ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦး CM Hostel စတင်ဖွင့်လှစ်

Travelling Journal ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် မြို့တွင် မြန်မာနိုင်ငံသား တစ်ဦး က ခရီးသွား များလာရောက်တည်းခိုပါက စျေးအသင့်အတင့်ဖြင့် တည်းခိုနိုင်ရန်ရည်ရွယ်၍CM Hostel ကို စတင်ဖွင့်လ ...

Travelling Journal

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် မြို့တွင် မြန်မာနိုင်ငံသား တစ်ဦး က ခရီးသွား များလာရောက်တည်းခိုပါက စျေးအသင့်အတင့်ဖြင့် တည်းခိုနိုင်ရန်ရည်ရွယ်၍
CM Hostel ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်း Hostel ကို ချင်းမိုင်ဂိတ်အနား၊ ချင်းမိုင်ဂိတ်ဟိုတယ်နားတွင် ဖွင့်လှစ် ထားပြီး နှစ်ယောက်အိပ် တစ်ခန်းလျှင် တစ်ည တည်းခိုပါက ဘတ် ၃၅၀ဖြစ်ပြီး အခန်းတွင်းဝန်ဆောင်မှု အဖြစ် Aircon နှင့် free wifi လည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် တစ်လချင်းပေးပြီး တည်းခိုပါကလည်း စျေးနှုန်း ကို ထပ်မံ အဆင်ပြေအောင် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ယင်း Hostel ပိုင်ရှင် ကTravelling သို့ ပြောသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် မြို့သည်တောင်တန်းများဝန်းရံပြီး ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းများ ၊ လည်ပတ်ချင်စရာများစွာရှိပြီးကျုံးပတ်လည်ဝန်းရံထားသည့် နန်းမြို့ရိုးများ နှင့် ခရီးသွား များကို ဆွဲဆောင်ထားသည့် မြို့တမြို့လည်းဖြစ်ကြောင်းသိရသည်။

Photo – ဘန်ကောက်သွားမယ် Fb