#ဖေဖော်ဝါရီ ၂၂
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ လူ၂၀၀၀ ကျော် ပါဝင်ဆန္ဒဖော်ထုတ်ကြသည့် Myanmar Tourism Industry သပိတ်စစ်ကြောင်းကို ဖေဖေါ်ဝါရီ ၂၂ ရက်က မြေနီကုန်းမှ စထွက်ခဲ့သည်။ အဆိုပါ သပိတ်စစ်ကြောင်းသည် ထိုင်းသံရုံး၊ မလေးသံရုံး၊ တရုတ်သံရုံး တို့မှ လမ်းတစ်လျှောက်ဆန္ဒဖော်ထုတ်ခဲ့ကာ ဆူးလေရှိရှန်ဂရီလာဟိုတယ်သို့ ချီတက်ခဲ့ပြီး အထိုင်သပိတ်ထပ်မံပြုလုပ်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ယခုသပိတ်စစ်ကြောင်းတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်အသီးသီးမှ Inbound / Outbound
တိုးကုမ္ပဏီပိုင်ရှင်များ ၊လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်များ၊ ဧည့်လမ်းညွှန်များ၊တိုးလီဒါများ၊ တိုးကားဆရာများ၊ဟိုတယ်လုပ်ငန်းရှင်များ၊ဟိုတယ်ခရီးလုပ်ငန်းခွင်ဝန်ထမ်းများ၊ဂါယာလုပ်ငန်းရှင်များနှင့်ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူများနှင့် ခရီးသွားသင်တန်းကျောင်းသူ/ကျောင်းသားများမှ Civil Disobedience Movement ပြုလုပ်သည့် လူအင်အားအများဆုံး ဆန္ဒဖော်ထုတ်ခဲ့ ကြခြင်းဖြစ်သည်။