#TravellingJournal
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းအခြေ စိုက် ဟိုတယ်နှင်းရွှေရည်မှ ကလောရေဘေးရှောင် ပြည်သူများအတွက် ထမင်းနှင့်ဟင်းများချက်ပြုတ်ပြီး စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်း
က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖုံးအားသွင်းရန် အဆင်ပြေရန်အတွက် အောင်ပန်းမြို့ဘက်မှ ကလောမြို့အဝင်တွင် ဆိုလာဖြင့် ဖုန်းအားသွင်းရန်နေရာတစ်နေရာနှင့် ကလောမြို့တွင်း တစ်နေရာတို့၌ ဖုန်းအားသွင်းရန် စီစဥ်ထားရှိပေးထားကြောင်း သိရသည်။
” ဒီ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက ဆန် ၇ ပြည်ချက်ပြီး သွားလှူတယ်။ ကြက်သားကြော်သွားတယ်။ ကယ်ဆယ်ရေးစခန်းက သူတွေက ထမင်းချက်စားလို့မရသေးဘူး။ ကျွန်တော်တို့ချက်ပြီး သွားလှူပေးတာ။ မစားရသေးတဲ့သူတွေရှိလို့ အခုထပ်ပြီးချက်နေပါတယ်။ ညနေသွားထပ်လှူမှာပါ။ ကလောက အန်တီလီလီ ဆီ လည်း ဆန် (၁၀ )အိတ် လှူပြီး လိုတဲ့နေရာတွေချက်လှူ နေပါတယ်။ အဝတ်အစားတွေနဲ့စားစရာကိုတော့အဓိက လှူနေပါတယ်”ဟု ကိုမင်းကိုကိုက Travelling သို့ပြောသည်။
စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ ထမင်းနှင့် ဟင်းများကိုချက်ပြုတ်ပြီး လှူဒါန်းနေကြောင်း သိရသည်။
Donation
Photo Min ko
ပုံ-စာ ရေပြန်ကျပြီးနောက်ပိုင်းကလောမြို့တစ်နေရာကိုတွေ့ရစဥ်။