Travelling journal
သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် ငပလီကမ်းခြေက ကြယ်လေးပွင့်အဆင့် Amara Ocean Resort ကို ပြန်လည် ဖွင့်လှစ်ထားရှိကြောင်းသိရသည်။
အဆိုပါ ဟိုတယ်သည် သံတွဲလေဆိပ် မြောက်ဘက် ဟိုတယ် ဇုန်( ၁) ထဲတွင် တည်ရှိပြီး မြေဧက ၂၀ ပေါ်တွင် ဘန်ဂလို (၂၈ ) လုံးကို တည်ဆောက်ထားကာ လက်ရှိတွင် ဘန်ဂလို (၁၄) လုံးသာ ဖွင့်လှစ် ပေးထားကြောင်းသိရသည်။
” နှစ်နှစ်ခွဲ ကျော်လောက်ထိ တောက်လျောက် ပိတ်ထားခဲ့တာပါ။ ဟိုတယ်လုပ်ငန်းကလည်း အဆက်ပြတ်နေပေမယ့် ကြိုးစား ပြီး ပြန်စတင်ဖွင့်လှစ်သွားမှာပါ။သေချာတာကတော့ ကျွန်မ တို့ အကောင်းဆုံး ဝန်ဆောင်မှု တွေ ပေးဖို့ ပြင်ဆင်ထားပါတယ်”ဟုယင်းဟိုတယ်၏ တာဝန် ရှိသူ က Travelling သို့ပြောသည်။
လက်ရှိတွင် အခန်းခစျေးနှုန်းများမှာ တစ်သိန်းခွဲ မှ စတင်ပြီး နှစ်သိန်းခွဲ ထိ ရှိသော်လည်း လာရောက်တည်းခိုသည့် ဧည့်သည်များ၏ တည်းခိုမှု ရက်အလိုက် အပေါ် ညှိနှိုင်းဝန်ဆောင်မှုကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ငပလီကမ်းခြေသို့ ငသိုင်းချောင်း – ဂွ လမ်း မှ သွားရောက် လည်ပတ်နိုင်ကြောင်းလမ်းခရီးမှာ အဆင်ပြေ ချောမွေ့သည်ဟု ယင်း လမ်းကြောင်းမှ သွားရောက် လည်ပတ်ခဲ့သည့် ခရီးသွားတစ်ဦးက Travelling သို့ သူ၏ အမြင်ကို ပြောသည်။