ငွေဆောင်ကမ်းခြေ At The Sea ဟိုတယ်ရှေ့ ဒေသအခေါ် လင်းရှူးငါးတစ်ကောင် အလည်ရောက်၍ ပြန်လွှတ်ပေးခဲ့

#Travelling Journal ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေရှိ  At The Sea ဟိုတယ်ရှေ့သို့ Dolphin အမျိုးအစား ဒေသအခေါ် (လင်းရှူး) တစ်ကောင် အလည်ရောက်၍ သက်ဆိုင်ရာနှင့်ဟိုတယ်ဝန်ထမ်းများ ...

#Travelling Journal

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေရှိ  At The Sea ဟိုတယ်ရှေ့သို့ Dolphin အမျိုးအစား ဒေသအခေါ် (လင်းရှူး) တစ်ကောင် အလည်ရောက်၍ သက်ဆိုင်ရာနှင့်ဟိုတယ်ဝန်ထမ်းများက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

” မနေ့က နေ့လည် ၁ နာရီကျော် လောက်မှာ ဟိုတယ်ရှေ့က ကမ်းခြေကို ကမ်းတင်လာတာ။ ငွေဆောင်ကမ်းခြေကို ခုလိုမ်ိဳးရောက်လာတာ လေးကြိမ်လောက်ရှိျပီ။ ဟိုတယ်ရှေ့က ကမ်းခြေကို လာတင်တာကတော့  နှစ်ကြိမ်လာက္ရွိပြီ။ ပင်လယ်နက်ရေစီးကြောင်းထဲ ပြန်လွှတ်ပေးခဲ့ပါတယ်”ဟု ယင်း ဟိုတယ်ပိုင်ရှင် က Travelling သို့ ပြောသည်။

အဆိုပါလင်းရှူးငါးများသည် ရှားပါးသည့် ရေနေ နို့တိုက်သတ္တဝါအမျိုးအစားဖြစ်ပြီး မျိုးသုန်း ပျောက်ကွယ်တော့မည့် စာရင်းတွင် ပါနေသော်လည်း  လက်ရှိအချိန်ထိ အကောင်ရေ မည်မျှရှိသည်ကို မသိရှိရသေးကြောင်း သိရသည်။

ယင်းကဲ့သို့ လင်းရှူးများ ပင်လယ်ကမ်း​​စပ်သို့ ရောက်လာရခြင်း အကြောင်းရင်းများမှာ ရေအောက်ကြမ်းပြင် တုန်ခါမှုဖြစ်ခြင်း ၊အစာေနာက်လိုက်ခြင်းနှင့် ရေလမ္းကြောင်းလြဲသည့်အခါများတွင် ကမ်းစပ်သို့ ရောက်လာတတ်ကြပြီး ဒေသခံများအနေဖြင့် ယခုကဲ့သို့ လင်းရှူးငါးများ ကမ်းစပ်သို့ရောက်ရှိလာခြင်းမှာ နေမကောင်းခြင်းကြောင့် မှတ်ယူတတ်ကြလေ့ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ချောင်းသာ နှင့်ငွေဆောင်ကို တာဝန်ယူရသည့် တာဝန်ရှိသူက Travelling သို့ ပြောသည်။

အဆိုပါ လင်းရှူးငါးကို သက်ဆိုင်ရာနှင့် ဟိုတယ်ဝန်ထမ်းများက Speedboat နှင့် ခေါ်ဆောင်သွားပြီး ရေအေးစီးကြောင်း လမ်းကြောင်းထဲသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။