Covid စလိုက်တဲ့ ပြဿနာကို အစိုးရဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ

ယဥ်ယဥ်လှ ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းလောက်က တရုတ် ပြည်၊ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့ရသည့် ဝူဟန်ဗိုင်းရပ်စ် ကြောင့် တရုတ်ခရီးသွားဧည့်သည်များကို ပြည်ဝင်ခွင့် အကန့်အသတ်မရှိပိတ်ပင်လိုက်ပြီးနောက်ပိုင ...

ယဥ်ယဥ်လှ

ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းလောက်က တရုတ် ပြည်၊ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့ရသည့် ဝူဟန်ဗိုင်းရပ်စ် ကြောင့် တရုတ်ခရီးသွားဧည့်သည်များကို ပြည်ဝင်ခွင့် အကန့်အသတ်မရှိပိတ်ပင်လိုက်ပြီးနောက်ပိုင်း တစ တစနှင့် နိုင်ငံအလိုက်ဖြစ်ပွားမှုများဖြစ်ပေါ်ခဲ့ရာ မတ်လ ၁၉ ရက်နေ့အထိ ဖြစ်ပွားသည့် ကမ်္ဘာ့နိုင်ငံပေါင်း ၁၆၆ နိုင်ငံနှင့် ကူးစက်ခံရသူ ၂၀၇၈၅၅ ဦး ၊သေဆုံးသူ ၈၆၄၈  ဦး ရှိလာခဲ့ပြီဖြစ်သည်။

WHO မှ ကမ်္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ပြန် ကြေညာခဲ့ပြီးနောက် လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေး အခြေ အနေများနှင့် ဆက်စပ်လုပ်ကိုင်နေသည့်ကဏ္ဍ အသီးသီးမှစီးပွားရေးများမှာ ကျဆင်းလာခဲ့ပြီဖြစ်သည်။

ယင်းကဏ္ဍများထဲမှ ထိလွယ်ရှလွယ်ဖြစ်ရသည့် ခရီးသွားလုပ်ငန်း၏ အခြေအနေမှာလည်း ဆိုးဝါးစွာ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ မြန်မာ့ခရီးသွားသမိုင်း တလျှောက်တွင် ပြန်ကြည့်မည်ဆိုပါက ၂၀၀၃ တွင် ဖြစ်ပွားခဲ့သည့် SARS ရောဂါ၊ ၂၀၀၈ တွင် ဖြစ်ခဲ့သည့် နာဂစ်၊ ၂၀၁၇  တွင် ထပ်ဖြစ်ပွားခဲ့သည့် ရခိုင်အရေး များကြောင့် နလန်ထူလိုက်နှင့် ခေါင်းမထောင်နိုင်ရ သေးသည့်ကာလများကို ကျော်ဖြတ်နေဆဲများတွင် ယခုခရီးသွားရာသီအစပိုင်းမှဖြစ်ပေါ်လာသည့် ၂၀၂၀ Covid-19 ရောဂါကြောင့် ဆုံးရှုံးမှုမှာ ခရီးသွား လုပ်ငန်းမှာ အောက်ခြေနီးပါးထိကျဆင်းလာခဲ့ခြင်းဖြစ်သည်။ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ခရီးသွား ကုမ်္ပဏီများ၊ စားသောက်ဆိုင်များ၊ လက်မှုလုပ်ငန်းများ၊ အောက်ခြေလူတန်းစားအထိ ထိခိုက်လာခဲ့သည့်အနေ အထားပင်ဖြစ်သည်။

ယခုဖြစ်ပွားသည့် ကိုဗစ်ကြောင့် ထိခိုက်ခံနေရ သည့် စီးပွားရေးကဏ္ဍကြီးများမှာ များစွာရှိကြသည်။နိုင်ငံ၏ စီးပွားရေးကဏ္ဍကြီး ၇ ချက်ထဲတွင် ခရီးသွား လုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံ၏စီးပွား ရေးဝင်ငွေကို များစွာအထောက်အကူပေးသည့်ကဏ္ဍ တစ်ခုဖြစ်သည်။

အများအားဖြင့် သမိုင်းတလျှောက်ကို ပြန်ကြည့်ပါက အစိုးရပိုင်း၏ အားပေးပံ့ပိုးမှုမှာ မရှိသလောက် နည်းပါးခဲ့သည်။ သို့သော် ယခုဖြစ်ပွားသည့်ကိုဗစ်ကြောင့် ထိခိုက်ဆုံးရှုံးမှုမှာများပြားသဖြင့် ပြန် လည်ရှင်သန် လာဖို့အတွက် များစွာအချိန်ယူရမည်ဖြစ် သည်။ လုပ်ငန်းရှင်များစွာက အစိုးရ၏ ဖြေလျှော့ပေး မှုပိုင်းများကို များစွာမျှော်လင့်နေကြသည်။

