Tourism Promotion ဘာလဲ၊ဘယ်လဲ

သတိုးလွင် (ပထဝီ၀င်) “ကြွရောက်လာသူများထဲကမြန်မာပြည်ရောက်ဖူးသူရှိလား”?“xxxxxx”“?????”“မြန်မာပြည်ကိုလာရင် သံရုံးကိုဗီဇာသွားလျှောက်စရာမလိုတော့ဘူး.. E Visa, Visa On Arrival ,Visa Free နိုင်ငံအချို့ ...

သတိုးလွင် (ပထဝီ၀င်)

“ကြွရောက်လာသူများထဲကမြန်မာပြည်ရောက်ဖူးသူရှိလား”?“xxxxxx”“?????”“မြန်မာပြည်ကိုလာရင် သံရုံးကိုဗီဇာသွားလျှောက်စရာမလိုတော့ဘူး.. E Visa, Visa On Arrival ,Visa Free နိုင်ငံအချို့ကို ပေး နေပြီဆိုတာ ကြားမိပါရဲ့လား”“ !!!!”မကြာခင်က အာရှတွင်အကြီးဆုံးနိုင်ငံတခုသို့ အလုပ်ကိစ္စဖြင့်ရောက်ခဲ့ပြီး Visa Free ပေးတာ (၅)နှစ်ခန့်ရှိပြီ ဖြစ်သော အာဆီယံနိုင်ငံအဖွဲ့၀င်နိုင်ငံကြီးဖြစ်သလို outbound tourist များသန်းချီခန့်လည်ပတ်နေသော နိုင်ငံကြီးဖြစ်သည်။ Travel Agent များနှင့်နေ့လည်စာစားရင်း မေးမြန်းဖြစ်သည်။ အံ့သြစွာပင် မြန်မာပြည်ကိုသိကြသည်။ သို့သော် မရောက်ဖူးသေး တာထားဦး Visa Free ပေးတာပင် သေချာမသိကြသေးပေ။

မြန်မာသံအမတ်ကြီးနှင့်တွေ့ဆုံခဲ့စဉ် ခရီးသွားကိစ္စများဆွေးနွေးဖြစ် သည်။ မြန်မာတိုးရစ်များ လာလေ့ရှိသော်လည်း outbound tour များလာရောက်ရေး မြန်မာခရီးသွားအဖွဲ့အစည်းများ ၊ကုမ္ပဏီများမှ အာရုံမစိုက်သေးဘဲ လာရောက်Promotiong လုပ်သည်မှာအတော်ရှားကြောင်း ကြားသိရ၍ ဒုတိယံမိ အံ့သြမိလေ သည်။ ကောင်းလေစွ ……. Tourism ဆိုတဲ့ခရီးသွားလုပ်ငန်းဆိုတာ …..ဘာလဲ!ခရီးသွားသိုင်းလောကသားများ ကျင်လည်ရာ ခရီးသွားလုပ်ငန်းဆိုတဲ့သစ်ပင်ကြီးအောက်တွင် အကိုင်းအခက်များစွာရှိသည်။

ဟိုတယ်၊လေကြောင်း၊ရေကြောင်း၊ကုန်းလမ်း၊မော်တော်ယာဉ်၊မီးရထား၊လှည်း၊ စားသောက်ဆိုင်၊ ညကလပ်၊ ကပွဲ၊ အနှိပ်ခန်း (SPA) အမှတ်တရ ပစ္စည်းထုတ်လုပ်/အရောင်းဆိုင် ၊ ဧည့်လမ်းညွန် ခရီးသွားအေး ဂျင့်၊ Tour Operator DMC ခေါ် ခရီးစဉ် စီမံ ခန့်ခွဲသည့် ကုမ္ပဏီကြီးများနှင့် ယနေ့ခေတ်စားနေသည့် Travel Blogger ,Influencer စသည်တို့ပါ၀င်သည်။ နိုင်ငံတကာတွင် ခရီးသွားလုပ်ငန်းအောင်မြင်စွာလုပ်ကိုင်နေသည့် နိုင်ငံများစွာကို လေ့လာကြည့်မည်ဆို လျှင် ခရီးသွားလုပ်ငန်းကို အဓိက ၀င်ငွေရှာပေးသည့် မဏ္ဍိုင်ကြီးတစ်ခုအဖြစ် အသိအမှတ်ပြုပြီး စနစ်တကျအာပေးသည့် နိုင်ငံကြီးများတွင် ခရီးသွား ဆိုင်ရာ၀န်ကြီးဌာနများသည် Policy Maker ,Regulator မူဝါဒချမှတ်သူ၊ထိန်းကျောင်းသူများသာ ဖြစ်ကြသည်။

