ရေပြာအိုင်အဖြစ် ထင်ပေါ်ကျော်ကြားသည့် နမ့်မွန်ကြီးရေတံခွန်နှင့် ဆက်စပ်သည့်နေရာများကို ခရီးစဉ် ဒေသ များအဖြစ် ဆောင်ရွက်သွားမည်

MKT ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့တွင် ရှိသည့် မြန်မာနိုင်ငံ၏ ရေပြာအိုင် အဖြစ် ထင်ပေါ်ကျော်ကြားသည့် နမ့်မွန်ကြီးရေတံခွန်နှင်ဆက်စပ်ဒေသများကို ပြည်တွင်းပြည်ပ ခရီးသ ...

MKT

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့တွင် ရှိသည့် မြန်မာနိုင်ငံ၏ ရေပြာအိုင် အဖြစ် ထင်ပေါ်ကျော်ကြားသည့် နမ့်မွန်ကြီးရေတံခွန်နှင်ဆက်စပ်ဒေသများကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရန် ဆောင်ရွက်သွားမည်ဟုရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ညွန်ကြားရေးမှုး ဦးထင် အောင်နိုင်က Travelling Journal သို့ ပြောသည်။

အဆိုပါ ရေတံခွန်သည် လိန်းလီ သစ်တောကြိုးဝိုင်း အတွင်းပေါင်းလောင်းမြို့၏ မြောက်ဘက် ၁၂မိုင်အကွာ၌ တည်ရှိပြီး ၂၀၁၇ ခုနှစ် ဝန်းကျင်မှ ပြည်တွင်းခရီးသွားဧည့်သည်များ အကြား စတင်ရေပန်းစားလာခဲ့ကြောင်းသိရသည်။

ယင်းနမ့်မွန်ကြီးရေတံခွန်သို့ ၂၀၁၈ခုနှစ်တွင် ခရီးသွား(၈၀၀၀)၊ ၂၀၁၉ခုနှစ်တွင်ခရီးသွား(၁၂၀၀၀) လာရောက်လည်ပတ်ခဲ့ကြောင်းဝန်ကြီး ဌာန စာရင်းအရသိရသည်။

လက်ရှိတွင် ရိုးရာဝါးတဲများနှင့်ဆောက်လုပ်ထားသည့် နားနေဆောင်များနှင့် စားသောက်ဆိုင်တချို့ရှိသော်လည်း နိုင်ငံခြားသားဧည့်သည်များလာရောက်လည်ပတ်မှု အတွက် အဆင်မပြေနိုင်သည့်အတွက် ဟိုတယ် တည်ဆောက်ရန် လုပ်ငန်းရှင်တစ်ဦးက တင်ပြထားပြီးဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ညွန်ကြားရေးမှုး ဦးထင် အောင်နိုင်က Travelling Journal သို့ ပြောသည်။

ဖေဖေါ်ဝါရီ ၂၂ ရက်က အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ နှင့်တာဝန်ရှိသူများကလည်း နမ့်မွန်ကြီးရေတံခွန် ခရီးစဉ် သို့ သွားရောက်ခဲ့ကာ ရေတံခွန် အနီးရှိ ခရီးသွားများစိတ်ဝင်စားသည့် လိန်းလီတံတား၊ ဟားရေတံခွန်၊ ရေပူစမ်းတို့နှင့် ချိတ်ဆက် ပြီးခရီးစဉ် လည်ပတ်နိုင်သည့် နေရာဖြစ်အောင် Master Plan ရေးဆွဲအကောင် အထည် ဖော်ဆောင်ရွက်ရန်လိုအပ်ချက်များကိုလမ်းညွန်မှာကြားခဲ့ကြောင်းသိရသည်။

Photo U Htin Aung Naing