မလိခမြစ်ကြောင်းတစ်လျောက် မြစ်တွင်းခရီးစဥ် ပထမဆုံး စတင် ဖော်ဆောင်မည်

#TravellingJournal ပူတာအို ဒေသ ခရီးသွားဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး မလိခမြစ်ကြောင်းတစ်လျောက် အပျော်စီး ခရီးစဥ် ပထမဆုံး စတင် ဖော်ဆောင်တော့မည်ဖြစ်ကြောင်း ဒေသခံခန္တီးရှမ်းတိုင်းရင်းသာ ...

#TravellingJournal

ပူတာအို ဒေသ ခရီးသွားဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး မလိခမြစ်ကြောင်းတစ်လျောက် အပျော်စီး ခရီးစဥ် ပထမဆုံး စတင် ဖော်ဆောင်တော့မည်ဖြစ်ကြောင်း ဒေသခံခန္တီးရှမ်းတိုင်းရင်းသား တစ်ဦးက Travelling Journal သို့ ပြောကြားသည်။

အဆိုပါ အစီအစဥ်ကို ရှမ်းကျေးရွာတစ်ခု ဖြစ်သည့်မုဒုံ ရွာမှ တဆင့် ကောင်းမှုလုံ ဘုရားထိ မြစ်ကြောင်း တစ်လျောက်ကို စီးရန် စီစဥ်ထားခြင်း ဖြစ် ကြောင်းသိရသည်။

လက်ရှိတွင် ပူတာအို ရေခဲတောင်ဒေသ ခရီးသွားဖွံ့ဖြိုးရေးအတွက် မြစ်ကြီးနားအခြေစိုက် ခရီးသွားကုမ္မဏီ
တစ်ခု ဖြစ်သည့် နွေဦးခရီးသွားကုမ္ပဏီ နှင့် ဒေသခံခန္တီးရှမ်း တိုင်းရင်းသားတို့က ပူးပေါင်း ဖော်ဆောင် ခြင်းဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ရဲ့ ပူတာအို ဒေသ ဟာ ခရီးသွား လုပ်ငန်းကို အင်မတန်လုပ်ကိုင်လို့ရတဲ့ ဒေသတစ်ခုပါ။ ပူတာအို ကို လာလည်တဲ့ ခရီးသွားတွေ ရက်ကြာကြာနေနိုင်အောင် Activity တွေ လုပ်လို့ရအောင် အခု မလိခမြစ်ကြောင်းတစ်လျောက် ဖောင်စီးတာပေါ့နော်။ ဖောင်တော့မဟုတ်ဘူးပေါ့ ။ သစ်ထွင်းလှေ နဲ့ မြစ်တွင်းတစ်လျောက် လှပတဲ့ မြင်ကွင်းတွေကို ကြည့်ရှု့ခံစားမယ်။ တိုင်းရင်းသား တွေရဲ့ လူနေမှု ဘဝတွေကို လေ့လာနိုင်မယ်။ အဲလို လုပ်ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ ဒီဘက်ဒေသက လူတွေရဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ ကို ဖော်ဆောင် ပေးချင်လို့ ရည်ရွယ်ပါတယ် “ဟု ဒေသခံခန္တီးရှမ်း တိုင်းရင်းသားတစ်ဦးက Travelling journal သို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်းက ဖုန်ကန်ရာဇီ ရေခဲတောင်တက်ရောက်ခဲ့သည့်ခရီးသွားတစ်ချို့က မလိခမြစ်ကြောင်း တစ်လျောက် မြစ်တွင်း လှေစီးခြင်း ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့ပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက လည်း ပူတာအို ဒေသ မလိခမြစ်ကြောင်းတစ်လျောက် မြစ်တွင်း လေ့လာရေးကို သွားရောက် ရန် စီစဥ် ထားကြောင်းသိရသည်။

