
#Travelling Journal
ငလျင်ဒဏ်ထိခဲ့သည့် မန္တလေးရှိ Ritz Grand Hotel ကို အင်ဂျင်နီယာလေးဖွဲ့ မှ လာရောက်စစ်ဆေးခဲ့ပြီး ဟိုတယ်ကို ငလျင်ဒဏ်ခံနိုင်သည့် Special Moment Resisting Frame ဖြင့် တည်ဆောက်ထားသည့်အတွက် အဓိက Structural members မထိခိုက်ပဲအလှအုတ်နံရံများသာ ထိခိုက်ခဲ့ကြောင်း ဟိုတယ်၏တာဝန်ရှိသူက Travelling သို့ပြောသည်။
လက်ရှိစစ်ဆေးချက်များအရ ငလျင်ဒဏ်ထိခဲ့သည့် အဆိုပါဟိုတယ်၏ ဒုတိယထပ် မှ ခြောက်ထပ်အလွှာများရှိ အလှဆင်ကာရံထားသော အုတ်ဖောင်းလိုင်းအစိတ်အပိုင်းအချို့ကွဲအက်ကွာကျခြင်းများနှင့်ရေပိုက်လိုင်းအချို့ပြုတ်ထွက်ခဲ့ခြင်းသာဖြစ်ခဲ့သည်ဟု အဆိုပါ ဟိုတယ်ကိုငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦဒီဇိုင်းပုံစံထုတ်လုပ်ပေးခဲ့သည့် PE အင်ဂျင်နီယာဦးခင်မောင်ဇော် က Travelling သို့ပြောသည်။
” အဆောက်အဦမှာ Structural members နဲ့ Non Structural members ဆိုပြီး နှစ်ခုခွဲထားပါတယ်။ S.M မှာက အဓိက foundation၊ အဓိကပင်မထုတ်များ၊ စလက်ပြင် တို့က အဓိကကျတဲ့ members တွေပါ။ အဲဒါတွေမဖြစ်ရင် အဆောက်အဦက ပြိုစရာမရှိဘူး။ လူအသက်အန္တရယ်ထိခိုက်တာမရှိဘူး။ စစ်ဆေးခဲ့တော့ Non Structural members တွေဖြစ်တဲ့ အုတ်ရိုးတွေ အလှထုတ်တာတွေကတော့ကွဲတာပဲ့ကျိုးတာအပြင်နံရံတွေထိတာတွေ့ရတယ်။ အခုမြင်တွေ့ရတာတွေက အပြင်ဘက်အလှထုတ်ထားတဲ့ နံရံတွေက ကွဲအက်ပြုတ်ကျတာဖြစ်ပါတယ်။ ပင်မအဆောက်အဦက တိမ်းစောင်းခြင်း ၊
နိမ့်ကျခြင်း မရှိခဲ့ပါဘူး။အဆောက်အဦက မတ်မတ်ပဲရှိတယ် “ဟု ဟိုတယ်အားစစ်ဆေးခဲ့သည့် အင်ဂျင်နီယာ ဦးခင်မောင်ဇော်က Travelling သို့ ပြောသည်။

အဆိုပါဟိုတယ်သို့ PE အင်ဂျင်နီယာဦးခင်မောင်ဇော်အဖွဲ့ ၊ PE အင်ဂျင်နီယာဒေါက်တာလှမျိုးအောင်အဖွဲ့နှင့် ဟိုတယ်ခရီးမှ အင်ဂျင်နီယာအဖွဲ့များအပြင် ဟိုတယ်၏ သက်ဆိုင်ရာအင်ဂျင်နီယာအဖွဲဲ့များမှ လာရောက်စစ်ဆေးခဲ့ပြီး ယင်းအဖွဲ့များ၏ သဘောထားမှတ်ချက်များမှာ အဓိကပင်မတိုင်များ၊ အဓိကပင်မထုတ်များ၊ စလက်ပြင်များထိခိုက်မှုမရှိပဲ Non Structural members ဖြစ်သည့် အလှထုတ်ထားသည့် အုတ်နံရံ အများစုပျက်စီးသာ ပျက်စီးခဲ့ပြီး အလတ်စားပြင်ဆင်မှုပြုလုပ်ပြီးမှ သာ ဆက်လက် အသုံးပြုရန် မှတ်ချက်များ ပေးထားခဲ့ကြောင်း သိရသည်။
ယင်းဟိုတယ်ကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ် ခဲ့ပြီးငလျင်ဒဏ် ခံနိုင်အောင် အဆောက်အဦကို တည်ဆောက်ခဲ့ကြောင်း သိရသည်။
#Travelling Journal
#News
ပုံ-စာ ဇွန်လဆန်းပိုင်းက မြင်တွေ့ရသည့် Ritz Grand Hotel Mandalay ဟိုတယ်၏ မြင်ကွင်းကိုတွေ့ရစဥ်။



