ပင်လယ်ဆိပ်ကမ်းမြို့များပျော်စံရာဟိုင်နန်ပြည်နယ်ဆီ

ယဥ်ယဥ်လှ တရုတ်ပြည်ရဲ့ အောက်ဘက်အစွန်းပြည် နယ်တစ်ခုဖြစ်ပြီး တသီးတသန့်တည်ရှိနေတဲ့ ဟိုင်နန် ပြည်နယ် ကမ္ဘာကြီးရဲ့အဆုံးနေရာမှာ တည်ရှိနေတာ ကြောင့် အရင်က ဒီပြည်နယ်ကို ရောက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး၊ ဒါ ...

ယဥ်ယဥ်လှ

တရုတ်ပြည်ရဲ့ အောက်ဘက်အစွန်းပြည် နယ်တစ်ခုဖြစ်ပြီး တသီးတသန့်တည်ရှိနေတဲ့ ဟိုင်နန် ပြည်နယ် ကမ္ဘာကြီးရဲ့အဆုံးနေရာမှာ တည်ရှိနေတာ ကြောင့် အရင်က ဒီပြည်နယ်ကို ရောက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး၊ ဒါပေမဲ့ အခုဆိုရင်တော့ နာရီ ပေါင်း ၃ နာရီ၀န်းကျင်စီးရုံဖြင့် ဟိုင်နန်ပြည်နယ်ကို ရောက်ရှိနိုင်ပါပြီ။

တရုတ်ပြည်ရဲ့ စတုတ္ထမြောက်လေကြောင်းလိုင်းဖြစ်သလို 5 Star လေကြောင်းလိုင်း ဖြစ်တဲ့ ဟိုင်နန် လေကြောင်းလိုင်းရဲ့ မန္တလေး – ဟိုင်နန် ကို ဇွန်လ ၂၆ ရက်ကနေ စတင်တိုက်ရိုက်ပျံသန်း ပြေးဆွဲခဲ့တာကြောင့် အခုဆိုရင် တရုတ်ပြည်တောင်ပိုင်း ဟိုင်နန်ပြည်နယ်ကို သွားရောက်လည်ပတ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိလာပါပြီ။

တကယ်တော့ ဟိုင်နန်ပြည်နယ်က မြန်မာတွေနဲ့ သိပ်မစိမ်းကားပါဘူး။ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တို့ ဟာ ဂျပန်ဆီကနေ စစ်ပညာကို ဒီဟိုင်နန်ပြည်နယ်မှာ သင်ယူခဲ့တာဖြစ်တာမို့ သမိုင်းကြောင်းအရ ဟိုင်နန် ပြည်နယ်က ကြီးမားလှပါတယ်။ အရင်က သွားလာရ ခက်ခဲတာရယ်၊ ထရန်စစ်တွေနဲ့သွားလာမှသာရောက် ရှိနိုင်တဲ့ ဟိုင်နန်ပြည်နယ်ဟာ အခုဆို အချိန်တိုတွင်း မှာရောက်ရှိနိုင်ပါပြီ။ ဟိုင်နန်ကျွန်းဟာ တရုတ်ပြည်ရဲ့ ဒုတိယအကြီးဆုံးကျွန်းဖြစ်သလို ဟိုင်နန်က မြန်မာ ပြည်ရာသီဥတုနဲ့လည်း ဆင်တူတာကြောင့် သစ်ပင်တော တောင်တွေ ၀န်းရံထားတဲ့ ကျွန်းဆိုရင်လည်း မမှား ပါဘူး။ သစ်သီး၀လံပေါများလွန်းတာရယ်၊ အုန်းသီးပင် တွေအများဆုံးရှိတာရယ်၊ ကမ်းခြေများပြားတာမို့ ဟိုင်နန်ကို ကမ်းခြေတွေများစွာရှိတဲ့ကျွန်းလို့ ခေါ်ဆို ကြပါသေးတယ်။

ခေါင်မိုးပေါ်မှာ နာနတ်သီးပုံစံဆောက်လုပ်ထားတဲ့ ဟိုင်နန်ကျွန်းရဲ့ Sanya International Airport သစ်သီး၀လံပေါများတာကို ပြသထား သလို မတူညီတဲ့ တွေးခေါ်စိတ်ကူးမှုတွေနဲ့ တည် ဆောက်ထားတာကို ပြသထားတယ်လို့ စာရေးသူက တော့ မြင်မိပါတယ်။

