တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ ရက် ပြောင်းလဲ

#TravellingJournal တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို ရက်ပြောင်းလဲလိုက်ကြောင်း ပွဲတော်ကျင်းပရေး ပြန်ကြားရေးကော်မတီမှ တာဝန်ရှိသူ ဦးအောင်မျိုးက Travelling သို့ ပြော ...

#TravellingJournal

တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို ရက်ပြောင်းလဲလိုက်ကြောင်း ပွဲတော်ကျင်းပရေး ပြန်ကြားရေးကော်မတီမှ တာဝန်ရှိသူ ဦးအောင်မျိုးက Travelling သို့ ပြောသည်။

ယခင်က တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ (၉)ရက်မှ နိုဝင်ဘာ (၁၅)ရက်အထိ အဝေရာမီးပုံးပျံကွင်း တွင်ကျင်းပမည်ဟုသတ်မှတ်ထားသော်လည်း ရာသီဥတု အခြေအနေကြောင့် ပွဲတော်ကို ရက် နောက်ဆုတ်ပြီး နိုဝင်ဘာ (၁၁) ရက် မှ နိုဝင်ဘာ ၁၇ ရက်ထိ (၇)ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

” ရာသီဥတုကြောင့် နှစ်ရက် နောက်ဆုတ်လိုက်တာပါ။ ပြီးခဲ့တဲ့ နှစ်ထက် ဒီနှစ်က ဝင်ပြိုင်တဲ့သူပိုများတယ်။ ဒီနှစ်မှာ ( ၂၅၉ )လုံး ဝင်ရောက် ယှဥ်ပြိုင်မှာဖြစ်ပါတယ် ” ဟု ပွဲတော်ကျင်းပရေး ပြန်ကြားရေးကော်မတီ မှ တာဝန်ရှိသူ ဦးအောင်မျိုး က Travelling သို့ ပြောသည်။

အဆိုပါ မီးပုံးပျံပွဲတော်ကို ယမန်နှစ် ၂၀၂၃ ခုနှစ်မှ စတင်ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားသလို ပြည်ပခရီးသွားများပါ စိတ်ဝင်စားသည့် အထင်ကရ ရိုးရာပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ညမီးကျည် ၊ စိန်နားပန် နှင့် နေ့လွှတ်အရုပ်မီးပုံးပျံ အပါအဝင် စုစုပေါင်း (၂၅၉ ) လုံးလွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

Traditional Festival
Photo Sai Aung Myoe