ငပလီကမ်းခြေ အဘဲရွာတွင် တောင်ပေါ်ရှုခင်းကြည့် ပထမဆုံး Camping Site အသစ် ဖော်ထုတ်

Travelling Journal နာမည်ကျော်ကမ်းခြေ တစ်ခုဖြစ်သည့် ငပလီကမ်းခြေ၏ အဘဲရွာတွင် တောင်ပေါ်ရှုခင်းကြည့်သည့် ပထမဆုံး Camping Site အသစ်တစ်ခုကို ဖော်ဆောင်နေကြောင်း ဖော်ဆောင်သူ ဦးဝေယံက Travelling သို့ ပ ...

Travelling Journal

နာမည်ကျော်ကမ်းခြေ တစ်ခုဖြစ်သည့် ငပလီကမ်းခြေ၏ အဘဲရွာတွင် တောင်ပေါ်ရှုခင်းကြည့်သည့် ပထမဆုံး Camping Site အသစ်တစ်ခုကို ဖော်ဆောင်နေကြောင်း ဖော်ဆောင်သူ ဦးဝေယံက Travelling သို့ ပြောသည်။

အဆိုပါ Camping Site ကို Mini Camping ပုံစံမျိုးဖော်ဆောင်ထားပြီး လင့်စင် ၊ ရွက်ဖျင်တဲ ၊ ဒါန်း ၊ဝါးထိုင်ခုံများပါ ထည့်သွင်းထားကြောင်းသိရသည်။

” ကျွန်တော်တို့ အခု Tent လေးလုံးနဲ့ စထားပါတယ်။ နေ့ချင်းပြန် ခရီးစဥ် အတွက် ကြို/ပို့ အပါအဝင် နေ့လည်စာအပါ ငါးယောက်တစ်ဖွဲ့ ကို ကျပ်တစ်သိန်းဝန်းကျင် သတ်မှတ်ထားပါတယ် “ဟု ဦးဝေယံက Travelling သို့ ပြောသည်။

အဆိုပါ နေ့ချင်းပြန်ခရီးစဥ်တွင် အဘဲရွာကို Sightseen ကြည့်ရှုခြင်းနှင့် ငါးမျှားခြင်းစသည့် Activity များလည်း ပါဝင်ကြောင်း သိရသည်။

အဘဲရွာသည် အိမ်ခြေ ၅၀ ပတ်ဝန်းကျင်ရှိပြီး ဒေသခံများ၏ အဓိကအသက် မွေးဝမ်းကျောင်း လုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေး နှင့် မိရိုးဖလာ တံငါလုပ်ငန်းကိုလုပ်ကိုင်ကြောင်းဖော်ဆောင်သူ ဒေသခံ ဦးဝေယံက ပြောသည်။

လက်ရှိတွင် ငပလီကမ်းခြေကို အမှီပြုပြီး ရင်းနှီးမြုပ်နှံထားသည့် ဟိုတယ်/တည်းခိုခန်းအလုံးရေ ၅၀ ဝန်းကျင်ရှိပြီး ဧည့်သည် အများစုမှာ Blue Lagoon, Safari beach (snorkeling place), Floating bridge, Paradise beach Fisherman village, White sand island, Light house, Pearl island တို့ကို အများဆုံး သွားရောက်လည်ပတ်ကြကြောင်း သိရသည်။

Photo Ko Wai Yan