မိမိတိုင်းပြည်ကို ခရီးစဉ်ဒေသအဖြစ် မြင့်တင်ရာ Promotion လုပ်ငန်း များကို Semi government (သို့)ပုဂ္ဂလိက Professional များကို အစိုးရမှခန့်အပ် တာ၀န်ပေးလေ့ရှိကြသည်။ ထင်ရှားသည့် အဖွဲ့အစည်းများမှာ Tourism Authority of Thailand (TAT),စင်ကာ ပူနိုင်ငံမှ Singapore Tourism Board (STB), မလေးရှားနိုင်ငံမှ Tourism Malaysia, ထိုင်၀မ်နိုင်ငံမှ Taiwan Tourism Board ,ဂျပန်နိုင်ငံတွင် Japan National Tourism Organization (JNTO),ကိုရီးယားနိုင်ငံတွင် Korea Tourism Organization (KNTO) စသည်တို့သည် Inbound tourism အတွက်ရော၊ Outbound tourism အတွက်ပါ ထိရောက်စွာ စွမ်းဆောင်နိုင်သည့် အလားအလာကောင်း မျာကို တွေ့နိုင်သကဲ့သို့ ဘတ်ဂျတ်သုံးစွဲမှုတွင်လည်း အစိုးရ ဘတ်ဂျတ် သာမက ကိုယ်ပိုင်၀င်ငွေရှာပြီးဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။Promotion ဆိုတာဘာလဲ?မားကတ်တင်းဂုရုကြီး – ပရော်ဖက်ဆာ ဖီးလိစ်ကော့လ်တာ (Prof- Philip Kotfer) ၏ စျေးကွက်အခြေခံမု (၄)ချက် marketing mix 4Ps တွင် Product , Pricing ,Placement (Distribution Channel )နှင့် Promotion သည် အရေးကြီးဆုံး တခုဖြစ်သည်။ ရောင်းကုန်ပစ္စည်း (Goods) သို့ ခရီးစဉ်ဒေသ ၊ခရီးစဉ်၀န်ဆောင်မှု (Destination Service) ကို ခရီးသွားပရိတ်သတ်များ၊ ဖောက်သည်များ သိစေဖို့ရာ Promotion ကို ထိရောက်စွာမလုပ်နိုင်လျှင် Inbound tourism ဆိုတာ အ ချီးနှီးဖြစ်ပေ လိမ်မည်။ ကြော်အောင်ညာနေသကဲ့သို့ မဖြစ်စေရန် Promotion လုပ်ရာတွင် Target ထားရမည့်စျေးကွက် အပေါ်မူတည်ပြီး မိမိခရီးစဉ်ဒေသ ၊ မိမိနိုင်ငံတွင် ခရီးသွားဆိုင်ရာ အခြေခံအဆောက်အဦး (Tourism Infrastructure ) အဆင်သင့်ရှိနေပြီး လား၊?ရီးစဉ်ဒေသတွင် ၀န်ဆောင်နိုင်မှုလူ့စွမ်းအား HR Capacity လုံလောက်ရဲ့လား၊ခရီးစဉ်ဒေသသို့လုံခြုံချောမွေ့စွာ သွား ရောက်နိုင်ရဲ့လား၊ စသည်တို့ကို Master plan ရေးဆွဲပြင်ဆင်ရသည်မှာ သက်ဆိုင်ရာအစိုးရတခုတည်း အလုပ်မဟုတ် သကဲ့သို့ ပုဂ္ဂလိက အဖွဲ့အစည်းများ၏ ပူးပေါင်းပါ၀င်မှု ဒေသခံပြည်သူအားလုံး နားလည်အောင် စည်းရုံးပြီး လက်တွဲပါ၀င်နိုင်မှု ဖြစ်မှသာ All Inclusive Tourism ဖြစ်လာမည်။ PPP ခေါ်Private Public Partnership ဟုပြောဆိုလာလာပြီး Tourism Promotion ကို ဘက်စုံ ဏ္ဍအလိုက် တာ၀န်ယူ တာ၀န်ခံလုပ်နေသလဲဆိုတာ လေ့လာကြည့်ကြပါစို့။

