Travelling Journal
ကျေးလက်သဘာဝ ဆန်ဆန် အစိမ်းရောင် ရှုခင်းများဖြင့် ဆွဲဆောင်မှုရှိနေသော ဘားအံမြို့က ကော့မရမ်းရွာသို့ Photo Trip ပုံစံမျိုးဖြင့် ခရီးသွားများအကြား ရေပန်းစားလာနေပြီး သွားရောက် လည်ပတ်မှုများနေကြောင်း သိရသည်။
ဘားအံမြို့သည် မိုးရာသီကာလတွင် စိမ်းစိုနေသည့်စပါးခင်းများနှင့် လှပနေသော ကြောင့် ယခုကာလ၌ ဧည့်သည်များမှာ ဘားအံသို့သွားရောက်လည်ပတ်မှုများပြားခြင်းဖြစ်ကြောင်းသိရသည်။
ခရီးသွားများလာရောက်လည်ပတ်ပါက စိတ်ကျေနပ်မှုရရှိစေရန် ဒေသခံခရီးသွားဝန်ဆောင်မှုပေးနေသူများကလည်း Mobile Phone Photo Services များကိုပါ ထည့်သွင်းပေးလာကြောင်း အဆိုပါ ဝန်ဆောင်မှုလုပ်ကိုင်နေသည့် ဒေသခံဧည့်လမ်းညွန်တစ်ဦး က Travelling သို့ ပြောသည်။
Green Season ကာလတွင် ဘားအံမြို့သို့ ပြည်တွင်းခရီးသွားဧည့်သည်များသွားရောက်လည်ပတ်ရန် ဆွဲဆောင်လာနေပြီး လက်ရှိကာလများတွင် ပြည်တွင်းခရီးသွားဧည့်သည်ကိုသာ အဓိက ဆွဲဆောင်နေရကြောင်း ကရင်ပြည်နယ်ဟိုတယ်ခရီးတာဝန်ခံက Travelling သို့ ပြောသည်။
ယခင်က ဘားအံ မြို့သို့ ခရီးသွားအများစုသွားရောက်ရာတွင် Sightseeing ကိုသာ အဓိ က ထားခဲ့သော်လည်း လက်ရှိတွင် သမာရိုးကျလမ်းကြောင်းများမှ ခွဲထွက်ပြီး Mini Photo Trip ပုံစံများဖြင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ကာ ဝန်ဆောင်မှု ပေးနေကြောင်း ဒေသခံ တစ်ဦးက Travelling သို့ပြောသည်။
လက်ရှိ ကာလတွင် ဘားအံမြို့၏ Photo Point
များအဖြစ် ခရီးသွား ဧည့်သည် များ အကြား ပေါ်ပြူလာ ဖြစ်လာသည့်နေရာများမှာ ကော့မရမ်းရွာ၊ ထွန့်ပတိုင်၊ လှိုင်ကားကျေးရွာရှိ လှိုင်ကား ရေတံခွန် နှင့် ကော့နန်းသာရွာ Photo Point များသို့ ခရီးသွားများ အဓိက သွားရောက်လည်ပတ်နေကြောင်းသိရသည်။
ထို့ပြင် ကော့မရမ်းရွာ သည် အရှေ့တောင်အာရှနိုင်ငံများက ပေးအပ်သည့် Sustainable Tourism Award (2022 )ဆု ရရှိခဲ့ သည့် ကျေးရွာ တစ်ခု ဖြစ်ကြောင်း သိရသည်။