ဟိုင်နန်ကျွန်းမှာ လည်ပတ်စရာတွေက တော့ များစွာရှိပေမဲ့ Tourism Attraction အနေနဲ့ ကတော့ ၅၀ ကျော် ရှိပါတယ်။ စာရေးသူတို့အဖွဲ့ ကတော့ ဟိုင်နယ်ပြည်နယ်ထဲက စန်းယာ့မြို့နဲ့ ဟိုက်ခို မြို့က အထင်ကရ နေရာ တွေကို ဇွန်လ၂၈ ရက်ကနေ ၃၀ ရက်အထိ လည်ပတ်ခဲ့ကြပါတယ်။

ဟိုင်ခုထဲကအထင်ကရနေရာများ

စာရေးသူတို့(မြန်မာ)အဖွဲ့တွေဟာ ဟိုင်နန် ပြည်နယ်ကို VOA နဲ့ ပထမဆုံးခြေချခဲ့ကြတာဖြစ် ပါတယ်။ ဟိုင်နန်ကျွန်းကို ပြည်ပခရီးသွားတွေ ၀င်ရောက်လာစေဖို့ ပြည်နယ်မှ တာ၀န်ရှိသူတွေက မြန်မာအပါအ၀င် နိုင်ငံပေါင်း (၅၉)နိုင်ငံကို VOA ပေးထားတာပါ။ မြန်မာကတော့ တစ်ဦးချင်း VOA မရသေးပေမဲ့ Group Tour နဲ့ပဲ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။
ဟိုင်ခုမြို့ကို ဇွန်လ ၂၈ ရက်နေ့ ဒေသ စံတော်ချိန် ၁ နာရီကျော်မှာ ရောက်ရှိခဲ့တာပါ။ ဆိုက်ရောက်ဗီဇာကြေးက တစ်ဦးကို ယွမ်(၁၃၀)၀န်း ကျင်သာပေးရတာမို့ ဒေါ်လာ ၂၀ ၀န်းကျင်လောက် ပဲကျသင့်ပါတယ်။ မြန်မာအဖွဲ့အနေနဲ့ ဟိုင်ခုမြို့ကို ပထမဆုံးခြေချသူလည်းဖြစ်သလို အုပ်စုလိုက်လာ ရောက်ကြတာကလည်းဖြစ်ပြန်မို့ ဟိုင်ခုရဲ့ လေဆိပ် လ.၀.ကမှာတော့့ အနည်းငယ်စောင့်ဆိုင်းခဲ့ရပါ တယ်။ ဒေသစံတော်ချိန် နှစ်နာရီနဲ့ မိနစ်လေးဆယ် မှာတော့ လာကြိုပေးတဲ့ ဘတ်စ်ကားပေါ်ရောက်ရှိခဲ့ ပါတယ်။ မြန်မာစံတော်ချိန်နဲ့ဆိုရင်တော့ တစ် နာရီနဲ့ ဆယ့်တစ်မိနစ်လို့ စာရေးသူ မှတ်သားထားမိပါတယ်။
စာရေးသူတို့ဟာ China Green Hotel တစ်ခုဖြစ်တဲ့ Shengyi Haikou Mingguang Hotel မှာ တည်းခိုခဲ့ကြပါ တယ်။ အဲဒီနောက်မှာ မနက် ရှစ်နာရီမှာ အိပ်စက်နား ပြီး ဟိုင်ခုမြို့ရဲ့အထင်ကရကမ်းခြေဖြစ်တဲ့ Holiday Beach ကမ်းခြေကို သွားရောက်လေ့လာဖြစ်ခဲ့တယ်။ အုန်းပင်အစီအရီများစွာနဲ့ ကြည်ရအလွန်လှပတဲ့ ကမ်းခြေ တစ်ခု ဖြစ်သလို ခေတ်မီအဆောက်အအုံများစွာနဲ့ ခန့်ညားတည်ရှိနေတဲ့ နေရာတစ်ခုပါ။

အဲဒီနောက်မှာ စာရေးသူတို့ဟာ ကိုလိုနီ အဆောက်အအုံများစွာရှိတဲ့လမ်းကို သွားရောက်လည် ပတ်ခဲ့ကြပါတယ်။ အဲဒီနေရာကိုတော့ Haikou Arcade Old Street လို့ အမည်ပေးထားပါတယ်။ ဒီ လမ်းမှာ ဆွဲဆောင်ထားတာက အဆောက်အအုံတွေ ကိုပြန်လည်တည်ဆောက်တာမျိုးမလုပ်ပဲ ရှေးမူမပျက် လေ့လာနိုင် အောင် ထားပေးထားတယ်။