#ZawgyiVersion

ပူတာအို ေဒသ ခရီးသြားဖြံ႕ၿဖိဳးေရးအတြက္ ရည္႐ြယ္ၿပီး မလိချမစ္ေၾကာင္းတစ္ေလ်ာက္ အေပ်ာ္စီး ခရီးစဥ္ ပထမဆုံး စတင္ ေဖာ္ေဆာင္ေတာ့မည္ျဖစ္ေၾကာင္း ေဒသခံခႏၱီးရွမ္းတိုင္းရင္းသား တစ္ဦးက Travelling Journal သို႔ ေျပာၾကားသည္။

အဆိုပါ အစီအစဥ္ကို ရွမ္းေက်း႐ြာတစ္ခု ျဖစ္သည့္မုဒုံ ႐ြာမွ တဆင့္ ေကာင္းမႈလုံ ဘုရားထိ ျမစ္ေၾကာင္း တစ္ေလ်ာက္ကို စီးရန္ စီစဥ္ထားျခင္း ျဖစ္ ေၾကာင္းသိရသည္။

လက္ရွိတြင္ ပူတာအို ေရခဲေတာင္ေဒသ ခရီးသြားဖြံ႕ၿဖိဳးေရးအတြက္ ျမစ္ႀကီးနားအေျခစိုက္ ခရီးသြားကုမၼဏီ
တစ္ခု ျဖစ္သည့္ ႏြေဦးခရီးသြားကုမၸဏီ ႏွင့္ ေဒသခံခႏၱီးရွမ္း တိုင္းရင္းသားတို႔က ပူးေပါင္း ေဖာ္ေဆာင္ ျခင္းျဖစ္ေၾကာင္းသိရသည္။

“ကြၽန္ေတာ္တို႔ရဲ႕ ပူတာအို ေဒသ ဟာ ခရီးသြား လုပ္ငန္းကို အင္မတန္လုပ္ကိုင္လို႔ရတဲ့ ေဒသတစ္ခုပါ။ ပူတာအို ကို လာလည္တဲ့ ခရီးသြားေတြ ရက္ၾကာၾကာေနနိုင္ေအာင္ Activity ေတြ လုပ္လို႔ရေအာင္ အခု မလိချမစ္ေၾကာင္းတစ္ေလ်ာက္ ေဖာင္စီးတာေပါ့ေနာ္။ ေဖာင္ေတာ့မဟုတ္ဘူးေပါ့ ။ သစ္ထြင္းေလွ နဲ႕ ျမစ္တြင္းတစ္ေလ်ာက္ လွပတဲ့ ျမင္ကြင္းေတြကို ၾကည့္ရႈ႕ခံစားမယ္။ တိုင္းရင္းသား ေတြရဲ႕ လူေနမႈ ဘဝေတြကို ေလ့လာနိုင္မယ္။ အဲလို လုပ္ဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားတယ္။ ဒီဘက္ေဒသက လူေတြရဲ႕ အလုပ္အကိုင္အခြင့္အလန္းေတြ ကို ေဖာ္ေဆာင္ ေပးခ်င္လို႔ ရည္႐ြယ္ပါတယ္ “ဟု ေဒသခံခႏၱီးရွမ္း တိုင္းရင္းသားတစ္ဦးက Travelling journal သို႔ ေျပာသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းတြင္းက ဖုန္ကန္ရာဇီ ေရခဲေတာင္
တက္ေရာက္ခဲ့သည့္ခရီးသြားတစ္ခ်ိဳ႕က မလိချမစ္ေၾကာင္း တစ္ေလ်ာက္ ျမစ္တြင္း ေလွစီးျခင္း ကို ေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ ျမန္မာနိုင္ငံ ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ႏွင့္ ျမန္မာနိုင္ငံ ဟိုတယ္ဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူ တစ္ဦးက လည္း ပူတာအို ေဒသ မလိချမစ္ေၾကာင္းတစ္ေလ်ာက္ ျမစ္တြင္း ေလ့လာေရးကို သြားေရာက္ ရန္ စီစဥ္ ထားေၾကာင္းသိရသည္။