မြန်မာ့ခရီးသွားဘဏ် မှ နေပြည်တော်ပတ်ဝန်းကျင်ရှိရေဘေးရှောင် ပြည်သူ (၁၀၀၀၀)ကျော်ကို စားစရာများ လှူဒါန်း

#TravellingJournal မြန်မာ့ခရီးသွားဘဏ်မှ နေပြည်တော် ပတ်ဝန်း ကျင်ရှိ ရေဘေးရှောင် ပြည်သူ (၁၀၀၀၀)ကျော်ကို စားစရာများ လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်ရှိ မြန်မာ့ခရီးသ ...

#TravellingJournal

မြန်မာ့ခရီးသွားဘဏ်မှ နေပြည်တော် ပတ်ဝန်း ကျင်ရှိ ရေဘေးရှောင် ပြည်သူ (၁၀၀၀၀)ကျော်ကို စားစရာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်ရှိ မြန်မာ့ခရီးသွားဘဏ် – MTB Bank ၏ ရုံးချုပ်၊ ဘဏ်ခွဲနှင့် ဌာနအသီးသီးမှ Volunteer ဝန်ထမ်း (၃၆) ဦးပါဝင်သော စေတနာ့ဝန်ထမ်းအဖွဲ့များမှ စက်တင်ဘာလ (၁၄)ရက် နံနက်ပိုင်းမှ ရန်ကုန်မြို့မှ နေပြည်တော်သို့ သွားရောက်ပြီး လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာ့ခရီးသွားဘဏ်မိသားစုမှ စုပေါင်း လှူဒါန်းသည့် ငွေကျပ် (၂၀၀ ) သိန်းကျော်တန်ဖိုးရှိ အစားအသောက်၊ ဆေးဝါး နှင့် အသုံးအဆောင်ပစ္စည်းများအား ရေဘေးသင့်ပြည်သူများအတွက်နေပြည်တော်ပတ်ဝန်းကျင်ရှိ ရေ​ဘေးရှောင်ကြသည့် တပ်ကုန်း အထက် ၁ မှ လူ ဦး ရေ (၄၀၀၀) ကျော် ၊ လှေကွင်တောင်ခြေဘက်မှ လူ (၅၀၀၀) ကျော်နှင့် သာသနာ့ဗိမာန် မှ လူ ဦးရေ (၂၆၀၀) ကျော်အတွက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

Donation
Photo MTB Bank
ပုံ-စာ စက်တင်ဘာ ၁၅ ရက်က နေပြည်တော် တစ်ဝိုက်ရှိ ရေဘေးရှောင်ပြည်သူများကို မြန်မာ့ခရီးသွားဘဏ် မှ သွားရောက်လှူဒါန်းနေသည့်မြင်ကွင်းကိုတွေ့ရစဥ်။