အများစုမျှော်လင့်နေကြသည့် ကိစ်္စများမှာ အခွန်ကိစ္စများနှင့် အတိုးနှုန်းလျှော့ချပေးရေးကို လိုလား နေကြခြင်းဖြစ်သည်။ လက်ရှိဗဟိုဘဏ်၏ လျှော့ ချထားသည့် ဝ.၀၅ ရာခိုင်နှုန်းမှာ လုပ်ငန်းရှင်များ အတွက် ထိရောက်မှုနည်းပါးသည်။ ကိုဗစ်ရောဂါ ဖြစ် ပွားခံရသည့် ဂျပန်နိုင်ငံတွင် အစိုးရမှ လုပ်ငန်းရှင်များ အား အတိုးနှုန်း ၀ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက် သည့်ဖြစ်စဉ်များ၊ SME များအတွက် နှစ်ရှည်ချေးငွေ များ ကူညီပံ့ပိုးမှုများလုပ်ဆောင်ပေးခြင်းများကို တွေ့ မြင်နေရသည်။

ထိုကဲ့သို့ အရေးပေါ်ကုစားရေးများကို မြန်မာ နိုင်ငံတွင်လည်း ကုစားပေးရန်လိုအပ်သည်ဟု လုပ်ငန်း ရှင်များက မျှော်လင့်ထားကြသည်။

ဝမ်းသာစရာအနေဖြင့် မတ်လ ၁၈ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် Coronavirus Disease – 19 (Covid – 19) ကြောင့် ဖြစ်ပေါ်လာနိုင် သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀) ၏ ဆုံးဖြတ်ချက်ဖြင့် လတ်တလောထိခိုက်မှု အများဆုံး ခံစားရသည့်လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်း များ၊ ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစား ပေးကာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကို ကနဦးမတည်ငွေအဖြစ် မြန်မာ့စီးပွားရေး ဘဏ်တွင် Covid-19 Fund ထူထောင်သွားမည် ဟုဆိုထားခြင်းကြောင့် မျှော်လင့်ချက်မဲ့သူများအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းနေပြီဟု ဆို နိုင်သည်။ Tourism Sector  မှ သူများအတွက် အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလကို ၁ နှစ် သတ်မှတ်ပြီး ထုတ်ချေး သွားမည်ဖြစ်ကာ စီးပွားရေးထိခိုက်မှုပေါ် မူတည်ပြီး အတိုးနှုန်းနှင့် ချေးငွေကာလကို လိုအပ်သလို ပြန်လည် သုံးသပ်ပေးသွားမည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံအနေမှာ တိုးတက်သည့်နိုင်ငံတစ်ခု မဟုတ်ပေမယ့် လက်ရှိဖြစ်ပွားသည့် ကိုဗစ်အရှိန် ကြောင့်  Sector များအလိုက် ထိခိုက်မှုမှာ များပြား သည့်အတွက် အစိုးရမှ ကနဦးပံ့ပိုးပေးမည်ဆိုခြင်းက ကောင်းမွန်သည့် လုပ်ရပ်တစ်ခုဖြစ်ကာ အစိုးရ၏ ပုံရိပ် ကိုလည်း အားကောင်းစေသည်ဟု ဆိုနိုင်ပါသည် ။

ကာလအပိုင်းအခြား မည်မျှထိရှိနိုင်မည်ဆို သည်ကို မသိရှိနိုင်သေးသော်လည်း  တခြား Sector များမှာ ပြန်လည်ကောင်းမွန်လာရန်မှာ အချိန်ကာလ နည်းနည်းစောင့်ဆိုင်းရုံမျှဖြင့် ကောင်းမွန်လာမည့်အနေ အထား များစွာရှိသည်။ သို့သော်ခရီးသွားလုပ်ငန်း၏ သဘောသဘာဝမှာ ထိုကဲ့သို့မဟုတ်၊ ရခိုင်အရေးအခင်း ဖြစ်ခဲ့သည့် ကာလကတည်းက ယခုအချိန်ထိ နလန်မထူနိုင်သေးသည့် ထိလွယ်ရှလွယ် ကိုင်တွယ်ရခက်ခဲ သည့် ခရီးသွား လုပ်ငန်းမှာ စုန်းစုန်းမြှုပ်နေခြင်းက အဓိကသက်သေများပင်ဖြစ်သည်။

