စစ်ကိုင်းမြို့ရှိ ဟိုတယ်(၁၄ )လုံးအနက်ဟိုတယ်နှစ်လုံးမှာ ငလျင်ဒဏ်နှင့်ပတ်သက်ပြီး ဝန်ကြီးဌာနနှင့် ဆက်သွယ်မှုမရှိ​သေးဟုဆို

#Travelling Journal အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက်ဟိုတယ်နှင့်တည်းခိုရိပ်သာ(၁၄)လုံးရှိပြီး ထိခိုက်ပြိုကျပျက်စီးခဲ့ရသည့် ဟိုတယ် စာရင်းများသိရှိရသော်လည် ...
#Travelling Journal

အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက်ဟိုတယ်နှင့်တည်းခိုရိပ်သာ(၁၄)လုံးရှိပြီး ထိခိုက်ပြိုကျပျက်စီးခဲ့ရသည့် ဟိုတယ် စာရင်းများသိရှိရသော်လည်း
ကျန်ဟိုတယ်နှစ်လုံးမှာ ဝန်ကြီးဌာနနှင့်ဆက်သွယ်မှုမရှိခြင်းကြောင့် အခြေအနေကိုမသိရှိရကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

“ဟိုတယ်လေးလုံးကတော့ ထိခိုက်ပြီး ဖျက်ရမဲ့စာရင်းထဲပါပါတယ်။ ရွှေကမ္ဘာဟိုတယ်ကတော့
အနီရောင်အဆင့်ဖြစ်လို့ ဖျက်ရမှာပါ။သာရွှေပြည်တည်းခိုရိပ်သာကတော့ တစ်ခြမ်းစောင်းသွားတာကြောင့် ဖျက်ရမှာပါ။ Happy Hotel ကတော့ လိမ္မော်ရောင်အဆင့် အနည်းငယ်စောင်းတယ်။ ပြန်ပြီးအသေးစိတ် စစ်ဆေးရမှာပါ။ ငြိမ်းသီရိဟိုတယ်ကတော့ ဘန်ဂလို(၃၅) ခန်းမှာ ၁၀ခန်းပြိုကျပြီး(၂၅)ခန်းက ပြင်ဆင်ခွင့်ရဖို့တင်ပြထားပါတယ်။ လက်မှတ်ရအင်ဂျင်နီယာများနဲ့ စစ်ဆေးပြီးပါပြီ “ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး) မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

ထို့ပြင် ပြင်ဆင်ခွင့်တင်ပြထားသည့် ဟိုတယ်စာရင်းများမှာ ဟိုတယ်စစ်ကိုင်း၊ရွှေပြည့်စုံ၊ကောင်းဆက်ပိုင်တည်းခိုရိပ်သာ၊ မြင့်မိုရ်တည်းခိုရိပ်သာ၊ ထီလာဝမ်းတည်းခိုရိပ်သာ၊ စိန်ပန်းမြိုင်တည်းခိုရိပ်သာ
နှင့် ငြိမ်းသီရိဟိုတယ်က (၂၅)ခန်း ပြင်ဆင်ခွင့်တင်ပြထားကြောင်း သိရသည်။

ထို့ပြင် ငလျင်ဒဏ်မထိခိုက်ပဲ ပြန်ဖွင့်ခွင့်ရသည့်
ဟိုတယ်နှစ်လုံးမှာ ရွှေတောင်ရိုးတည်းခိုရိပ်သာနှင့် KFP တည်းခိုရိပ်သာဖြစ်ပြီး Top Royal Hotel နှင့် ဟေဝန်နန်းတည်းခိုရိပ်သာတို့မှာ ငလျင်ဒဏ်ထိခိုက်မှုရှိ/မရှိ အ​ခြေအနေကို ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်အသိပေးခြင်းမရှိကြောင်း သိရသည်။

#Travelling Journal
#News
#Photo internet
ပုံ-စာ ပြင်ဆင်ခွင့်တင်ပြထားသည့်ဟိုတယ်စာရင်းတွင်ပါဝင်သည့်ဟိုတယ်တစ်ခုကို(ငလျင်မဖြစ်မီ)တွေ့ရစဥ်။