MKT
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ဖူးကြီးရေလှောင်တမံအနီး ကျောက်ဖြာရေတံခွန်အနီးတဝိုက် ခြေလျှင် ခရီးကြမ်းသွားရောက်နိုင် မည့် ခရီးစဉ်လမ်းကြောင်းသစ်ကို ဖော်ဆောင်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဟိုတယ် နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန မှ ဦးမင်းမောင်စိုးက Travelling ဂျာနယ်သို့ ပြောသည်။
ယင်းကဲ့သို့ ခြေလျှင်ခရီးကြမ်း ဖော် ဆောင်နိုင်ရန်အတွက် ကွင်းဆင်း လေ့လာ မှုကို အောက်တိုဘာလ၊ တတိယ ပတ်က သွား ရောက်ကွင်း ဆင်းခဲ့ပြီးဖြစ်ကြောင်း သိရ သည်။
ယင်းခရီးစဉ်သည် ရန်ကုန်တိုင်း၏ ပထမဆုံးသော Trekking ခရီးစဉ်ဖြစ်ပြီး ကျောက်ဖြာရေတံခွန်ဆီသို့ သွားရောက် သည့် လမ်းကြောင်းသစ်ကို ရှာဖွေခဲ့ခြင်း ဟု ဦးမင်းမောင်စိုးက ပြောသည်။
ကျွန်တော်တို့ သွားရောက်လေ့လာ ခဲ့တယ်။ ကျောက်ဖြာက ရန်ကုန်နဲ့ အရမ်း ကြီးမဝေးပါဘူး။ အခု အဲဒီရေတံခွန်ဘက် ကို ပြည်တွင်း ခရီးသွားတွေ သွားရောက် နေကြပြီဖြစ်တယ်။ ပြည်တွင်းတွေရောက် နေပြီ။ သွားတုန်းက လမ်းသိပ်မသိလို့ နည်းနည်းရှာလိုက်ရသေးတယ်။ အဲဒီမှာ ကျောက်ဖြာရေတံခွန်နဲ့ အနီးတဝိုက်နား မှာ ကျွဲကျရေတံခွန်ရှိ တယ်။ အဲဒီရေတံခွန် က ကျွဲတောင်ပြုတ်ကျတယ်ဆိုလို့ ကျွဲကျ ရေတံခွန်လို့တောင် ဒေသခံတွေကနာမည် ပေးထားတယ်လို့ ပြော တယ်။ အဲဒီဘက်ကို ထပ်ပြီး ကွင်းဆင်းလေ့လာသွားဦးမယ်ဟု ကွင်းဆင်းလေ့လာခဲ့သူ ဦးမင်းမောင်စိုးက ပြောသည်။
ရန်ကုန်တိုင်းဟိုတယ်ခရီးအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးစဉ် အသစ်များ ရှိစေရန်အတွက် လက်ခုပ်ကုန်း ကမ်းခြေရှိ ဆယ်အိမ်တန်း ကမ်းခြေကိုလည်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်း မှုများကို လည်း ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။