ယင်းအခြေအနေများကို ကိုင်တွယ်ရန်မှာခက်ခဲသဖြင့် မြန်မာ့ခရီးသွားကဏ္ဍမှာ တိုးတက်သင့်နိုင် သလောက် မတိုးတက်သေးသည်ကိုတွေ့မြင်နေရခြင်း ပင်ဖြစ်သည်။

အောက်ခြေလူတန်းစားအထိ ထိခိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး မီးခိုးမထွက်သည့်စက်ရုံဟုတင် စားထားသည့် ခရီးသွားလုပ်ငန်းရေရှည်ရပ်တည်နိုင်ရေးအတွက် အစိုးရပိုင်း၏ အားဖြည့်ပါဝင်ပေးမှုများမှာ အလွန်အရေး ကြီးလှသည်။ ယခင်က မတောင်းဆိုခဲ့သည့်လုပ်ငန်းရှင်များက ယခုကိုဗစ်ကြောင့် အစိုးရမှ ပါဝင်ပံ့ပိုးဖြေလျှော့ ပေးမှုများကို မျှော်လင့်နေကြခြင်း ဖြစ်သည်။

လက်ရှိတွင်  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အောက်တွင် အသင်း ၁၁ သင်းရှိပြီး ယင်းအသင်း များမှလည်း ဟိုတယ်ဝန်ထမ်းများ၏ လစာငွေများပေး နိုင်ရန် ချေးပေးရန် တောင်းဆိုတင်ပြထားနေသည်။

မေလ ၁၇ ရက်က့ြၤဃဃှု ၌ ကျင်းပခဲ့သည့်  Covid – 19 ကြောင့် စီးပွားရေးသက်ရောက်မှုကုစား ရေးအတွက် အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းရှင် များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ခရီးသွား လုပ်ငန်းထိခိုက်မှုရှိခြင်းကြောင့် ခရီးသွားကုမ်္ပဏီ ၁၀၀၀ ကျော်ရှိသဖြင့် ဘီလီယံ၅၀ ခန့် ထုတ်ချေးပေးရန် လို အပ်သည်ဟုလည်း ပြောကြားထားသည်။

သို့သော်လည်း လက်ရှှိအခြေအနေမှာ ကာလ အပိုင်းအခြားမသိရှိနိုင်ခြင်းကြောင့်  နိုင်ငံတော်မှ ချေးငွေ များ ချေးပေးမည်ဆိုသော်လည်း လုပ်ငန်းရှင်အများစု က ချေးငွေရယူရန်ကိုပင် စိုးရိမ်စိတ်များရှိနေခြင်းပင် ဖြစ်သည်။

 ““ချေးပါပြီဆိုပေမယ့် ဒါကလည်း ပြန်ဆပ်ရ မှာပဲလေ။ လုပ်ငန်းက ဘယ်အချိန်မှာ ပြန်ကောင်းလာ မှာလဲက မသိရဘူး။ အဲဒီပိုက်ဆံကို ဆပ်ရမယ့်ဟာတွေနဲ့ အတိုးတွေနဲ့ဆို ကျွန်တော်တို့က စုပ်လည်းဆူး၊ စားလည်း ရူးမယ့်သဘောတွေ ဖြစ်နေတယ်””ဟု စား သောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ရင်ဖွင့်ပြောကြားခြင်းဖြစ်သည်။

ကိုဗစ်အလွန်ကာလကို ကျော်လွန်ဖြတ်သန်း ရန်မှာ အချိန်အားဖြင့် အနည်းဆုံး ၆ လမှ တစ်နှစ် လောက်အထိ ကျော်ဖြတ်နိုင်ပြီးမှသာ တည်ငြိမ်လိမ့် မည်ဟု လုပ်ငန်းရှင်များက မျှော်လင့်ထားကြသည်။ သို့သော် လုပ်ငန်းများပြန်လည်ကောင်းမွန်လာခြင်း ကတော့ ကြာမြင့်မည်ဟု ဆိုထားကြသည်။

ယင်းကာလများတွင် အစိုးရပိုင်းမှ  မည်ကဲ့သို့ ထပ်မံဖြေလျှော့ပေးခြင်းများ၊ မည်ကဲ့သို့ ဆက်လက် ပံ့ပိုးပေးမှုများကို စောင့်ဆိုင်းမျှော်လင့်နေကြခြင်းဖြစ် သည်။ ထို့ကြောင့် ကိုဗစ်အလွန်ကာလများကို ကျော် လွှားနိုင်ရန် အစိုးရပိုင်းမှ မည်ကဲ့သို့ ကိုင်တွယ်မည်လဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမည်ဖြစ်ပါသည်။

Vol-1-Issue-22

Photo-Internet