
Travelling Journal
အာရှနိုင်ငံအတွင်း သွားရောက်လည်ပတ် ရန် အနီးဆုံးနှင့် အလှပဆုံးဒေသဟု ဆိုရလောက်သည့် ကတ်ရှမီးယား ရေခဲတောင် ခရီးစဥ်များကို OutBound Tour လုပ်ကိုင်နေသည့် ခရီးသွား ကုမ္ပဏီ တစ်ချို့ရောင်းချရန်စီစဥ်နေ ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်တစ်ပတ်အတွင်းက ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ချို့ သွားရောက်လေ့လာခဲ့ပြီးနောက် ခရီးစဥ် များရောင်းချရန် စီစဥ် ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါ ခရီးစဥ်ကို ဒီဇင်ဘာ နောက်ဆုံးပတ်မှစတင်သွားမည်ဖြစ်ပြီး ၂၀၂၃ နှစ် ဇန်နဝါရီ လမှစတင်ကာ ဧပြီလထိ တစ်လ လျှင် နှစ်ကြိမ် ခရီးစဥ် သွားရောက်ရန်စီစဥ်ထားကြောင်း Direct Go Travels & Tours မှ တာဝန် ရှိသူတစ်ဦးက Travelling သို့ပြောသည်။

“အာရှနိုင်ငံထဲမှာဆို တရုတ်ရှိတယ်။ အိန္ဒိယ ရှိတယ်။ ကတ်ရှမီးယား က အိန္ဒိယ မြောက်ပိုင်း မှာရှိတော့ အနီးဆုံးလည်းဖြစ်တယ်။ အရမ်းလှပတဲ့ ဒေသလည်း ဖြစ်တယ်။ နိုင် ငံတကာက ဧည့်သည် တွေ အပြင် အာရှ နိုင်ငံတွေကပါ အများဆုံးလာရောက် လည်ပတ်ကြတဲ့ ရေခဲတောင်ဒေသ ပါ”ဟု Direct Go Travels & Tours မှ တာဝန် ရှိသူတစ်ဦးက Travelling သို့ပြောသည်။
ကတ်ရှမီးယား ရေခဲတောင်ဒေသ ခရီးစဥ်ကို၅ညအိပ် ၆ ရက် ခရီးစဥ် သတ်မှတ်ထားပြီး လေယာဥ် လတ်မှတ်အသွားအပြန်ဟိုတယ် တည်းခို အပြီး /အစီး စားစရိတ် (ငြိမ်း) နှင့် ဝင်ကြေးလတ်မှတ်များအပါအဝင် တစ်ဦးလျှင်ဒေါ်လာ( ၁၂၉၀) ဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
Photo Nilar Win



Dal Lake ကန် အတွင်း ဆောက်လုပ်ထား
သည့် ရေပေါ်အိမ်တချို့ကို တွေ့ရစဥ်။
