ခရီးသွား ဆုံမှတ် ဖြစ်လာတော့မည့် အနာဂတ် ကက္ကူဒေသ

ယဉ်ယဉ်လှ ရှမ်းပြည်နယ်တောင်ပိုင်း ရှေးဟောင်းအမွှေအနှစ် မွှေတော်ကက္ကူ ဘုရားတည်ရှှိရာ ဒေသသည် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်လာ ရောက်မှုရှိနေသော်လည်း ယင်းဒေသရှိ တိုင်းရင်းသားများမှာ ခရီးသွားလုပ်ငန် ...

ယဉ်ယဉ်လှ

ရှမ်းပြည်နယ်တောင်ပိုင်း ရှေးဟောင်းအမွှေအနှစ် မွှေတော်ကက္ကူ ဘုရားတည်ရှှိရာ ဒေသသည် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်လာ ရောက်မှုရှိနေသော်လည်း ယင်းဒေသရှိ တိုင်းရင်းသားများမှာ ခရီးသွားလုပ်ငန်းမှ အကျိုးခံစားခွင့်ကို ရရှိသင့်သလောက် မရရှိသေးပေ။

ထို့ကြောင့် မွှေတော်ကက္ကူဘုရားကို အခြေပြုပြီး ဒေသပတ်ဝန်း ကျင်ဖွံ့ဖြိုးတိုးတက်စေရန် GIC အုပ်စုမှ ပြင်ဆင်လာကြပြီဟု ဦးခွန်ထွန်းဦး က ဆိုသည်။

လက်ရှိတွင် လိုအပ်ချက်များ ရှိနေသေးသော်လည်း GIC နှင့် ITC အဖွဲ့တို့ ပူးပေါင်းကာကက္ကူဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် စတင် ဆောင်ရွက်နေပြီဖြစ်သည်။

ကက္ကူဒေသအား ခရီးသွားမြှင့်တင်နိုင်ရန်အတွက် ကြော်ငြာသွား မည်ဖြစ် သလို ယင်းဒေသတွင် နေထိုင်ကြသည့် သူများအနေဖြင့် ခရီးသွားလုပ်ငန်းမှ အကျိုးအမြတ် များ ရရှိစေအောင် လည်း ကူညီ ဆောင်ရွက် သွားမည်ဖြစ်ပြီး ကက္ကူဒေသကို အခြေပြုုကာ ခရီးသွားလုပ်ငန်းကို တိုးတက်လာစေရန် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် ITC နှင့်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

’’ လက်ရှိမှာက ဒီဒေသရဲ့ ထွက်ကုန်တွေကိုတော ရောင်းတော့ရောင်းနေရပါတယ်၊ ဒါပေမယ့် ကိုယ့်ဒေသရဲ့ ပစ္စည်းတွေကို တန်ဖိုးမြင့်ထွက်ကုန် အနေနဲ့ဘယ်လိုရောင်းချမလဲဆိုတဲ့အပိုင်းကတော့ အားနည်းနေသေးတာပေါ့’’ဟု ဦးခွန်ထွန်းဦးက ပြောသည်။

လက်ရှိတွင် ကက္ကူဒေသ ဝင်ကြေး အနေဖြင့် ပြည်နိုင်ငံခြား သားတစ်ဦးလျှင် သုံးဒေါ်လာ ကောက်ခံကြောင်းနှင့် ပြည်တွင်း ဧည့်သည်များကိုတော့ မကောက်ခံကြောင်း သိရသည်။

ဝင်ကြေးကောက်ခံခြင်းကို ဘုရားဂေါပကအဖွဲ့မှတာဝန်ယူကာကောက ်ခံနေပြီး ယင်းဒေသသို့ သွားရောက် လာရောက် လည်ပတ်ခွင့် ကိုလည်း အစိုးရက တရားဝင် ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။

ကက္ကူဒေသတွင်ဟိုတယ်စတင်ရင်းနှီးမြှုပ်နှံ

လက်ရှိတွင် ကက္ကူဒေသ၌ ဟိုတယ်တစ်ခုကို စတင်ဖွင့်လှစ်နိုင်ရန် တည်ဆောက်နေပြီဖြစ်သည်။ အခန်း၂၄ ခန်းပါဝင်မည့် လိုင်ကွန်း ဟိုတယ်ကို မြေဧက ၃ ဧက ပေါ်တွင် တည်ဆောက်နေပြီ ဖြစ်ကာ နိုဝင်ဘာ ပထမပတ်တွင် ဖွင့်လှစ်နိုင်အောင် ပြင်ဆင်နေပြီဖြစ်သည်။

