေးတယ်။
အလယ်တန်းကျောင်းသို့ပြောင်းခဲ့ရတဲ့သမီးငယ်
သမီးလေး(၁၀)နှစ်ပြည့်ခါနီး ကျွန်မကြီးမှလည်း သူကြီးအသစ်ပြောင်းလာလို့ သမီးကြီးပြင်းလာတဲ့ အမ်တာကျွန်းမှာဘဲ အလယ် တန်းကျောင်း ဆက်ထားမယ်လို့ စဉ်းစားထားခဲ့တယ်။ ထိုစဉ်က အမ်တာကျွန်းရဲ့သူကြီးဦးမောင်မောင်ဆွေပေါ့။ ထိုစဉ် မြေသိမ်း ၊ယာသိမ်းကာလတွေ နည်းပါးလာခဲ့သော် ငြားလည်း ကျွန်ကြီးတခုပေါ်လာပါတယ်။ အမ်တီအက်ဖ် ကျွန်းမကြီးတခု ဖန်တီးပြီး ကျွန်းငယ် (၅)ခု၊(၆)ခု လောက်ကို သိမ်းသွင်း ဖွဲ့စည်းခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်။ ခေတ်ပြောင်းလာတာနဲ့ ခေတ်နဲ့လိုက်မယ့် Tourism လုပ်ငန်းကြီးဟာ ၂၀၀၈ နောက်ပိုင်း အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ရာ ၂၀၁၂မှာတေ့ာ ရောင်နီသစ်ပေါ်လာခဲ့ပြီ သမီးလေး။ အဖေတို့ အမ်တာကျွန်းမှာ လည်း ကျွန်းဖွဲ့စည်းပုံ စဉ်းမျဉ်း ရေးဆွဲခဲ့တဲ့ အတွင်းရေးမှုး ဦးဘုန်းသန့်လည်း ပင်လယ်ရပ်ခြားသို့ For Good သွားပြီး မူလ(၁၈)ဦးထဲက သိပ်မကျန်တော့ပေ။ အခြားကျွန်းတွေကရော နယ်မြေရပ်ခြားက ကျွန်းသူကျွန်းသားတွေ အမ်တာ ကျွန်းပေါ် တက်လာကြတယ်။ ခေတ်စကား အရပြောရရင် ‘ရှယ်ကျုး’ တွေလည်း ပါလာတာပေါ့ သမီး။ အမ်တာ ကျွန်း သူကြီး ဒေါက်တာအောင်မြတ်ကျော် ဖြစ်လာပြီး အဖေ ကတော့ ဒုတိယနေရာမျာဘဲ
ရပ်ပေးခဲ့ပါတယ်။ ဒီမိုကရေစီ ခေတ်ပြောင်း ကာလမှာ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ လွတ်လပ်စွာ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပုံ စည်း မျဉ်းပေါ်တွင်ပြင်ဆင် ကြိုးစားခဲ့တယ် ရွာသူရွာသားတွေလည်း (၇၀၀)နီးပါးရှိလာပြီး
ရွှေခေတ်` လို့ ပြော နိုင်ခဲ့တယ်။
၄နှစ်တာခရီးရှည်
ယခင်ရွားသူကြီး ဦးအောင်မြတ်ကျော်လည်း (၃)နှစ်ခန့်အုပ်ချုပ်ခဲ့စဉ် ထူးခြားတဲ့ပွဲလမ်းတွေနဲ့ ကြုံတွေ့ခဲ့ပြီး အမ်တာရွာသူ ရွာသားတွေ ခြေပေါ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ မင်းနေပြည်တော်မှာ ၂၀၁၃ခုနှစ်က ကျင်းပခဲ့တဲ့ SEA Game အရှေ့တောင် အာရှအားကစားပွဲ၊ ၂၀၀၄ခုနှစ်က ကျင်းပဖို့စီစဉ်ပြီးမှ ရုတ်ချည်းရွေ့ခဲ့ရတဲ့ အာဆီယံခရီးသွားဖိုရမ် ASEAN Tourism Forum (ATF) အာဆီယံခရီးသွား လုပ်ငန်းအဖွဲ့(ASEANTA) ၊ FATA အာဆီယံခရီးသွားအေဂျင်စီ အဖွဲ့ချုပ် တွေ့ဆုံချိတ်ဆက်နိုင်ခဲ့တယ်။ ရွာသူရွာသားတွေလည်း ၇၀၀ကျော်၊ ၈၀၀လောက် ရှိခဲ့ပြီး ရွားကြီးရဲ့ဘဏ္ဍငွေ(၂၅၀၀) သိန်းခန့်ထိ ရှာဖွေစုဆောင်းနိုင်ခဲ့တယ်။ သို့သော် ဘယ်လောက်ဘဲ ရွာကြီးအတွက် ကောင်းအောင် လုပ်ခဲ့သော်လည်း အပြစ်တင်၊ချောင်ပိတ်ထိုးနှက်ခံခဲ့ရတာတွေလည်း ကြုံခဲ့ရပါတယ်။ သမီးရဲ့ အဖဟာ ဒု
