ထိုင်းနိုင်ငံက Cannabis Tour ခရီးစဥ်ကို မြန်မာခရီးသွားများ သွားရောက်လည်ပတ်နိုင်ရန် ပထမဆုံးအကြိမ်စီစဥ်

ထိုင်းနိုင်ငံက Cannabis Tour ခရီးစဥ်ကို မြန်မာခရီးသွားများ သွားရောက်လည်ပတ်နိုင်ရန် ပထမဆုံးအကြိမ်စီစဥ်

#TravellingJournal

ထိုင်းနိုင်ငံ က Cannabis Tour ခရီးစဥ်ကို မြန်မာခရီးသွားများ သွားရောက်လည်ပတ်နိုင်ရန်ပထမ ဆုံး အကြိမ် စီစဥ် နေကြောင်း OutBound Tour လုပ်ကိုင်နေသည့် ခရီးသွား ကုမ္ပဏီ တစ်ချို့ထံမှသိရသည်။

အဆိုပါ ခရီးစဥ်ကို ဇွန် ၁၇ ရက်မှ ဇွန်လ ၁၉ အထိသွားရောက် လည်ပတ်နိုင်ရန် စီစဥ်ထားပြီး ထိုင်းနိုင်ငံ တွင် ရုံးခွဲ ဖွင့်လှစ် ထားသည့် Direct Go Thailand Travels & Tours မှ တာဝန်ယူ စီစဥ် ပေးသွားမည် ဖြစ် ကြောင်း ယင်းကုမ္ပဏီ၏ တာဝန် ရှိသူတစ်ဦးက Travelling journal သို့ပြောသည်။

မြန်မာ့ခရီးသွား လုပ်ငန်းအခြေအနေမှာ သုံးနှစ်နီးပါး ရပ်တန့်တုံ့ဆိုင်း ခဲ့ရပြီး ပြည်ပခရီးဝန်ဆောင်မှု ပေးနေသည့် OutBound Tour စျေးကွက် မှာလည်း ပျက်စီး ခဲ့ ရကြောင်း သိရသည်။

ယခုနှစ် မှ စတင်ကာ ပြည်ပသို့ခရီးသွားရောက်မှု မှာ တဖြေးဖြေး ပြန်လည် စတင် လာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ တွင် ဆေးခြောက်ပင်ကို တရားဝင်စိုက်ပျိုးခွင့်ရရှိခဲ့သည့် နိုင်ငံ ဖြစ်လာပြီးဆေးခြောက်ထည့်သွင်းချက်ပြုတ်ထားသည့် ဟင်းလျာများကိုလည်း ဝယ်ယူနိုင်ပြီဖြစ်ကြောင်းသိရသည်။

ထိုင်းအစိုးရ က ဆေးခြောက်ပင်စိုက်ပျိုးရေးကို လုပ်ကိုင်နိင်ရန်အတွက် အစေ့များကို ဖြန့်ဝေပေးနေပြီး လက်ရှိတွင် ဆေးခြောက်ပင်စိုက်ရန် စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီ ပေါင်း ၂၀၀၀ ကျော် ရှိ ကြောင်း သိရသည်။

“ကုမ္ပဏီ ၂၀၀၀ ကျော် က စာရင်းပေးထားပေမဲ့ အခုထိကျတာက ကုမ္ပဏီ လေးခုပဲ ကျသေးတယ်။ ဘယ်နှစ် ဧကစိုက်ရမယ်လို့မသက်မှတ်ထားပါဘူး။ Register လုပ်ထားတဲ့ မြေအကျယ် area ထက်တော့မ ကျော်ရဘူးလို့ တော့ သိရပါတယ် “ဟု Direct Go Thailand Travels & Tours မှ တာဝန် ရှိသူတစ်ဦးက Travelling journal သို့ပြောသည်။
နှစ် ညအိပ် သုံးရက် ခရီးစဥ် ကို လူတစ်ဦးလျှင်လေယာဥ် ဖြင့် ဆိုပါက ဘတ် တစ်သောင်း ဝန်းကျင် ကျမည် ဖြစ်ပြီး ကား ဖြင့် ဆိုပါက ဘတ် ၇၅၀၀ ဝန်းကျင် ကျမည်ဖြစ်ကြောင်း သိရသည်။

” မယ်ဟောင်ဆောင်က ထိုင်းမြောက်ပိုင်း ဖြစ်ပြီးလွိုင်ကော် နဲ့နီးတယ်။ အခု စာရင်းပေးထားတာကတော့ ၁၀ ယောက်ကျော်ပြီ “ဟု ယင်း ခရီးသွား ကုမ္ပဏီ မှ တာဝန် ရှိသူက ပြောသည်။

