ခရီးသွားထုတ်ကုန် တစ်ခုဖြစ်လာတော့မည့် Sport Tourism

မော်ကျွန်းသူ ယခင်က မေ့လျော့ခံဖြစ်နေသည့် Sport Tourism ကို ခရီးသွား ထုတ်ကုန်သစ်တစ်ခုဖြစ်လာစေရန် ကြိုးစားအကောင်အထည ်ဖော်ဆောင်လာကြပြီဖြစ်သည်။ရှိပြီးသားထုတ်ကုန်တစ်ခုကို ပိုပြီး အကောင်အထည်ဖော်နိုင် ...

မော်ကျွန်းသူ

ယခင်က မေ့လျော့ခံဖြစ်နေသည့် Sport Tourism ကို ခရီးသွား ထုတ်ကုန်သစ်တစ်ခုဖြစ်လာစေရန် ကြိုးစားအကောင်အထည ်ဖော်ဆောင်လာကြပြီဖြစ်သည်။ရှိပြီးသားထုတ်ကုန်တစ်ခုကို ပိုပြီး အကောင်အထည်ဖော်နိုင်ရန်အတွက် Sport Tourism Committee အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။

ယင်းအဖွဲ့၏ ထူးခြားချက်မှာ အားကစား နှင့်ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဟိုတယ်ခရီးဝန်ကြီးဌာန နှစ်ခုကို ပူးပေါင်းပြီး ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းပင်ဖြစ်သည်။

ကော်မတီတွင် ဝန်ကြီးဌာနနှစ်ခု၏ ညွန်ကြားရေးမှူးချုပ်များနှင့် အသင်းအဖွဲ့များဖြစ်ကြသည့် ၊MTF၊ UMTA၊ MHA MTM တို့မှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။လက်ရှိမြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍတွင် အများစုသည် ယဉ်ကျေးမှုကိုအခြေခံသည့်ခရီးစဉ်များ၊ Lersiure ခရီးစဉ်များကို သာ ရောင်းချနေကြရာ Sport Tourism အပိုင်းကို မေ့လျှော့နေခဲ့ကြသည်။

’’ မရှိတဲ့ပွဲကို ဖန်တီးပြုလုပ်ပြီး အဲဒါကိုရောင်းတာမျိုးမဟုတ်ပါဘူး၊အခုလက်ရှိရှိနေတဲ့ ပွဲအကြီးကြီးတွေကို
Sport Tourism အနေနဲ့ ရောင်းနိုင်မယ်ဆိုရင် ဒါဟာ ထုတ်ကုန ်အသစ်တစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ထားတာပါ’’ဟု Sport Tourism Committee ၏ အတွင်းရေးမှူး ဦးမျိုးသွင် က ပြောသည်။

အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ ကျင်းပလျှက်ရှိသည့် အားကစားပွဲများစွာရှိသော်လည်း ယင်းကဏ္ဍနှင့်ပတ်သက်သည့် အပိုင်းများကို ခရီးသွားဘက်မှ သိရှိမှုအပိုင်းမှာ အားနည်းနေသည့် အတွက် ဝန်ကြီးဌာနနှစ်ခုအား ချိတ်ဆက်ပြီး ယခုကဲ့သို့ ကော်မတီ ကို ဖွဲ့စည်းခဲ့ခြင်း က အဓိက ရည်ရွယ်ချက်ဖြစ်သည်။

လက်ရှိ အားကစားဝန်ကြီးဌာနမှ ကျင်းပနေသည့် အားကစားပွဲကျင်းပသည့်ပွဲတော်ပြက္ခဒိန် ကို သာ ရရှိမည်ဆိုပါက ခရီးသွားလုပ်ငန်းဘက်မှ ထုတ်ကုန်တစ်ခုအဖြစ် ရောင်းချနိုင်မည့် အခွင့်အရေးများ စွာ ရရှိလာမည်ဟု လည်း ကော်မတီမှ တာဝန် ်ရှိသူများက ပြောသည်။

’’ ဒီရက်မှာ ဒီပွဲတော်ရှိတယ်။ ဒါဆိုရင် အကိုတို့က ဟိုဘက်မှာရှိတဲ့ ပြိုင်ပွဲဝင်မယ့် နိုင်ငံက Sporter တွေကို Product တစ်ခုအနေနဲ့ ရောင်းလို့ရမယ် ။ ဒီလိုမျိုးတွေ ချိတ်ဆက်ပြီးလုပ်မယ်ဆိုရင် Sport Tourism ကဏ္ဍ ဟာ ပိုပြီးဖွံ့ဖြိုးလာစေမယ်’’ ဟု ဦးမျိုးသွင် ကပြောသည်။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် Sea Game ပြိုင်ပွဲတွင် ခရီးသွား ကုမ္ပဏီတစ်ခုမှ ပြင်ဆင်ချိန်မရသည့်အတွက် ခရီးစဉ် ရောင်းချရာ၌ ဧည့်သည် ၁၀၀ ကျော်လောက်သာရရှိခဲ့ကြောင်း၊ သို့သော်ပြ ဿနာအခက် အခဲတစ်ခုအနေဖြင့် ဘောလုံးလာရောက်ကြည့်ရှုသည့် ဧည့်သည်အနေဖြင့် လတ်မှတ်မရရှိသည့် ပြဿနာမှာ အဓိက ဖြစ်ကြောင်းသိရသည်။