Tourism Promotiong ဆိုတာဘာလဲ!

ခရီးသွားမြှင့်တင်ရာတွင် ခရီးစဉ်ဒေသ မြှင့်တင်ရေး ( Destination Promotion )နှင့် ခရီးသွားထုတ်ကုန်မြင့်တင်ရေး (Tour Product Promotion) ဆိုပြီးအဓိကအားဖြင့် (၂)ပိုင်းခွဲခြားလေ့လာနိုင်သည်။ Destination များတွင်လက်ရှိ ခရီးစဉ်ဒေသ (Existing Destination) နှင့် အလားအလာရှိခရီးစဉ်ဒေသ (Potential Destination) ဟူ၍(၂)မျိုးတွေ့နိုင်ပြီး အစိုးရ(ဗဟို/ဒေသ) မှတာ၀န်ယူထိန်းသိမ်း အသစ်ရှာဖွေဖော်ထုတ်သည့် လုပ်ငန်းစဉ်များဖြစ်ပြီး အချို့နိုင်ငံအများစုတွင် ပုဂ္ဂလိကဆိုင်ရာ၀န်ဆောင်မှု အဖြစ် DMO အလုပ်ရှိကြသည်။

မီးခိုးမထွက်သည့်စက်ရုံဟုတင်စားခေါ်ဝေါ်လေ့ရှိသည့် Tourism Industry မှ ခရီးသွား ထုတ်ကုန်များကို ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ကြသည်။ Intangible Product အဖြစ်၀န်ဆောင် မှုပေးရာတွင် ယဉ်ကျေးမှုအခြေခံ၊ သဘာ၀အခြေခံ၊ အပန်းဖြေ (Leisure) ,Medical tourism, culinary tourism (ချက်ပြုတ်နည်း)၊အားကစား(Sport Tourism), mice Tourism စသဖြင့်ခရီးသွားထုတ်ကုန်များကို သင့်တော်သည့် ခရီးစဉ်ဒေသ(Destination) များတွင်၀န်ဆောင်မှု ပေးနိုင်ခြင်းကို ကမ္ဘာကသိအောင် ပြုလုပ်ခြင်းကို Tourism Promotion ပြုလုပ်ခြင်းဖြစ်သည်။ Promotion ဆောင်ရွက်ရာတွင် B2B ခေါ် လုပ်ငန်းရှင်(Supplier) များထံ ကြောငြာခြင်းနှင့် B2C (ခေါ်) ခရီးသွားပြည်သူသို့ တိုက်ရိုက်ရောင်းအားမြင့် ကြောင်ငြာခြင်းဖြစ် သည်။ B2C Promotion ကို အစိုးရ(သို့) အစိုးရပံ့ပိုးမှုရှိသော ခရီးသွားဘုတ် အဖွဲ့၊ အာဏာပိုင်များ နှင့် တာ၀န်ယူ ဆောင်ရွက်လေ့ရှိပြီး ၊DMO များကိုဖွဲ့စည်းခန့်အပ်ပြီး Destination များမှတဆင့် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

မြန်မာTourism ဘယ်လဲ!

