သုံးရောင်ခြယ်မြို့ ဟု တင်စားရသည့် ပင်းတယမြို့တွင် အကြင်နာဥယျာဥ် အမည်ရှိ View Point ကိုမကြာမီ ဖွင့်လှစ်မည်

Travelling Journal သုံးရောင်ခြယ်မြို့ဟု တင်စားခေါ်ဝေါ်ရသည့် ပင်းတယမြို့သို့ ခရီးသွားဧည့်သည်များ သွားရောက် လည်ပတ်ရာတွင် ဝင်ရောက် လည်ပတ်စရာ ဖြစ်လာမည့် အကြင်နာဥယျာဥ် အမည်ရှိ (AKYIN NAR GARDEN) Vi ...

Travelling Journal

သုံးရောင်ခြယ်မြို့ဟု တင်စားခေါ်ဝေါ်ရသည့် ပင်းတယမြို့သို့ ခရီးသွားဧည့်သည်များ သွားရောက် လည်ပတ်ရာတွင် ဝင်ရောက် လည်ပတ်စရာ ဖြစ်လာမည့် အကြင်နာဥယျာဥ် အမည်ရှိ (AKYIN NAR GARDEN) View Point ကို မကြာမီ ဖွင့်လှစ်ရန်ပြင်ဆင်နေပြီဖြစ်​ကြောင်း အကြင်နာဥယျာဥ် ပိုင်ရှင် ဖြစ်သူက Travelling သို့ ပြောသည်။

အဆိုပါအကြင်နာဥယျာဥ်ကို ေျမဧက ၂.၃၅ ဧက ပေါ်တွင် ဖော်ဆောင်ထားပြီး နားနေဆောင်နေရာ( ဝါးတဲ )၊စပျစ်စိုက်ခင်း ၊ လေသာ ဆောင် ( ရှု့​ခင်းကြည့် လေသာဆောင်) ၊ ကြိုးတံတား စသည့် Photo Booths များကို ထည့်သွင်းထား​​ကာ ရပ်နီးရပ်ဝေး ခရီးတထောက် ဝင်ရောက်အပန်းဖြေနားနိုင်အောင်ရည်ရွယ်ပြီး တည်ဆောက်ထား​ကြောင်းသိရသည်။

” အကြင်နာဥယျာဥ္ ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင် အေးချမ်းစွာ ခေတ္တလာရောက် အနားယူနိုင်အောင် Garden Land scaping ကို သေချာဖန်တီးေပးထားပါတယ္။နောက်ပြီးတော့ mini golf green field ပါ ထည့်သွင်းတည်ဆောက္သြားဖုိ႔လဲ ရွိပါတယ္။ ပင်းတယဘက်သွားရင် ပထမဆုံးသောမဝင်မဖြစ် လည်ပတ္ရမဲ့ တစ္နေရာဆိုတာ အသေချာပဲ”ဟု အကြင်နာဥယျာဥ် ပိုင်ရှင် ဖြစ်သူက Travelling သို့ပြောသည်။

ထို့ပြင် ၁ ဧက ခွဲ ရှိသည့် 360 View ကြည့်ရှု့နိုင်မည့် တောင်ပေါ်မှ လည်း ရှုခင်းများကို ကြည့်ရှုနိုင်ပြီး တောင်ပေါ်၌ နောက်ပိုင်း များတွင် Camping Site ကို ဖော်ဆောင်သွားမည် ဖြစ်​​ ကြောင်း သိရသည်။

အဆိုပါ ဥယျာဥ်ကို ပင်းတယ – အောင်ပန်း ကားလမ်းဘေး သမိုင်းဝင် ဆံတော်တောင်သွားတဲ့ လမ်း ၊ ကန်ထောင့်ကျေးရွာ (ပွေးလှ)တွင် တည်ရှိ​​ပြီး လက်ရှိတွင် ၈၅ ရာခိုင်နှုန်း ခန့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

Photo Bo Zaw