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ အဆောက်အအုံတွေတည်ရှိရာ နေရာတစ်ခုပါ။ ဟိုင်နန်ကို လာရောက်လည်ပတ်ကြတဲ့ ပြည်ပခရီးသွား တွေအတွက်တော့ တခုတ်တရလာရောက်လည်ပတ် ကြတာပါပဲ။ ဒီလမ်းမှာ ဓာတ်ပုံရိုက်ဖို့ကတော့ အချိန်ပေးရတာပါပဲ။ အလုအယက်မြန်မြန်ရိုက်နိုင်အောင် ကြိုးစားရသေးတယ်။ ခရီးသွားတွေကို ဆွဲဆောင်ထား နိုင်တဲ့နေရာဖြစ်တာရယ် မြန်မာပြည်ရဲ့ အလံကိုလည်း တွေ့မြင်နိုင်ပါ သေးတယ်။ ဒါဟာ ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ နေရာတစ်ခုဖြစ်နေတာပါ။ ကိုယ့် နိုင်ငံရဲ့ အထိမ်းအမှတ် အလံကို အခုလို ရေခြားမြေ ခြားနေရာမှာ တွေ့ရှိရတာဟာ ပြည်ပခရီးသွားတွေကို ဆွဲဆောင်ဖမ်းစားထားတဲ့ အချက်ပါပဲ။ ထူးခြားချက်က ဒီလမ်းမှာရှိတဲ့ စာကြည့်တိုက်က ခန့်ညားလွန်းလှ ပါတယ်။ အေးအေး လူလူ စာဖတ်နေတဲ့ သူတွေရှိသလို ကော်ဖီသောက်ရင်းလည်း စာဖတ်နိုင်အောင် ပြုလုပ် ပေးထားတာမို့ ကိုယ့်နိုင်ငံရဲ့ စာကြည့်တိုက်တွေကို အားမလိုအားမရဖြစ်မိတာပါပဲ။

အဲဒီနောက်မှာ စာရေးသူတို့ဟာ စျေး၀ယ် ထွက်ဖို့ ဧည့်လမ်းညွှန်က မကြာခင်က ဖွင့်လှစ်ထားတဲ့ Mission Hills Centre Ville စင်တာကို လိုက်လံ ပို့ဆောင်ပေးပါတယ်။ အဆောက်အအုံတည်ဆောက်မှုပုံစံက ခမ်းနား ထည်ဝါပြီး ဗိသုကာလက်ရာတွေက တော့ ခေတ်မီဆန်းပြားတာကို မြင်တွေ့ခဲ့ရတယ်။သစ်ပင်ပုံစံဖန်တီးထားတဲ့ လက်ရာတချို့ကိုလည်းတွေ့ မြင်ခဲ့ရပြန်တယ်။ နေ့လယ်စာစားပြီး စာရေးသူတို့ အဖွဲ့ဟာ ဟိုင်နန်- မြန်မာ ခရီးသွား မြှင့်တင်ရေး အစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။ ဟိုင်နန် ပြည်နယ်ရဲ့ခရီးသွားယဉ်ကျေးမှု ရေဒီယိုနှင့် အားကစားဌာနမှ တာ၀န်ရှိသူ Ms.Yang Liming က မိတ်ဆက်စကားပြောကြားခဲ့ပါတယ်။

အရင်ကဆို တိုက်ရိုက်လာဖို့ဆိုတာ ခက်ခဲ ခဲ့ပေမဲ့ အခုဆိုရင် ဟိုင်နန်လေကြောင်းလိုင်းဟာ နှစ် နိုင်ငံခရီးသွားလုပ်ငန်းကို မြှင့်တင်စေရန်အတွက် တိုက် ရိုက်ပျံသန်းလာပါပြီ။ ဒါဟာ မြန်မာနဲ့ ဟိုင်နန်ကို ကောင်း ကင် ဘုံကနေဆက်သွယ်ပေးထားတဲ့ ရထားတစ်စင်းလို့လည်း သူမက တင်စားပြီး ဆိုခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံခရီးသွားလုပ်ငန်းကို တိုးတတ်ပြောင်း လဲလာမယ်ဆိုတာအသေချာပါပဲ။