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ဆူနာမီကဲ့သို့ ၂၀၁၁နောက်ပိုင်းတွင် တဟုန်ထိုးတိုးတက်လာခဲ့ပြီး ၂၀၁၆တွင် ပြန်လျော့ကျလာခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။ ၂၀၁၁ထိတိုင် နယ်စပ်၊လေဆိပ်၊ရေဆိပ် ၀င်ပေါက်များမှ ဧည့်သည်၀င်ရောက်မှုမှာ (၁)သန်းခန့်ပင် မပြည်ခဲ့သော်လည်း ၂၀၁၁ အစိုးရသစ်လက်ထက်တွင် ခရီးသွားဏ္ဍကို ဦးစားပေးလုပ်ငန်း (၇)ရပ်တွင် ထည့်သွင်းပြီး ဖြေလျော့မှုများစတင်ခဲ့သည်။ ၂၀၁၄နောက်ပိုင်းတွင် နိုင်ငံတော်မှ နိုင်ငံခြား ငွေကျပ် ဘတ်ဂျတ်များ ပိုမိုခွင့်ပြုခဲ့သဖြင့် ပြည်ပနိုင်ငံများသို့ ပုံမှန်သွားရောက်ပြသနေသည့် ပြပွဲများတွင် ပိုမိုစွဲဆောင်စေ မည့် ပြခန်း ဒီဇိုင်းများ၊ အကျယ်အ၀န်းများ၊ဧည့်ခံဖျော်ဖြေမှုများ သုံးလာနိုင်သည်။၄င်းအပြင် သွားရောက်ပြသသူ Exhibitorများ အ နေဖြင့် ထည့်၀င်သည့် ငွေမှာလည်း ယခင်ကထက် (၅၀%)ခန့်သက်သာလာသည်။ ၂၀၁၆ ဒီမိုကရေစီအစိုးရ လက်ထက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာနအဖြစ် ဆက်လက်ရပ်တည်ခွင့်ပြုပြီး ဟိုတယ် နှင့်ခရီးသွား လုပ်ငန်း အတွေ့အကြုံများ သော အမာခံပုဂ္ဂိုလ်အား ပြည်ထောင်စု၀န်ကြီးအဖြစ် ဦးဆောင်စေခဲ့သည်။ တချိန်က အာ ဆီယံနိုင်ငံ များကြားတွင် မျက်နှာ မငယ်စေရန် နှစ်စဉ်ခရီးသည်၀င်ရောက်မှု(၁)သန်းခန့် အပေါင်းလက္ခဏာဖြစ်စေခဲ့ရာမှ ၂၀၁၆ နောက်ပိုင်း နယ်စပ်၀င်ပေါက်မှ Visa Run များ၊ Border Pass ဖြင့် နေ့ချင်းပြန်သူများကို Visitor arrival အဖြစ်ထည့်မရေ တွက်တော့ဘဲ လ.၀.က မှရသည့် စာရင်းကို သာ ထုတ်ပြန်ခဲ့သဖြင့် ယခင်၀င်ရောက်မှုမှ ၃၈% ကျဆင်းခဲ့သဖြင့် ဝေဖန်မှုများ မြင့်တက်စေခဲ့သည်။ အမှန်မှာ ယခင် Volume Tourism မှ Value Tourism ( Quality Tourist Market) ကို အလေးပေးလာသည့် သဘာပင်ဖြစ်သည်။ တာထွက် ကောင်းပြီး Promotion Budget လည်း လှိုင်လှိုင်သုံးနိုင်ခဲ့သဖြင့် ခရီးသွားရွှေခေတ်တကျော့ပြန်ပြီလားဟု အားတက်ခဲ့ရသည်။

