စစ်ကိုင်းမြို့တွင် The Century XVI ဟိုတယ်ကို မကြာခင် ဖွင့်လှစ်တော့မည်

#TravellingJournal ဇေယျာရွှေမြေ ဟု တင်စားသည့် စစ်ကိုင်းမြို့တွင် The Century XVI ဟု အမည်ရသည့် ဟိုတယ်ကိုမကြာခင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟိုတယ်မှာ စစ်ကိုင်းမြို့ ဧရာဝတီမြ ...

#TravellingJournal

ဇေယျာရွှေမြေ ဟု တင်စားသည့် စစ်ကိုင်းမြို့တွင် The Century XVI ဟု အမည်ရသည့် ဟိုတယ်ကိုမကြာခင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟိုတယ်မှာ စစ်ကိုင်းမြို့ ဧရာဝတီမြစ်ကမ်းဘေး တွင် ရှိပြီး ဖေဖော်ဝါရီ ၂ ရက် နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကာ အခန်းခစျေးနှုန်းများမှာ Delux Room အခန်းကို ကျပ်သုံးသောင်း နှင့် Superior Room အခန်း ကို ကျပ် နှစ်သောင်းငါးထောင် သတ်မှတ် ထားကာ ယင်းဟိုတယ်တွင် Infinity Swimming Pool၊ Karaoke Room၊ Beauty &Spa ၊ Meeting Room အခန်းများလည်း ထည့်သွင်းထား ကြောင်း သိရသည်။

လက်ရှိ စစ်ကိုင်းမြို့တွင် ဟိုတယ် ၈ လုံးရှိပြီး ပြည်တွင်း ခရီးသွားလုပ်ငန်းပေါ်သာ မှီခိုရပ်တည်နေရပြီး လက်ရှိအခြေအနေအရ တစ်နေ့လျှင် ဟိုတယ်အခန်းရရှိမှုမှာ အခန်း သုံး ခန်း မှ လေး ခန်း ဝန်းကျင် ဖြင့်သာ ရပ်တည် လည်ပတ်နေရကြောင်း စစ်ကိုင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦး က Travelling journal သို့ ပြောသည်။

စစ်ကိုင်းမြို့တွင် ရှိ ထင်ရှားကျော်ကြားသည့် ဘုရားများမှာ ဆွမ်းဦး ပုညရှင်ဘုရား၊ တောင်ဖီလာဘုရား၊ ဇေတဝန် ဘုရား၊ ချမ်းသာကြီးဘုရား ၊ ဥမင်သုံးဆယ် ၊ ရှင်ပင်နန်းဦး ၊ နံပင်နံကိုင်းဘုရား ၊ လေးကျွန်းမာန်အောင်ဘုရား၊ ပတ္တမြားစေတီဘုရား၊ထူပါရုံဘုရား၊ ရှင်ဖြူရှင်လှဘုရား ၊ အောင်မြေ လောက ကျောက်စေတီဘုရား ၊ ငါးထပ်ကြီး ဘုရား နှင့် ကောင်းမှုတော်ဘုရားတို့ ဖြစ်ကြသည်။

#ZawgyiVersion

ေဇယ်ာေ႐ႊေျမ ဟု တင္စားသည့္ စစ္ကိုင္းၿမိဳ႕တြင္ The Century XVI ဟု အမည္ရသည့္ ဟိုတယ္ကို မၾကာခင္ြဖင့္လွစ္ေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဟိုတယ္မွာ စစ္ကိုင္းၿမိဳ႕ ဧရာဝတီျမစ္ကမ္းေဘး တြင္ ရွိၿပီး ေဖေဖာ္ဝါရီ ၂ ရက္ ေန႕တြင္ ဖြင့္လွစ္မည္ ျဖစ္ကာ အခန္းခေစ်းႏႈန္းမ်ားမွာ Delux Room အခန္းကို က်ပ္သုံးေသာင္း ႏွင့္ Superior Room အခန္း ကို က်ပ္ ႏွစ္ေသာင္းငါးေထာင္ သတ္မွတ္ ထားကာ ယင္းဟိုတယ္တြင္ Infinity Swimming Pool၊ Karaoke Room၊ Beauty &Spa ၊ Meeting Room အခန္းမ်ားလည္း ထည့္သြင္းထား ေၾကာင္း သိရသည္။

လက္ရွိ စစ္ကိုင္းၿမိဳ႕တြင္ ဟိုတယ္ ၈ လုံးရွိၿပီး ျပည္တြင္း ခရီးသြားလုပ္ငန္းေပၚသာ မွီခိုရပ္တည္ေနရၿပီး လက္ရွိအေျခအေနအရ တစ္ေန႕လွ်င္ ဟိုတယ္အခန္းရရွိမႈမွာ အခန္း သုံး ခန္း မွ ေလး ခန္း ဝန္းက်င္ ျဖင့္သာ ရပ္တည္ လည္ပတ္ေနရေၾကာင္း စစ္ကိုင္း ဟိုတယ္လုပ္ငန္းရွင္
တစ္ဦး က Travelling journal သို႔ ေျပာသည္။

စစ္ကိုင္းၿမိဳ႕တြင္ ရွိ ထင္ရွားေက်ာ္ၾကားသည့္ ဘုရားမ်ားမွာ ဆြမ္းဦး ပုညရွင္ဘုရား၊ ေတာင္ဖီလာဘုရား၊ ေဇတဝန္ ဘုရား၊ ခ်မ္းသာႀကီးဘုရား ၊ ဥမင္သုံးဆယ္ ၊ ရွင္ပင္နန္းဦး ၊ နံပင္နံကိုင္းဘုရား ၊ ေလးကြၽန္းမာန္ေအာင္ဘုရား၊ ပတၱျမားေစတီဘုရား၊ထူပါ႐ုံဘုရား၊ ရွင္ျဖဴရွင္လွဘုရား ၊ ေအာင္ေျမ ေလာက ေက်ာက္ေစတီဘုရား ၊ ငါးထပ္ႀကီး ဘုရား ႏွင့္ ေကာင္းမႈေတာ္ဘုရားတို႔ ျဖစ္ၾကသည္။

#Photo The Century XVI