သည်းထိတ်ရင်ဖို စွန့်စားမှုများပြုလုပ်နိုင်ပြီး Safari Tents ဖြင့် ညအိပ်နိုင်မည့် Eco-Activity ကလောတွင် စတင်တော့မည်

Travelling Journal ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့တွင် သည်းထိတ်ရင်ဖို စွန့်စားမှုများပြုလုပ်နိုင်မည့် အပြင် တောတွင်းအခြေပြု Safari Tents ဖြင့် ညအိပ်နိုင်မည့် ပထမဆုံး Eco-Activity ကို စတင်တ ...

Travelling Journal

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့တွင် သည်းထိတ်ရင်ဖို စွန့်စားမှုများပြုလုပ်နိုင်မည့် အပြင် တောတွင်းအခြေပြု Safari Tents ဖြင့် ညအိပ်နိုင်မည့် ပထမဆုံး Eco-Activity ကို စတင်တော့မည် ဖြစ်ကြောင်းသိရသည်၊၊

အဆိုပါ Eco-Activity မြေ ၁၀ ဧက နီးပါး ပေါ်တွင် ဖော်ဆောင်ထားပြီး တောတွင်းအခြေပြု Safari Tents တွင် ညအိပ်တည်းခိုကာ စွန့်စားမှုမျိုးစုံကို ပြုလုပ်နိုင်မည့် Activity များထည့်သွင်း သွားရန် စီစဥ်ပေးထားကြောင်း Kalawe Glamping & Eco-Activities မှ တာဝန် ရှိသူက Travelling Journal သို့ ပြောသည်။

စွန့်စားမှုပြုလုပ်နိုင်မည့် Activity များမှာ Zipline Adventure ၊Canopy Sky Walk &Monkey Walk ၊Canopy Sky Walk၊Jacob Ladder ၊ Abseil & Monkey walk ၊ Trigle High Rope Adventure ၊Natural Rock Mountain Climbing & Abseiling Adventure စသည့် စွန့်စားမှုများကို ပြုလုပ်နိုင်ရန် ထည့်သွင်းထားကြောင်းသိရသည်။

ယင်း Activity များကိုပြုလုပ်နိုင်ရန်အတွက် ပြည်ပမှ ပညာရှင်ကို ငှားရမ်းပြီး ပူတာအို ဧည့်လမ်းပြတစ်ဦးနှင့် ကလော ဒေသခံ ဧည့်လမ်းပြစုစုပေါင်း( ၈ ) ဦးကို လက်တွေ့ ကွင်းဆင်းသင်ကြားပေးနေကြောင်း သိရသည်။

“ကလောမြို့မှာ အခုလို Activity တွေ ပေါ်ထွက်လာတာ ကောင်းပါတယ်။ လာစီးကြတဲ့လူငယ်တွေ သဘောကျတာကို တွေ့ရပါတယ်။ အန္တာရာယ်လည်းမများတော့ စိတ်ဝင်စား ကြတယ်။ သဘာဝကိုမဖျက်ထားပဲ သစ်ပင်တွေကြားမှာ ဖန်တီးပေးထားကို တွေ့ရပါတယ် “ဟု ကလောဒေသခံဧည့်လမ်းညွန်က Travelling သို့ ​ပြောသည်။

ကလောမြို့သည် ခရီးသွားမြို့တော်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု စိတ်ဝင်စားခြင်းများ ခံရပြီး သဘာဝ တောတောင်ရှုခင်းကြည့် များနှင့် တွဲဖက်ကာ ဓာတ်ပုံရှူခင်း ကြည့်ကွက်များစွာ ရှိပြီး ခရီးသွားဧည့်သည် များကို ဆွဲဆောင်လာနိုင်သည့် မြို့တော် ဖြစ်လာကြောင်းသိရသည်။

Photo-KalawHillLodge/Tinsoeaung