မြန်မာ-တရုတ်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့မှ တွဲဘက်အတွင်းရေးမှူးဒေါ်ဖြူဖြူမာ ကလည်း မြန်မာပြည်ကို တရုတ်ခရီးသွားတွေ လာ လည်ဖို့ မြန်မာပြည်က ခရီးသွားတွေလည်း ဟိုင်နန်ကို လာလည်စေပြီး နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဆောင် ရွက်သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ အများစု သွားရောက်လည်ပတ်နေကြတဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူ စတဲ့နိုင်ငံတွေကို မြန်မာအများစု သွားရောက်လည်ပတ်နေကြဆဲပါပဲ။ တရုတ်ပြည်ကို လည်ပတ်တာ ကတော့ နည်းပါးနေသေးတာကို တွေ့ မြင်ရပါသေးတယ်။ အခုလို တိုက်ရိုက်လေကြောင်း လိုင်းရှိတာကြောင့် မြန်မာတွေ တရုတ်ကို စျေးသက် သက်သာသာနဲ့ သွားရောက်လည်ပတ်နိုင်တဲ့ အခွင့် အရေးတွေ ရရှိပါပြီပဲဖြစ်ပါတယ်။

ချုံးဟိုင်မြို့ထဲကအထင်ကရများ

စာရေးသူတို့ဟာ ဟိုင်နန်ပြည်နယ်ထဲက မြို့တစ်မြို့ဖြစ်တဲ့ ချုံးဟိုင်ပြည်နယ်ထဲက အထင်ကရ နေရာတွေကို ဇွန်လ ၂၉ ရက်နေ့မှာ လည်ပတ်ခဲ့ကြ ပါတယ်။ ချုံးဟိုင်မြို့မှာ ထူးခြားချက်ကတော့ အုန်းပင် ပေါများလွန်းတာကို သတိထားမိပါတယ်။ အုန်းသီးကို အခြေခံပြီး ဆွဲဆောင်ထားတဲ့ Coconut Processing Sightseeting Base နေရာကို သွားရောက်လည် ပတ်ခဲ့ပါတယ်။ ဒီနေရာမှာ အုန်းသီးကို အခြေခံပြီး အစားအစာအမျိုးပေါင်း ရာကျော်အောင်ထုတ်လုပ် ထားတဲ့ အစားအသောက်တွေကို တစ်နေရာတည်းမှာ ၀ယ်ယူရနိုင်အောင် ဖန်တီး ပေးထားပါတယ်။ နည်း ပညာကို အသုံးချပြီး အလေအလွင့်မရှိအောင်အသုံး ချထားမှုကို တွေ့ရှိရပါတယ်။

ဒီစင်တာထဲကို မ၀င်ခင် ခရီးသွားတွေကို ကတ်ပြားနဲ့စျေး၀ယ်ဖို့ တစ်ခါတည်း ပလတ်စတစ် အိတ်တွေကိုပါပေးထားတာကို တွေ့ရတာမို့ စျေးကွက် နည်းဗျူဟာကို သတိထားမိစေပါတယ်။ အနည်းဆုံး တော့ မဖြစ်မနေ၀ယ်အောင် ဆွဲဆောင်ထားစေတာ ပါပဲ။ ဒီစင်တာတွေထဲမှာ ၀ယ်ယူခဲ့တဲ့ ဘောင်ချာ တွေကို စင်တာကအထွက်မှာ ပြန်လည်ပေးရင်း မွေးပုလဲမုတ်ကောင်ကနေ ပုလဲထုတ်ယူပြီး ဖန်စီဆွဲကြိုး တစ်ခါတည်း လုပ်ပေးတဲ့ ၀န်ဆောင်မှုကိုလည်း ပေး ထားတာမို့ သူတို့ရဲ့ စျေးရောင်းခြင်းအတတ်ပညာကို ချီးကျူးမိလေရဲ့။ ဒီ Coconut Processing Sightseeting Base လိုမျိုး မြန်မာပြည်မှာလည်း လုပ်နိုင်ပါတယ်။ အုန်းသီး အရမ်းပေါတဲ့ ဒေသများစွာ ရှိပါတယ်။ တကယ်တော့ နည်းပညာပိုင်းအားနည်း တာရယ်၊ ရင်းနှီးမြှုပ်နှံမှုလည်း လိုတာကြောင့် စာရေးသူတို့ဆီမှာ မလုပ်နိုင်သေးတာပါ။ ဒါမျိုးတွေကို လေ့လာပြီး စာရေးသူတို့ရဲ့ နိုင်ငံ မှာလည်း Tour Attraction အဖြစ် ဆွဲဆောင်ထားနိုင်အောင် လုပ်လို့ရပါတယ်။ သက်ဆိုင်ရာ တာ၀န်ရှိသူ တွေ Developer တွေကသာလုပ်နိုင်ရင် တိုင်းပြည်အတွက် အကျိုးရှိစေမယ့်အပြင် လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုး လာပြီး ဒေသ၀င်ငွေလည်းရရှိ၊ ဒေသခံတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေမှာမို့ အတုယူ စရာကောင်းမွန်တဲ့ အချက်တစ်ခုဆိုတာပါပဲ။