သို့သော် ၂၀၁၇ပွင့်လင်းရာသီအမှီ အနောက်စည်းရိုးဖက်မှ ဆိုင်း သံဗုံသံကြားခဲ့ရသည်။ ၂၀၁၉ခုနှစ်တွင်လည်း အရှေ့စည်းရိုးမှ ဗင်ထုသံတွေလှိုင်လှိုင်ကြားခဲ့ရ၍ ခရိးသွား သိုင်းလောက သားများ အတွက် Tourism Hopes မှေးမှိန်န်ခဲ့ရသည်။ အထူးသဖြင့် အနောက်နိုင်ငံများကို အဓိက စျေးကွက်ထားခဲ့သည့် ခရီးသွား လုပ်ငန်း သည် အနောက်စည်းရိုးပြဿနာကြောင့် အနောက် နိုင်ငံ ဧည့်သည် ၀င်ရောက်မှု ၅၀% ကျော်ကျဆင်းခဲ့ရသည်။၂၀၁၈တွင် Look East ပေါ်လစီကျင့်သုံးပြီး အိန္ဒိယအား Visa on arrival (VOA) ခွင့်ပြုခဲ့ရာ တရုတ်ဧည့်သည်များ ပြင်ဆင် ၀င်ရောက်မှုမှာ ၁၆၀% ကျော်တိုးတက်ခဲ့ပြီး ကိုရီးယား(၉၀%)ခန့်၊ ဂျပန်(၂၅%)ထိ တိုးတက်ခဲ့သည်။ Volue Tourist ဘက်သို့ ထိမ်းလာခဲ့ပြီး Volue Tourist များထင်သလောက် မလာခြင်းသည် နိုင်ငံရေးကိစ္စတခုတည်း ကြောင့်မဟုတ်လော၊ Value Service ပေးနိုင်သေးသည့် Capacity အဆင်သင့်မဖြစ်သေူသည့်နေရာများရှိသကဲ့သို့ တရုတ်ခရီးသွားများ၏ ပြုမူပြောဆိုမှုများသည် Culture Value ကိုလည်း ကွယ်ပျောက် လာစေနိုင်သည်။ “အကကောင်းသည့်ဒေါင်းမ” ကဲ့သို့ ရှေ့က ကြည့်တော့ “လှ”သယောင်နောက်ပိုင်းကပေါ် ဆိုသကဲ့သို့ မြန်မာနိုင်ငံ ၏ ခရီးသွားလုပ်ငန်းရှေ့အလားအလာ ကို ပြည်လည် ဦးမော့ လာအောင် “ဆေးမီးတို” ဖြင့် ကုသ၍ မရေတော့ပြီ၊ ၂၀၁၈ ခုနှစ်တွင် ပထမဆုံးကျင်းပခဲ့သည့် ခရီးသွားညီလာခံ Myanmar Tourism Conference တွင် တင်ပြဆွေးနွေးခဲ့သည့် အဓိကအချက် (၆)ချက်နှင့် ၂၀၁၃ခုနှစ် Tourism Master Plan တွင် ပါ၀င်သည့် Piller (၆)ခု ချိန်ထိုးပြီး ကြည့်လျှင် ရောဂါတွေ့နေပြီး ထိရောက်သည့်ဆေးနှင့် ကုသနိုင်မည့် ဆရာ၀န်ကြီးနှင့် ဆေးအဖွဲ့ညီညွတ်လျှင် လူနာကလည်း စကားနားထောင်မည်ဆိုလျှင် Tourism Revitaligatar ဖြစ်လာပေလိမ့်မည်။

မြန်မာTourism Promotion ဘယ်လဲ!

