ခြောက်ခုမြောက်မြန်မာ့ခရီးသွားဘဏ်ခွဲ (ရွှေဘုံသာ)ဘဏ်ခွဲဖွင့်လှစ်ခဲ့ မုံရွာ နှင့်တောင်ကြီးတွင်လည်း ထပ်မံဖွင့်မည်

Travelling journal ခြောက်ခုမြောက်မြန်မာ့ခရီးသွားဘဏ် (ရွှေဘုံသာ) ဘဏ်ခွဲကို ဇူလိုင်လ၂၂ရက်တွင် ဖွင့်လှစ်ခဲ့​ကြောင်း သိရသည်။ ပုဂ္ဂလိကဘဏ်များထဲမှ မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank)သည် ယခုနှ ...

Travelling journal

ခြောက်ခုမြောက်မြန်မာ့ခရီးသွားဘဏ် (ရွှေဘုံသာ) ဘဏ်ခွဲကို ဇူလိုင်လ၂၂ရက်တွင် ဖွင့်လှစ်ခဲ့​ကြောင်း သိရသည်။

ပုဂ္ဂလိကဘဏ်များထဲမှ မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank)သည် ယခုနှစ်အတွင်း နိုင်ငံတော်မှ ချမှတ်ထားသောစည်းကမ်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ဘဏ်ခွဲအသစ်များကို ဖွင့်လှစ်လျှက်ရှိရာ လက်ရှိတွင် ခြောက်ခုမြောက်ဘဏ်ခွဲကိုဖွင့်လှစ်ပြီးနောက် မုံရွာ နှင့်တောင်ကြီးမြို့များတွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ကာလတွင် new normal နေထိုင်မှုပုံစံသစ်ဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မူလုပ်ငန်းများကို လုံခြုံစိတ်ချရသည့် ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်များအတိုင်းလိုက်နာပြီး ပြည်သူလူထုအတွက် မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank) မှ ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊မြဝတီ စသော မြို့ကြီးများတွင် ဘဏ်ခွဲများဖွင့်လှစ်၍ ဝန်ဆောင်မှုများကိုဆောင်ရွက်ပေးနေကြောင်း သိရသည်။