ဘားအံမြို့ အာလဝံအင်းထဲတွင် ပထမဆုံး Bamboo Rafting Activity ဖော်ဆောင်မည်

Travelling Journal မိုးရာသီကာလ တွင် ဘားအံမြို့ ရသေ့ပျံဂူ အနောက်ရှိ အာလဝံအင်းထဲ၌ ပထမဆုံး Bamboo Rafting Activity ကို ဖော်ဆောင်ရန်စီစဥ်နေကြောင်း ဘားအံ ဒေသခံ ဧည့်လမ်းညွန် တစ်ဦးက Travelling journ ...

Travelling Journal

မိုးရာသီကာလ တွင် ဘားအံမြို့ ရသေ့ပျံဂူ အနောက်ရှိ အာလဝံအင်းထဲ၌ ပထမဆုံး Bamboo Rafting Activity ကို ဖော်ဆောင်ရန်စီစဥ်နေကြောင်း ဘားအံ ဒေသခံ ဧည့်လမ်းညွန် တစ်ဦးက Travelling journal သို့ ပြောကြားသည်။

ဝါးဖောင်စီးခြင်းသည် အာရှနိုင်ငံ တော်တော်များတွင် အောင်မြင်နေသည့် Activity တစ်ခုဖြစ်သောကြောင့် ဘားအံမြို့တွင် ခရီးစဥ် သစ်အနေဖြင့် ဝါးဖောင်စီးခြင်းကို ရသေ့ပျံဆရာတော်က ဖော်ထုတ်ရန် စီစဥ်ထားကြောင်း ဝါးဖောင်ဖြစ်မြောက်ရန် ကူညီပေးသည့် ဒေသခံဧည့်လမ်းညွန် ကိုသူရဦးက Travelling သို့ ပြောသည်။

ယင်းခရီးစဥ်မှာ သဘာဝကို ချစ်မြတ်နိုးသူ၊ သဘောကျသူများအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ခရီးစဥ် တစ်ခုဖြစ်နိုင်ကြောင်း သိရသည်။

” ရသေ့ပျံဆရာတော်က သူ့ ရွာပတ်ဝန်းကျင်ကို တိုးတက်စေချင်တယ်၊ Tourism အမြင်လည်း ဆရာတော်က ရှိတော့ လျှောက်တင်ရတာ အဆင်ပြေတယ်။ မိုးတွင်းမှာ ဝါးဖောင်နှစ်စီးနဲ့အရင်စမယ်။ ဒီခရီးစဥ်ဟာ ဇီဝမျိုးကွဲ၊ မျိုးစိတ်များနဲ့ သဘာဝပတ်ဝန်း ကျင် အလှကို ထိတွေခံစားစေတဲ့ ခရီးစဥ်တစ်ခုလည်းဖြစ်ပါတယ်”ဟု ဒေသခံ ဧည့်လမ်းညွန် ကိုသူရဦးက Travelling သို့ ပြောသည်။

အဆိုပါ ဝါးဖောင်စီးခြင်းကို ရသေ့ပျံဂူ အနောက်ရှိ အာလဝံအင်းထဲတွင် စမ်းသပ်မည်ဖြစ်ပြီး အောင်မြင်ပါက ဒုံသမိချောင်း နှင့် ဆဒ္ဒန်ဂူ ထဲတွင်လည်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဝါးဖောင်တစ်စီးကို လူနှစ်ယောက် ပဲ စီးနိုင်မည်ဖြစ်ပြီး အကြမ်းဖျဥ်းအားဖြင့် ကျပ်တစ်သောင်း သတ်မှတ်ထားကြောင်းသိရသည်။

အဆိုပါ ဝါးဖောင်ကို တရုတ်ပြည်က ဝါးဖောင်ပုံစံမျိုးကို ပြုလုပ်မည်ဖြစ်ပြီး ယင်းကဲ့သို့ပြုလုပ်ရခြင်းမှာ တရုတ်ပြည်က ဝါးဖောင်များသည် ဝါးဖောင်၏ ဦးပိုင်းကို ကော့ထားခြင်းဖြစ်ပြီး ဘားအံဒေသ၏ အင်းအိုင်ချောင်းများတွင် ဗေဒါနှင့် ဒိုက်များ ရှိခြင်းကြောင့်ထိပ်ဦးပိုင်းကို မကော့ထားပါက ဒိုက်ပင်များနှင့် ညှိနိုင်ခြင်းကြောင့် ဘားအံဒေသနှင့်လည်း အဆင်ပြေ ခြင်း ကြောင့် ယင်းပုံစံမျိုးကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Photo ThuyaOo/Internet