ပဲခူးတိုင်းခရီးသွားလုပ်ငန်းဖိုရမ်ကို ကျင်းပမည်

#Travelling Journal ပဲခူးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ပဲခူးတိုင်း​ဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကို မကြာခင်ကျင်းပသွားရန် စီစဥ်နေကြောင်း ...

#Travelling Journal

ပဲခူးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ပဲခူးတိုင်း​ဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကို မကြာခင်ကျင်းပသွားရန် စီစဥ်နေကြောင်း ပဲခူးတိုင်းဒေသကြီး ဟိုတယ်/ခရီးတာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling သို့ ပြောသည်။

ခရီးသွားဖိုရမ်ကို ယခင်က ယခုနှစ်စက်တင် ဘာ​လထဲတွင် ကျင်းပရန်စီစဥ်ထားသော်လည်း အောက်တိုဘာလမှသာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးလက်အောက်တွင် ပြည်မြို့နှင့်တောင်ငူမြို့တို့ ပါဝင်ပြီး အဆိုပါမြို့များ၏ ခရီးစဥ်သစ်များကို ဖော်ထုတ်သွားရန် စီစဥ်ထားကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအခန်း ကဏ္ဍမှပါဝင်ပြီး ခရီးသွားလုပ်ငန်းမှရရှိသည့် အကျိုးသက်ရောက်မှုများမှ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေး၊ ဒေသဖွံ့ ဖြိုးတိုးတက်ရေးနှင့် အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးကို များစွာအထောက်အကူပြုကြောင်း တာဝန်ရှိသူ က Travelling ကိုပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖော်ထုတ်ပြီးသား ခရီးစဥ်များနှင့် ဖော်ထုတ်ရန် ကျန်ရှိနေသည့် ခရီးစဥ် ဒေသများကို ဆက်လက်ဖော်ထုတ်သွားရန်စီစဥ်ထားပြီး အဆိုပါဖိုရမ်ကို ငါးဖွဲ့ ဖွဲ့ပြီး ကျင်းပသွားရန်စီစဥ်ထားကြောင်းသိရသည်။

လက်ရှိ တွင် ရှမ်းပြည်နယ် ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးတို့တွင် ခရီးသွားဖိုရမ်များကို ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Photo MIHARA Myanmar
ပုံ-စာ ပဲခူးမြို့ရှိ အထင်ကရနေရာများဖြစ်သည့် ကမ္ဘောဇသာဒီရွှေနန်းတော်နှင့်ရွှေမော်‌ဓောဘုရားသို့ သွားရောက် လေ့လာနေကြသည့် ခရီးသွားများကိုတွေ့ရစဥ်။