#ZawgyiVersion

ထိုင္းနိုင္ငံ က Cannabis Tour ခရီးစဥ္ကို ျမန္မာခရီးသြားမ်ား သြားေရာက္လည္ပတ္နိုင္ရန္ ပထမဆုံး အႀကိမ္ စီစဥ္ ေနေၾကာင္း OutBound Tour လုပ္ကိုင္ေနသည့္ ခရီးသြား ကုမၸဏီ တစ္ခ်ိဳ႕ထံမွသိရသည္။

အဆိုပါ ခရီးစဥ္ကို ဇြန္ ၁၇ ရက္မွ ဇြန္လ ၁၉ အထိသြားေရာက္ လည္ပတ္နိုင္ရန္ စီစဥ္ထားၿပီး ထိုင္းနိုင္ငံ တြင္ ႐ုံးခြဲ ဖြင့္လွစ္ ထားသည့္ Direct Go Thailand Travels & Tours မွ တာဝန္ယူ စီစဥ္ ေပးသြားမည္ ျဖစ္ ေၾကာင္း ယင္းကုမၸဏီ၏ တာဝန္ ရွိသူတစ္ဦးက Travelling journal သို႔ေျပာသည္။

ျမန္မာ့ခရီးသြား လုပ္ငန္းအေျခအေနမွာ သုံးႏွစ္နီးပါး ရပ္တန့္တုံ႕ဆိုင္း ခဲ့ရၿပီး ျပည္ပခရီးဝန္ေဆာင္မႈ ေပးေနသည့္ OutBound Tour ေစ်းကြက္ မွာလည္း ပ်က္စီး ခဲ့ ရေၾကာင္း သိရသည္။

ယခုႏွစ္ မွ စတင္ကာ ျပည္ပသို႔ခရီးသြားေရာက္မႈ မွာ တေျဖးေျဖး ျပန္လည္ စတင္ လာခဲ့ၿပီ ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ထိုင္းနိုင္ငံ တြင္ ေဆးေျခာက္ပင္ကို တရားဝင္စိုက္ပ်ိဳးခြင့္ရရွိခဲ့သည့္ နိုင္ငံ ျဖစ္လာၿပီးေဆးေျခာက္ထည့္သြင္းခ်က္ျပဳတ္ထားသည့္ ဟင္းလ်ာမ်ားကိုလည္း ဝယ္ယူနိုင္ၿပီျဖစ္ေၾကာင္းသိရသည္။

ထိုင္းအစိုးရ က ေဆးေျခာက္ပင္စိုက္ပ်ိဳးေရးကို လုပ္ကိုင္နိင္ရန္အတြက္ အေစ့မ်ားကို ျဖန့္ေဝေပးေနၿပီး လက္ရွိတြင္ ေဆးေျခာက္ပင္စိုက္ရန္ စာရင္း ေပးသြင္းထားသည့္ ကုမၸဏီ ေပါင္း ၂၀၀၀ ေက်ာ္ ရွိ ေၾကာင္း သိရသည္။

“ကုမၸဏီ ၂၀၀၀ ေက်ာ္ က စာရင္းေပးထားေပမဲ့ အခုထိက်တာက ကုမၸဏီ ေလးခုပဲ က်ေသးတယ္။ ဘယ္ႏွစ္ ဧကစိုက္ရမယ္လို႔မသက္မွတ္ထားပါဘူး။ Register လုပ္ထားတဲ့ ေျမအက်ယ္ area ထက္ေတာ့မ ေက်ာ္ရဘူးလို႔ ေတာ့ သိရပါတယ္ “ဟု Direct Go Thailand Travels & Tours မွ တာဝန္ ရွိသူတစ္ဦးက Travelling journal သို႔ေျပာသည္။

ႏွစ္ ညအိပ္ သုံးရက္ ခရီးစဥ္ ကို လူတစ္ဦးလွ်င္ေလယာဥ္ ျဖင့္ ဆိုပါက ဘတ္ တစ္ေသာင္း ဝန္းက်င္ က်မည္ ျဖစ္ၿပီး ကား ျဖင့္ ဆိုပါက ဘတ္ ၇၅၀၀ ဝန္းက်င္ က်မည္ျဖစ္ေၾကာင္း သိရသည္။

” မယ္ေဟာင္ေဆာင္က ထိုင္းေျမာက္ပိုင္း ျဖစ္ၿပီးလြိုင္ေကာ္ နဲ႕နီးတယ္။ အခု စာရင္းေပးထားတာကေတာ့ ၁၀ ေယာက္ေက်ာ္ၿပီ “ဟု ယင္း ခရီးသြား ကုမၸဏီ မွ တာဝန္ ရွိသူက ေျပာသည္။

#Cannabis Tour

#OutboundTour