နေရာမှ ၃ကြိမ်သက်တမ်းထိ (၆)နှစ်တိုင် တွဲဖက်လုပ်ကိုင်ခဲ့ရာမှ ယခုတဖန် အမ်တာကျွန်းပေါ်မှာ မွေးဖွားကြီးပြင်း လာတဲ့ သမီးငယ် (၁၃)နှစ်ပြည့်ပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းပညာတွေ သင်ကြားနေချိန်မှာ သမီးရဲ့အဖေဟာ ဖွဲ့ စည်းပုံစည်းမျဉ်းနှင့် အညီ အများက ရွေးချယ်တင်မြှောက်တဲ့ ရွာသူကြီးဖြစ်လာခဲ့တယ်။ ၂၀၁၅ခုနှစ်မှ စခဲ့တာပေါ့။ သမီးလေးရှေ့ရေး ကောင်းစားဖို့ခရီးသွားလုပ်ငန်းမှာ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်ဖို့ရာမှာ အနာမသိ၍ ဆေးမရှိဖြစ်ခဲ့ကာ ဆေးမှီးတိုနဲ့ဘဲကုသခဲ့ တာ ဆယ်စုနှစ်မကရှိခဲ့လေပြီ။ ဒီအတွက် စနစ်တကျ ဆေးစစ်ပြီးရောဂါရှာဖွေဖို့ လိုအပ်လာပြီးဖြစ် သောကြောင့် ၂၀၁၈ခုနှစ် နှောင်းပိုင်း ကတည်းက အဖေတို့ရွာကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းနဲ့ ညီနောင်အသင်းမှ ကျွန်းပိုင် တွေ တပ်ဖြန့်ပြီး MTC ခေါ် Myanmar Tourism Conference ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်။ ၁နှစ်ခွဲနီးပါး ပြင်ဆင်ပြီး ကြိုတင်ညှိုနှိုင်းကာ အစည်းအဝေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲတွေ တဒါဇင်ခန့် ကြိုတင်လုပ်ဆောင်ရပြီး ၁၂.၆.၂၀၁၈ ရက်နေ့မျာ နေပြည်တော်မှာ ကျင်းပတာ မြန်မာ့ခရီးသွားရဲ့ သမိုင်းရွက်တိုင်တခုပါ။
နိဂုံးမဟုတ်သောနိဒါန်း
သမီးလေးအတွက် ၄နှစ်တာ ခရီးတလျှောက်မှာ ရှေးကာလတွေနဲ့မတူဘဲ စိန်ခေါ်မှုတွေ စိတ်ပျက်စရာတွေ စိတ်ညစ်စရာတွေ ကြုံတွေ့ခဲ့ရတယ်နော် ။အမ်တာရွာသူရွားသားတွေ အချင်းချင်းထက် ကောင်စီ၀င်အချင်းချင်း မတူညီတဲ့အမြင်နဲ့ အငြင်းပွားရင်း ကြက်ဖခွပ်နေကြတာနဲ့ အစည်းအဝေးတွေမှာ အချိန်ကုန်ခဲ့ကြတာ အားအင်ကုန်ခမ်းခဲ့ကြတာများပါခဲ့ပါသည်။
ရလဒ်အနေနဲ့ MTC ခရီးသွားညီလာခံကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး Tourism For Peace တိုင်းရင်းသားစုံညီပွဲ စတဲ့ အထင်ကပွဲ တွေ ပူးပေါင်းပါ၀င်ခဲ့ပြီး သမီးအတွက် အတွေ့အကြုံဂုဏ်မြင့်စေခဲ့ပါသည်။ ဒါအပြင် နိုင်ငံရဲ့အခရီးသွား အခြေခံအုတ်မြစ် တခုဖြစ်တဲ့ ခရီးသွားဥပဒေ Tourism Law ကိုလည်း လွှတ်တော်အရပ်ရပ်မှာ ကြိုးပမ်း တင်ပြခဲ့ပြီး အတည်ပြုနိုင်ခဲ့ သည်။ ခရီးသွားလုပ်ငန်း နည်းဥပဒေအတွက် MOHT သို့ တင်ပြဆွေနွေးနိုင်ခဲ့ပါတယ်.
ရွာသူရွာသားများအားလုံးအတွက် MSME အသေးစား၊အလတ်စား ခရီးသွားဆိုင်ရာ လုပ်ငန်းများရေရှည်ရပ်တည်နိုင်ဖို့ MTB ဘဏ်အပါအ၀င် ပုဂ္ဂလိက ဘဏ်တွေနဲ့ချိတ်ဆက်ပြီး အကြွေးကဒ်တွေ ချေးငွေတွေ ရရှိရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သမီးလေးလည်း ပညာစုံပြီး ရေရှည်ဘ၀ရပ်တည်နိုင်ဖို့ အဖေတာ၀န်လွှဲယူစဉ်က သိန်း၂၅၀၀ ကျော်ခန့်သာရှိရာမှ ၂၀၁၉ မတ်ထိ ရွာသူရွာသား ၁၀၀၀ခန့်နှင့် ယခုအခါ သိန်း၄၅၀၀ခန့် လက်၀ယ်ထားနိုင်ခဲ့ပြီ။ နောက်နှစ်သက်တမ်းတွေကို ဆက်လုပ် ဦးဆောင် မည့် အမ်တာရွာသူကြီးအသစ်ကို နောင်းနောင်းဟန် နှင့် မျိုးဆက်သစ် EC အဖွဲ့တွေနှင့် ရွာသူရွာသား ၁၀၀၀ ကျော်တို့နှင့် အတူ ငြိမ်းချမ်းပျော်၇ွှင်စွာ တိုင်းပြည်အကျိုး ၊ ခရီးသွားကဏ္ဍ အကျိုးကို အောင်မြင်စွာ သယ်ပိုးနိုင်ပါစေလို့ အဖေ့အနေနဲ့ ဆန္ဒပြုလိုက်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ အမ်တာရွာသူ သမီးပျိုလေးရယ်…