ခရီးသွားလုပ်ငန်း အသိုက်အဝန်းမှ အလှူရှင်များစုပေါင်းပြီး အင်းလေး ပေါက်ပါးရွာတွင် ဝါးအိမ်များ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ပေးနေ

#TravellingJournal ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းလေး ဒေသရှိ ပေါက်ပါးရွာတွင် ငလျင်ဘေးသင့်အိမ်များအတွက် ခရီးသွားလုပ်ငန်းအသိုက်အဝန်းမှ အလှူရှင်များစုပေါင်းပြီး ဝါးအိမ်များကို က ...

#TravellingJournal

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းလေး ဒေသရှိ ပေါက်ပါးရွာတွင် ငလျင်ဘေးသင့်အိမ်များအတွက် ခရီးသွားလုပ်ငန်းအသိုက်အဝန်းမှ အလှူရှင်များစုပေါင်းပြီး ဝါးအိမ်များကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်ပေးနေကြောင်းဦးဆောင်ဆောင်ရွက်လုပ်ကိုင်နေသည့် ဧည့်လမ်းညွှန် ဦးတင်လှိုင်က Travelling သို့ပြောသည်။

” ငလျင်လှုပ်ခါစက အင်းလေးမှာ ပျက်ကျသွားတဲ့ အိမ်တွေကို ဝါးအိမ်လေးတစ်လုံးလောက်ပြန်ဆောက်ပေးချင်လိုက်တာဆိုပြီး ညီမလေးဝါဝါနဲ့ စတင်ခဲ့ပါတယ် ။ အမှန်အတိုင်းပြောရရင် အစပထမမှာ ကျွန်တော်တို့ရော မဝါဝါ ပါ ( Emotion Travel ) နဲ့ ပူးပေါင်းကာ အိမ်တစ်အိမ်လှူနိုင်ဖို့တောင် မဝံ့မရဲခဲ့ပါဘူး။ ဒါပေမဲ့ တဖြည်း ဖြည်းနဲ့ ပြည်တွင်း/ပ က အလှူရှင်တွေ တိုးတိုးလာတာ အခုဆိုရင်( ၅) အိမ်အထိ ဆောက်လုပ်လှူဒါန်းနိုင်ပါပြီ။ အင်းလေးထိ ကိုယ့်စရိတ်နဲ့ကိုယ်လာပြီး ငွေဇင်ယော်ဆေးလိပ်ခုံမှာဘဲ တည်းခိုကာ ကြီးကြပ်ပေးနေပါတယ်။ ဒေါ်တင်မြင့်၊ မသွယ်သွယ်မြင့်တို့က Eyeful Lake Restaurent ၊ အခု ( ၅) အိမ်မြောက် အလှူရှင် Ava Travel က organize လုပ်ပေးထားတယ် “ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးတင်လှိုင်က Travelling သို့ ပြောသည်။

အင်းလေးရှိ ပေါက်ပါးရွာသည် ရေပေါ်ရွာဖြစ်ပြီး
အိမ်​ခြေ (၂၂၈)လုံး ရှိပြီး ပျက်စီးခဲ့သည့် အိမ်ခြေ (၉၄) လုံးရှိကာ ယိုင်နဲ့ ခဲ့သည့် အိမ်ခြေ (၁၀၈ )အိမ်ရှိကြောင်းသိရသည်။

အဆိုပါ ဝါးအိမ်များတည်ဆောက်ရာတွင် အိမ်တစ်လုံးလျင် ကျပ် (၅၂ )သိန်း ကုန်ကျကြောင်း သိရသည်။

“ကျွန်တော်တို့ အခုလုပ်နေတာက သေသပ်ခိုင်ခန့်ပြီး လက်ရာကောင်းကောင်းနဲ့ပါ။ဝါးဘိုးဝါးမဟုတ်ပါဘူး။ ဝါးကအစ အင်းလေးရေထဲမှာ ကြာကြာခံတဲ့ ဝါးနဲ့ တည်ဆောက်ပေးပါတယ် ” ဟု ဦးတင်လှိုင်က Travelling သို့ ပြောသည်။

#TravellingJournal
#News
#Photo Tin Hlaing