အဲဒီနောက်မှာ စာရေးသူတို့ဟာ Tourist Attraction တစ်ခုဖြစ်တဲ့ BOAO Forum For Asia စင်တာကို သွားရောက် လေ့လာခဲ့ပါတယ်။ ဒီ စင်တာအတွင်းထဲကိုတော့ စာရေးသူတို့မလည်ပတ် ခဲ့ရပါဘူး၊ အစည်းအဝေး တစ်ခုလုပ်နေတာနဲ့ တိုက်ဆိုင်နေတာကြောင့် စင်တာအတွင်းထဲကို မလေ့လာခဲ့ ရပေမဲ့ စင်တာကို ၀င်ရောက်တဲ့ ၀င်ကြေးထဲမှာ စက်လှေနဲ့ကျွန်းကို သွားရောက်လည်ပတ်နိုင်တဲ့ ခရီးစဉ် ကို ထည့်သွင်းပေးတာမို့ စာရေး သူတို့ဟာ သုံးလွီ တောင်အမည်ရှိတဲ့ ကျွန်းကို သွားရောက်လည်ပတ် ခဲ့ပါတယ်။ မြစ်ရယ်၊ ပင်လယ်ကို ခြားနား ထားတဲ့ ကမ်းခြေတစ်ခုပါ။ စာရေးသူတို့ ရောက်သွားတဲ့အချိန် ကလည်း နေပူလွန်းတဲ့ အချိန်ကောင်း ဖြစ်နေတာမို့ မှတ်တမ်းပုံမြန်မြန်ရိုက်ကြပြီး အပြန်စက်လှေကို စောင့် ဆိုင်းနေကြသလို လာရောက်လည်ပတ် နေတဲ့ တရုတ် ဧည့်သည်တွေလည်း အများကြီးတွေ့ခဲ့ရပါတယ်။

အဲဒီစင်တာကနေအပြန်မှာတော့ နေ့လယ် စာကို ကမ်းခြေတစ်ခုက စားသောက်ဆိုင်မှာစားသောက် ပြီး စန်းယာ့မြို့ကို ဆက်လက်ခရီးထွက်ခဲ့ပါတယ်။

စန်းယာ့မြို့ထဲကအထင်ကရနေရာများ

စန်းယာ့မြို့ဟာဆိုရင် ဟိုင်နန်ပြည်နယ်ရဲ့ ခေတ်မီတိုးတတ်တဲ့မြို့ဆိုရင်မမှားပါဘူး။ ကြည့် လေရာတိုင်းမှာ အထပ်မြင့်အဆောက်အအုံများစွာ ရယ်။ ဒီဇိုင်းဆန်းပြားလှတဲ့ တည်ဆောက်ပုံတွေကြောင့် စန်းယာ့ကိုတော့ ခေတ်ရှေ့ပြေးနေတဲ့ မြို့တော်အဖြစ် မြင်တွေ့ရသလို ကမ်းရိုးတန်းတလျှောက်မှာ တည်ရှိ တာမို့ ကမ်းခြေမြို့အဖြစ် ရေပန်းစားစေခဲ့တာပါ။ စန်းယာ့မြို့ကို အများစုလာရောက်လည်ပတ်ကြတဲ့သူ တွေထဲမှာ ရုရှားလူမျိုးတွေများစွာ လာရောက်လည် ပတ်တာကိုတော့ သတိထားမိစေပါတယ်။ နိုင်ငံတကာ အဆင့်မီ Resort တွေ များစွာရှိပါတယ်။ 5Stars ဟိုတယ်တွေကတော့ Yalong Bay ၊ Haitang Bay၊ Sanya Bay စတဲ့နေရာတွေမှာ တည်ရှိနေတာကို တွေ့မြင်ခဲ့ရပါတယ်။