ပုဂ္ဂလိက ဘဏ္ဍာကို ခရီးသွားလုပ်ငန်းတွင်စတင်ခွင့်ပြုခဲ့သည့် ၁၉၉၀ပြည့်နှစ်များတွင် မြန်မာနိုင်ငံဘယ်မှာရှိသည်ကို သိအောင် လိပ်စာကဒ်တွင် မြန်မာပြည်မြေပုံကိုထည့်ပြရသည်ကို ယခုတိုင်မှတ်မိသေးသည်။ ၁၉၉၄ခန့်တွင် Promoter လုပ်ရန် MMC ခေါ် Myanmar Marketing Committee ကို နိုင်ငံခြားအများစုပါသော ဟိုတယ်နှင့်ခရီးသွား အသိုင်းအဝိုင်းမှ စတင်ပြီး ၁၉၉၅တွင် ITB ဘာလင်၊ WTM လန်ဒန်စသည်ပွဲများကိုသွားရောက် ပြသခဲ့သည်။ စာရေးသူကိုယ်တိုင် ဟိုတယ်နှင့် ခရီးသွား လာရေး ၀န်ကြီးဌာန၏ ပထမဆုံး mission အဖြစ် JATA Tourism Fair 1996 ကို ဂျပန်နိုင်ငံအိုဆာကာ သို့သွားရောက်ပြသခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် JATA အဖွဲ့၀င်အဖြစ်ပါ၀င် ဆောင်ရွက်ခဲ့သည်။ ၂၀၀၂ခုနှစ်တွင် UMTAနှင့် MOHTပူးပေါင်းပြီး အသင်း သား များအတွက် စျေးသက်သာစွာဖြင့်သွားရောက် ပြသနိုင်ရန်ဆောင်ရွက်ခဲ့ကြသည်။ ထိုအပြင် ပြည်တွင်းသို့ နိုင်ငံ တကာ သတင်း မီဒီယာများ ၀င်ရောက်မှုတင်းကျပ်စွာ ထိန်းချုပ်ထားခဲ့သည်။ စစ်အစိုးရကာလတွင် ၁၉၉၅၌ပြင်သစ်မီဒီယာ များကို ဗီဇာရရန်အခက်အခဲကြားမှ ပါရီရှိ မြန်မာသံအမတ်ကြီး ဦးညွှန်တင်၏ ကူညီပေးမှုဖြင့်စတင်ခေါ်ဆောင် လာခဲ့သည်။ ထို့နောက် MMC မှလည်း Green Season Promotion Fam Trip များပုံမှန် ခေါ်ဆောင်လာသကဲ့သို့ UMTA မှလည်း ပြည်တွင်းသို့ FAM Trip များကို ဒေသအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ခြင်းဖြင့် မြန်မာကိုပိုမိုသိစေခဲ့သည်။ ၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ်(MTF) စတင်ဖွဲ့စည်းခဲ့ပြီး ညီနောင်အသင်းများအဖြစ် စုစည်းခဲ့ရာ ယခုအခါ(၁၁) သင်းထိရှိလာခဲ့သည်။ ယခင်က MMC မြန်မာစျေးကွက်ရှာဖွေရေးအဖွဲ့သည်လည်း Myanmar Tourism Marketing (MTM) သည် စျေးကွက်ရှာဖွေရေးကို အဓိကလုပ်ကိုင် လာပြီး UMTA Promotion Committee မှလည်း တဖက်တလှမ်းမှ လုပ်ရှားပါ၀င်ကာ အာရှဒေသတွင်ခရီးသွား မြှင့်တင်ရေးပြပွဲများသို့ အသင်းသားများအတွက် စျေးသင့်တင်စွာဆောင်ရွက်ပေးနိုင်ခဲ့ သည်။ ၂၀၁၈ခုနှစ်တွင် ဗီဇာဖြေလျော့ရေးနှင့်အတူ Look East ပေါ်လစီအရ MTF အောက်တွင် မြန်မာ-အာဆီယံ၊တောင်အာရှ ခရီးသွားလုပ်ငန်း စျေးကွက်မြင့်တင်ရေးအဖွဲ့၊ မြန်မာ-ဥရောပ၊အမေရိက၊သြစတျေးလျခ ရီးသွား လုပ်ငန်းစျေးကွက်မြင့်တင် ရေးအဖွဲ့၊ မြန်မာ -တရုတ်ခရီးသွား လုပ်ငန်းစျေးကွက်မြင့်တင်ရေးအဖွဲ့ ၊ မြန်မာ – ကိုရီးယား ခရီးသွား လုပ်ငန်းစျေးကွက်မြင့် တင်ရေးအဖွဲ့၊မြန်မာ-ဂျပန်ခရီးသွားလုပ်ငန်း စျေးကွက်မြင့်တင်ရေးအဖွဲ့ နှင့် ပြည်တွင်းခရီးစဉ်ဒေသဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းအဖွဲ့ စသည်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၂၀၁၈ ခုနှစ်၊စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့် Tourism Law အရ နိုင်ငံတော် အဆင့် ၀န်ကြီးဌာနများ၊လုပ်ငန်းကော်မတီများနှင့် တိုင်းဒေသခရီးသွားကော်မတီများ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ မြန်မာ စျေးကွက် ရှာဖွေရေးအဖွဲ့(MTM)၊ MTF လက်အောက်ရှိTourism Development Working Group အဖွဲ့များ နှင့် ဟိုတယ်နှင့် ခရီးသွား လာရေး၀န်ကြီးဌာနများ အကြား ဘတ်ဂျတ်ခွဲဝေသုံးစွဲမှု၊ လုပ်ငန်း တာ၀န်ခွဲဝေ သုံးဆွဲမ၊ှု အဆင့်ဆင့်တာ၀န်ခံမှု၊ စံနှုန်းလုပ်ငန်းစဉ် (SOP) များတိကျသေချာစွာ ညှိနှိုင်းဆောင်ရွက်မည်ဆိုလျှင် Tourism Development Mechanism ပိုမိုသွက်လက်လျှင်မြန်နိုင် ပေမည်။