ထို့အပြင် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေသည့်အင်္ဂလန်နိုင်ငံရှိ စိန့်အင်ဒရူး ဂေါက်ကွင်းနှင့် ပုံစံတူ တည်ဆောက်ထား သည့် သရက်ဂေါက်ကွင်းမှာလည်း မြန်မာနိုင်ငံ၏ မကွေးတိုင်းဒေသကြီး အတွင်းတွင်ရှိနေသည်က Sport Tourism Product တစ်ခုအနေဖြင့် ဆောင်ရွက်နိုင်မည့် အားသာချက်တစ်ခုရှိနေသည်။ ကမ္ဘာ့အစောဆုံး ဂေါက်ကွင်းစာရင်းဝင်သည့် သရက်ဂေါက်ကွင်းကို စီမံချက်များရေးဆွဲပြီးအင်္ဂလန် နိုင်ငံရှိ စိန့်အင်ဒရူး ဂေါက်ကွင်းနှင့်ဆက်စပ်ကာ ဥရောပအဆင့်ပြိုင်ပွဲများကို ကျင်းပနိင်မည်ဆိုပါကSport tourism booming ဖြစ်လာမည်ဟုလည်းမကွေးတိုင်း ဟိုတယ်ခရီးတာဝန်ခံ ဦးမြင့်စိန်က ဆိုသည်။

ခရီးသွားကဏ္ဍတွင်လည်း အားကစားနှင့်ပတ်သက်သည့် Package အနေဖြင့် Golf Tour ခရီးစဉ်တစ်ချို့ကို ရောင်းချနေသည့် ကုမ္ပဏီတစ်ချို့လည်းရှိသော်လည်း အားနည်းနေသေးသည့် အတွက် ထင်သလောက်အောင်မြင်ခြင်း မရှိသေးပေ။

’’အခုလိုမျိုး ကော်မတီဖွဲ့တဲ့အကျိူးကျေးဇူးက အားကစားကျင်းပတဲ့ ပွဲတော်ရက်တွေကိုသာ ခရီးသွားလုပ်ငန်းရှှင်တွေက သိထားကြမယ်ဆိုရင် Sporter တွေကို စီစဉ်ပေးချင်ကြတဲ့ ခရီးသွားကုမ္ပဏီတွေ လတ်မှတ်ရတာကလည်းလွယ်မယ်၊ အားကစားရုံတွေမှာ လူတွေပြည့်လာမယ်။ ဝင်ငွေကလည်းရရှိစေမယ်၊ ကျွန်တော်တို့ဘက်က ဒါကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ပေးနိုင်ရင် လာကြည့်တဲ့သူများလာမယ်၊ အဲဒီနောက်မှာ စပွန်ဆာတွေ များလာမယ်၊ဒါဆိုရင် အားကစားအဖွဲ့ချုပ်လည်း ဝင်ငွေ တိုးတက်လာမယ်၊ အားကစားကဏ္ဍ ကလည်း အောင်မြင်လာမယ်၊ဒီလိုရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တာ’’ဟု ဦးမျိုးသွင် က ရှင်းပြသည်။

သို့သော် ကော်မတီအနေဖြင့် Product အနေဖြင့် လုပ်ကိုင် ဆောင်ရွက်လိုသည့် သူများအတွက် အဆင်ပြေစေရန် ကြားခံတစ်ခုအနေဖြင့် ပံ့ပိုး ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း ကော်မတီအနေဖြင့် ဦးဆောင်ပြီး အားကစားပွဲတော်များကို လုပ်ဆောင်သွားမည် မဟုတ်ကြောင်း ကော်မတီ၏ တာဝန်ရှိသူကပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များ အသင်းမှလည်း မြန်မာနိုင်ငံတွင် Sport Game ပြိုင်ပွဲတစ်ခု ကို အိမ်ရှင်နိုင်ငံအဖြစ် ငွေဆောင်၊ချောင်းသာ၊ငပလီကမ်းခြေတွင် ကျင်း ပနိုင်ရန် ရည်ရွယ်ထားရှိသည့်အတွက် တရုတ်နိုင်ငံ စန်းယာ့မြို့တွင် ကျင်းပ မည့် Sport Game ပြိုင်ပွဲကို သွားရောက် လေ့လာသွား မည်ဟုလည်း အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် လည်း ကမ်းခြေတစ်ချို့တွင် Cycling Tour များ ပြုလုပ်ခြင်းများလည်းရှိလာပြီဖြစ်သည်။ထို့အပြင် ရှေးဟောင်းယဉ်ကျေးမှုပုဂံ၌မာရသွန်ပြိုင်ပွဲများလည်းပြုလုပ်လာခြင်းတို့မှာ Sport Tourism ကဏ္ဍများပင်ဖြစ်သည် ။ ယင်းကြောင့် ရှိပြီးသား အားကစားပွဲများကို အခြေခံပြီး Tourism Product တစ်ခုအနေ ဖြင့်ထုတ်လုပ်နိုင် လာမည်ဆိုပါက ခရီးသွားကဏ္ဍတွင် Sport Tourism မှာ အရှိန်အဟုန် ကောင်းစွာဖြင့် တိုးတက်လာ စေမှာကတော့ ဧကန်မလွဲပင်ဖြစ်ပါတော့သည်။

Travelling_Journal/Vol_1_Issue_17

Photo_Internet