ယခင်က ဒီမြေပေါ်တွင် CBT အနေဖြင့် အကောင်အထည် ဖော်ဆောင် ထားသော်လည်း အဆင်မပြေသည့်အတွက် ယင်းနေ ရာအား ဂရန် မြေရအောင် ဆောင်ရွက်ပြီးမှ လိုင်ကွန်းဟိုတယ်အနေဖြင့် ပြန်လည်ပုံဖော်ခဲ့ခြင်းဖြစ်သည်။

ယင်းဒေသတွင် ညအိပ်ဧည့်သည်ရှိပြီဆိုပါက ဒေသရှိ ပတ်ဝန်းကျင်တွင် လမ်းလျှောက်ချင်သည့် သူများ၊ ရွာထဲတွင် သွားရောက်လည်ပတ်မည့်သူများရှိလာတော့မည်ဟု ဦးခွန်ထွန်းဦးက မျော်လင့်ချက် များစွာဖြင့် ပြောသည်။

’’ ရွာထဲတ ကလေးတွေ ၁၀ တန်းအောင်ပြီဆိုရင် ခရီးသွားလုပ်ငန်းမှာ စိတ်ဝင်စားတဲ့ သူတွေကို ခေါ်စုပြီး သင်တန်းတွေပေးမယ်၊ သူတို့ကို Guide ပုံစံမျိုး ပြန်ဖန်တီးပေးဖို့ လည်းရှိပါတယ်။ အဲဒါလည်း ITCနဲ့ ညှိနှိုင်းထားပါတယ်’’ဟု ၎င်းက ဆိုသည်။

မွှေတော်ကက္ကူဒေသသည် ရှိပြီးသားခရီးစဉ်ဒေသဖြစ်သော်လည်း ပိုပြီးကောင်းမွန်လာသည့် ဒေသတစ်ခုဖြစ်ရန်မှာ လိုအပ်နေသေးသည်။ ယင်းကြောင့် အခြေခံအဆောက်အအုံများ မပြည့်စုံသေးသည့်အတွက် ကက္ကူဒေသ၏ ထုတ်ကုန်များကို အများကြီးထုတ်လုပ်ရန် အဆင်သင့်မဖြစ်သေးချေ။

’’ ရှိတော့ရှိတယ်။ ပုန်းဟင်း ဘက်ကို စက်လှေနဲ့ သွားလည်တဲ့ခရီးစဉ်တွေရှိတယ်။ ကက္ကူ ပတ်ဝန်းကျင် မှာလည်း စက်လှေနဲ့ သွားလည်တဲ့ခရီးစဉ်တွေရှိတယ်။ လမ်းလျှောက်တာတို့၊ စက်ဘီးစီးတာတို့၊ အဲဒီလို Package တွေလည်းရှိပါတယ်။
ITC အဖွဲ့သည် ရှမ်းတောင် ခရီးသွားလုပ်ငန်းတိုးတက်စေရန် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းချိတ်ဆက်ဆောင်ရွက်သည့် ခရီးသွားလုပ်ငန်း အမျိုးအစားကို လုပ်ကိုင်သည့်အဖွဲ့တစ်ခုဖြစ်သည်။ ယင်းအဖွဲ့နှင့် ပြီးခဲ့သည့် သြဂုတ်လ လောက်မှ စတင်ကာ GIC မှ တရားဝင် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မွှေတော်ကက္ကူ ဘုရားကို အခြေခံပြီး ပတ်ဝန်းကျင် Community များကို ဖွံ့ဖြိုးတိုးတက်စေအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး များစွာ လိုအပ်ချက်ရှိနေသေးသည့် ဒေသတစ်ခုဖြစ်နေသေးသည်။

လက်ရှိတွင်လမ်းပန်းဆက်သွယ်ရေးမှာကောင်းမွန်လာပြီဖြစ်သည့်အတွက် နောင်တစ်ချိန်ကာလတွင် ကက္ကူဒေသမှာ ဆုံမှတ်လမ်း ကြောင်းပေါ်သို့ ရောက်ရှိလာမည်ဖြစ်သည်။

ကက္ကူဒေသမှ တဆင့် တောင်ကြီး၊ အင်းလေး၊ လွိုင်ကော်အထိ သွားရောက်နိုင်သည့် ခရီးသွားဆုံမှတ်တစ်ခု ဖြစ်လာတော့ မည်ဖြစ်သည်။

ယင်းကြောင့် မွှေတော်ကက္ကူဒေသ ဖွံ့ဖြိုးဖို့အတွက် ဘုရားဖူးရုံသပ်သပ် တစ်ခုတည်းဖြင့် မဟုတ်တော့ပဲ Activity များကို တွဲဖက်ဆောင်ရွက် သွားနိုင်မှသာ ဒေသ၏ ခရီးသွားလုပ်ငန်းမှာ အရှိန် အဟုန်ဖြင့်တိုးတက် လာမည်ကတော့ အမှန်ပင်ဖြစ်ပါတော့သည်။

Travelling_Journal/Vol_1_Issue_17

Photo_GIC