စာရေးသူတို့အဖွဲ့ဟာ Sanya Nansshan Cultural Tourism Zone ကို သွားရောက် လေ့လာခဲ့ပါတယ်။ ဒီနေရာ ကတော့ မဖြစ်မနေလည်ပတ်ရမယ့် နေရာတစ်ခုပါ။ ပင်လယ်ကမ်းစပ်မှာ တည်ဆောက် ထားတဲ့ ၁၀၈ မီတာ အမြင့်ရှိတဲ့ ကွမ်ရင်မယ်တော် ရုပ်ထုရှိနေရာရယ်၊ ပြီးပြည့်စုံအောင်ဖန်တီးပေးထား တဲ့ Tourist Attraction အဖြစ် တည်ရှိနေတာပါ။ Cultural Zone ထဲမှာ တည်ရှိပြီး ကျယ်၀န်းလွန်းလှ တဲ့ နေရာတစ်ခုပါ။ ဒီထဲမှာ တည်းခိုနိုင်တဲ့ Resort တွေရှိတယ်။ အများစုကတော့ Prewedding ရိုက် တဲ့ နေရာတစ်ခုဖြစ်နေတာကို သတိထားမိစေပါတယ်။ ဒီနေရာကို အချိန်ပေးပြီးလည်ပတ်မှသာ ပြီးပြည့်စုံစေ မှာပါ။ စာရေးသူတို့ကတော့ တတ်နိုင်သမျှအချိန်ရသလောက် တော်တော်လေးကို လည်ပတ်ခဲ့ကြပါတယ်။
အဲဒီနောက်မှာ စာရေးသူတို့ တည်းခိုမယ့် Hampton By Hiton ဟိုတယ်ဆီကို ရောက်ရှိခဲ့ ပါတယ်။ စာရေး သူတို့အဖွဲ့ဟာ Check in ၀င်ပြီး အ၀တ်အစားမြန်မြန်လဲကာ ဟိုတယ်ထဲက ပင်လယ် စာဆိုင်မှာပဲ ပင်လယ်စာ ဘူဖေးကို မြန်မြန်စားသောက် ပြီး Show ပွဲကြည့်ဖို့ချီတက်ခဲ့ရပါတယ်။ ရှိူးပွဲတင် ဆက်မှုက ပျင်းရိစရာမရှိပဲ စိတ်၀င်တစား တစ်ခန်းပြီး တစ်ခန်းတင်ဆက်ပြသတာမို့ အတုယူစရာချည်းပါပဲ။

ဇွန် ၃၀ ရက် မနက်ပိုင်းမှာတော့ ဝါးကနေ အခြေခံပြီးထုတ်လုပ်ထားတဲ့ နေရာကို သွားရောက် လေ့လာ ခဲ့ကြပါတယ်။ ဝါးပင်က အဆီကို ထုတ်လုပ်ပြီး အမျိုးသမီး၀တ် အသုံးအဆောင်၊ အမျိုးသား၀တ် အသုံးအဆောင် တွေ၊ ကျန်းမာရေးသုံးပစ္စည်းတွေကို ထုတ်လုပ်ရောင်းချပေးတဲ့နေရာပါ။ ဒီနေရာကို လာ ရောက်လေ့လာကြတဲ့ ရုရှားခရီးသွားဧည့်သည်များစွာ ကို တွေ့မြင်ရပါတယ်။

