
#TravellingJournal
ကလောအခြေစိုက် ဟိုတယ်တစ်ခုဖြစ်သည့်
Kalaw Princess Hotel ကို ဂျာမန် ဟိုတယ် အမည် ပြောင်းလဲပြီး မကြာခင် ဟိုတယ်အား ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းဟိုတယ်၏ ပြောရေးဆိုခွင့်ရှိသူက Travelling သို့ပြောသည်။
“ဇန်နဝါရီလကုန်မှာ Brand အသစ်နဲ့ပြန်ဖွင့်ပါမယ်။ လက်ရှိပေးထားတဲ့ Kalaw princess အမည်ကိုပြောင်းလဲပြီး အခြား German name တစ်ခုနဲ့ဟိုတယ်ကို ပြန်ဖွင့်လှစ်ပါမယ် “ဟု Manager ဖြစ်သူက Travelling သို့ ပြောသည်။

ယင်းဟိုတယ်ကို ပြန်လည် ဖွင့်လှစ်ပါက ဟိုတယ်ဝန်ထမ်းများကို ၁၀၀ ရာခိုင်နှုန်း အသစ်ပြန်လည်ခေါ်ယူသွားမည်ဖြစ်ပြီး လက်ရှိကာလတွင် ယခင်ဖုန်းနံပါတ်များ နှင့် ဆက်သွယ်လုပ်ဆောင်မှုများရှိပါက ဟိုတယ်နှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် လက်ရှိ၌ ယင်း ဖုံးနံပတ် တစ်လုံးသာ 09670000124 အမှန်ဖြစ်ကြောင်း ဟိုတယ်၏ ပြောရေးဆိုခွင့်ရှိသူက Travelling သို့ ပြောသည်။
” လက်ရှိမှာတော့ ၂၅ ခန်းရှိပါတယ်။ German နိုင်ငံခြားသားက မန်နေဂျာ လုပ်ကိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ စီမံခန့်ခွဲတဲ့ အပိုင်းကိုတော့ ပိုင်ရှင်ဖြစ်သူ ဒေါ်တင့်တင့်လွင် ကိုယ်တိုင်အုပ်ချုပ်ပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ် “ဟု ယင်းဟိုတယ်၏ Managerဖြစ်သူက Travelling သို့ ပြောသည်။
လက်ရှိတွင် စစ်ကိုင်းမြို့နှင့်ကလောမြို့ရှိ ဟိုတယ်များကို ပြန်လည်ဖွင့်လှစ်လုပ်ကိုင်သွားမည်ဖြစ်ကာ ခရီးစဥ်များအနေဖြင့် ကျေးရွာများသို့ လည်ပတ်စေနိုင်သည့် Package Tour များကို ရေးဆွဲနေသလို စက်ဘီး Tour နှင့် Local activities များကိုလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။
Photo-Princess Hotel