အလားတူ promotion ကိစ္စတွင် Fam Trip များဖိတ်ကြားရာ၌ သက်ဆိုင်ရာ working group များနှင့်ညှိနှိုင်းရာတွင် မြန်မာပြည်သို့ လုံး၀မရောင်းဖူးသေးသော အလားအလာရှိသည့် အေးဂျင့်များကို ဦးစားပေးဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ လက် တွေ့ နှင့်ကွာဟခဲ့သည်။ အကြောင်းမှာ မြန်မာပြည်ကို ရောင်းလျှက်ရှိသော အေးဂျင့်များသည် Market Leader များဖြစ်သဖြင့်ပိုမို ရောင်းအားသွက်လာစေသည်။

အထူးသဖြင့် product manager များသည် MD,CEO ထက် Technical ပိုနားလည်ကြသည်။ ယခုမှ မြန်မာပြည်ကိုရောက်ဖူးပြီး စရောင်းဖို့ပြင်ဆင်လျှင်အနည်းဆုံး(၂)နှစ်ခန့်အချိန်ယူရပေဦးမည်မဟုတ်လော။ မည်သို့ပင်ဆိုစေ ယနေ့မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရေရှည် တည်တံ့ရေးသည် အထူးအရေးကြီးသဖြင့် ခရီး သွားမြှင့်တင်ရေးနှင့် ပတ်သတ်၍ နိုင်ငံတကာတွင် ထိရောက်စွာ ရလဒ်ကောင်းထွက်နိုင်ရန် Semi Government Control အစိုးရ ပုဂ္ဂလိက ပူးပေါင်းသည့် မြန်မာ့ခရီးသွားဘုတ်အဖွဲ့ Myanmar Tourism Board ကဲ့သို့ ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်း အကြံပြုလိုက်ရပါ သည်။

#Travelling_Journal/Vol_1_Issue_18


#Photo_သတိုးလွင်