အဲဒီနောက်မှာ နောက်ထပ်လည်ပတ်စရာ တစ်ခုဖြစ်တဲ့ Li People s Dream ဆီကို ရောက်ရှိခဲ့ ပါတယ်။ တရုတ်ပြည်ရဲ့ A ငါးလုံးအဆင့်ရှိတဲ့ နေရာ တစ်ခုပါ။ ထူးခြားချက်က သဘာဝတောတောင်ကို အခြေခံထားပြီး ရိုးရာအိမ်တွေကို ဖန်တီးပြုလုပ်ထား တဲ့ နေရာတစ်ခုလို့ စာရေးသူက ဆိုချင်ပါတယ်။ သဘာ၀ပတ်၀န်းကျင် တောတောင်ရေမြေကို အသုံး ချပြီး ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့ နေရာတစ်ခုအဖြစ်ရှိတာကို တွေ့မြင်ရပါတယ်။ ဒီ နေရာမှာ လီမျိုးနွယ်စုနေထိုင်ရာ ရိုးရာအိမ်တွေထား ရှိပေးထားသလို လီမျိုးနွယ်စုရဲ့ အသက်မွေး၀မ်း ကျောင်းပုံ၊ လီမျိုးနွယ်စုရဲ့ ကိုးကွယ်မှု၊ ယဉ်ကျေးမှု ဓလေ့ စတာတွေကို တစ်နေရာတည်းမှာ လေ့လာနိုင် အောင် ထားရှိပေးထားတာကို တွေ့မြင်ရပါတယ်။ မျိုးနွယ်စုတွေထဲမှာ လီမျိုးနွယ်စုက အများဆုံးဖြစ်ပြီး မြောင်လူမျိုးနွယ်စုကတော့ ဒုတိယအများဆုံးလို့သိရ ပါတယ်။ အဲဒီနောက်မှာ လီမျိုးနွယ်စုရဲ့ Culture Show ကို ကြည့်ခဲ့ရပါတယ်။ တစ်နာရီနီးပါးကြာ မြင့်တဲ့ ပြပွဲမှာ ပြကွက်က ၁၀ ကွက် မကျော်ပါဘူး။ ရိုးရာတေးဂီတကိုပဲ မြူးကြွတဲ့ တင်ဆက်မှုနဲ့ ဖျော်ဖြေ ပြသထားမှုပါပဲ။ တင်ဆက်မှုတိုင်းမှာ သဘာ၀အတိုင်း ကို ခံစားမိစေရအောင် ဖန်တီးပေးထားတာကို သတိ ထားမိစေပါတယ်။ ကျေးငှက်သံတွေကြားရစေတာ ရယ်က စိတ်ကိုသက်သာစေအောင် ဆွဲဆောင်ထားရှိ စေတာပါ။ စာရေးသူတို့နိုင်ငံမှာ လူမျိုးပေါင်းစုံနေ ထိုင်ကြတာရယ်၊ သဘာဝတောတောင်များစွာတည်ရှိ နေတာက ဘုရားပေးတဲ့ ဆုလာဘ်အဖြစ် တည်ရှိနေတာပါ။ ဒါကိုကောင်းမွန်စွာအသုံးချပြီး ခရီးသွား လုပ်ငန်းတိုးတတ်လာအောင် ဆွဲဆောင်ဖန်တီးနိုင်တဲ့ အခွင့်အရေး များစွာ ရှိပါတယ်။ စာရေးသူတို့ အတုယူ လေ့လာရမယ့် အချက်တွေပါပဲ။ အဲဒီနောက်မှာ လီမျိုး နွယ်စုရဲ့ ရိုးရာ ထမင်းဆိုင်မှာ နေ့လယ်စာသုံးဆောင် ခဲ့ကြပြီးနောက် ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။

ဟိုက်ခိုမြို့ထဲက ရုပ်ရှင်ရိုက်ကူးတဲ့ Movie Town ဆီ

ဒီနေရာကတော့ ဟိုင်နန်ရဲ့ မြို့တော်တစ်ခု ဖြစ်တဲ့ ဟိုက်ခိုမြို့ထဲက Tourist Attraction တစ်ခုပါ ပဲ။ ဧကပေါင်း(၁၄၀၀)ကျော်ရှိတဲ့ မြေပေါ်မှာ ရှန်ဟိုင်း၊ ချန်ကျင်း၊ နန်ကျင်း၊ ဝူဟန်မြို့တွေရဲ့ ၁၉၃၀- ၁၉၄၀ ကြားကရှိခဲ့တဲ့ အထင်ကရအဆောက်အအုံတွေ၊ လမ်း ပုံစံတွေ၊ စားသောက်ဆိုင်ပုံစံတွေကို Insprie ဆောက် လုပ်ပြီး ရုပ်ရှင်ဇတ်ကားတွေ ရိုက်ကူးဖို့ ပြုလုပ်ထားတဲ့ နေရာဖြစ်ပါတယ်။

Movie Town မှာ အဓိကလည်ပတ်စရာ တွေက 1942 street ၊ Nanyang Street ၊Traditional Beijing Street တွေပါပဲ။ ဒါ့အပြင် နောက် ထပ်လည်စရာပတ်စရာတွေလည်းများစွာရှိသေးသလို ထပ်မံဆောက်လုပ် နေတဲ့ အဆောက်အအုံတွေလည်း ရှိတာကိုတွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်မြို့တော်ဟာ ဟိုက်ခို ရဲ့ အထင်ကရ နေရာပါ။ နိုင်ငံခြား၀င်ငွေများစွာရရှိစေပြီး မဖြစ်မနေလည်ပတ်သင့်တဲ့နေရာဖြစ်အောင် ဖန်တီးဆွဲဆောင်ပြုလုပ် ပေးထားခြင်းကလည်း အတု ယူစရာကောင်းလှပါတယ်။

ဟိုင်နန်ပြည်ကို ဒေါ်လာ ၅၀၀ ၀န်းကျင်နဲ့လည်ပတ်နိုင်ပါပြီ

အိမ်နီးချင်းနိုင်ငံတွေကို အသွားများလာကြ တဲ့ မြန်မာခရီးသွားဧည့်သည်တွေအတွက် တကယ့်ကို အံ့သြသင့်စေမယ့်စျေးနှုန်းနဲ့ ပို့ဆောင်ပေးဖို့ နွေဦးခရီး သွားကုမ်္ပဏီကနေ စတင်လိုက်ပါပြီ။ လက်ရှိအိမ်နီး ချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမေ်္ဘာဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ စင်ကာပူ စတဲ့နိုင်ငံတွေကို သွားရောက်လည် ပတ်တဲ့ ကုန်ကျစရိတ်နီးပါး၀န်းကျင်နဲ့ ရရှိနိုင်အောင် ဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်။ တရုတ်ပြည်မှာ လည်စရာပတ်စရာတွေ စိတ်၀င်စားစရာနေရာတွေ များစွာရှိတာမို့ မြန်မာဧည့်သည်တွေအတွက် သွား ရောက်လေ့လာသင့်တဲ့ နိုင်ငံတစ်ခုလို့ ညွှန်းချင်ပါ တယ်။ ဒေါ်လာ ၅၀၀ ၀န်းကျင်နဲ့ လေးညအိပ် ငါးရက် ခရီးဖြင့် ၀န်ဆောင်မှုပေးမှာဖြစ်သလို အသွားအပြန် လေယာဉ်လတ်မှတ်ခ၊ ဟိုတယ်တည်းခိုခ၊ စားသောက် စရိတ်အပြီးအစီးနဲ့ ၀င်ကြေးအပြီးကို ဒီစျေးနှုန်းနဲ့ ဆောင်ရွက်ပေးဖို့ လက်ရှိမှာဟိုင်နန်လေကြောင်းလိုင်း နဲ့ ချိတ်ဆက်ဆောင်ရွက်နေပါပြီလို့ နွေဦး ခရီးသွား ကုမ်္ပဏီက မကြူကြူလင်းက ဆိုပါတယ်။

သုံးရက်တာ လည်ပတ်ခဲ့တယ်

စာရေးသူတို့မြန်မာအဖွဲ့ဟာ သီးခြားကမ္ဘာ တစ်ခုလို ဖြစ်တည်နေတဲ့ တရုတ်ပြည်တောင်ပိုင်း ဟိုင်နန်ကျွန်းဆီကို သုံးရက်တာ လေ့လာရေးခရီးစဉ် ပြီးနောက် ဇွန်လ ၃၀ ရက်မှာ ပြန်လည်ထွက်ခွာလာ ခဲ့ပါတော့တယ်။ တိုးတက်မှုအရှိန်အဟုန်များစွာနဲ့ လုပ်ဆောင်လာကြတဲ့ တစ်ချိန်တုန်းကမထင်မရှားပြည်နယ် တစ်ခုဟာ အခုဆိုရင် ကမ္ဘာ့အရှေ့ကိုရောက်ရှိဖို့ ကြိုးစားနေကြပါပြီ။ ဒီလိုအတုယူစရာ၊ ချီးကျူးစရာ၊ လည် ပတ်စရာတွေ များစွာဖန်တီးထားတဲ့ ဟိုင်နန်ပြည်နယ် ကိုသွားရောက်လည်ပတ်ခဲ့တဲ့ စာရေးသူအဖို့တစ်သက်တာ အမြဲအမှတ်ရမိနေစေတော့မှာပဲဖြစ်ပါတော့တယ်။

Travelling_Journal/Vol_1_Issue_14

Photo – TravellingJournal