မြန်မာ့ခရီးသွားဘဏ် မှ ငွေသားလက်မှတ် Gift Voucher များ မကြာခင် ထွက်ရှိမည်

Travelling journal သီတင်းကျွတ်၊တန်ဆောင်တိုင် နှင့် New Year အတွက် အထူးရည်ရွယ်ပြီး မြန်မာ့ခရီးသွားဘဏ် မှ လက်ဆောင် ငွေသားလက်မှတ် Gift Voucher များ မကြာခင် ထွက်ရှိလာမည်ဖြစ်ကြောင်း အဆိုပါဘဏ်၏ Bran ...

Travelling journal

သီတင်းကျွတ်၊တန်ဆောင်တိုင် နှင့် New Year အတွက် အထူးရည်ရွယ်ပြီး မြန်မာ့ခရီးသွားဘဏ် မှ လက်ဆောင် ငွေသားလက်မှတ် Gift Voucher များ မကြာခင် ထွက်ရှိလာမည်ဖြစ်ကြောင်း အဆိုပါဘဏ်၏ Brand Manager
ဦး စိုင်းဝင်းမင်းဦး က Travelling journal သို့ ပြောသည်။

အဆိုပါ Bank Product ကို လာမည့်ရှေ့တစ်ပတ်အတွင်း ထွက်ရှိရန် စီစဥ်ထားပြီး မြန်မာ့ခရီးသွားဘဏ် မှ အများပြည်သူ လက်လှမ်းမီ သည့် ငွေသား လက်ဆောင်ကဒ် ကျပ် တစ်သောင်း မှ ကျပ် ငါးသောင်းထိ သုံးမျိုးခွဲ ခြားထား ထုတ်ထားပေးကြောင်း သိရသည်။

” Gift Voucher က သုံးမျိုးရှိပါတယ်။ တစ်သောင်း တန် သုံးသောင်းတန် ငါးသောင်းတန် လုပ်ထားပါတယ်။ ကိုယ့်ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေတွေကို လက်ဆောင်ကဒ်ပေးလို့ရအောင် ရည်ရွယ်ပြီး ထုတ်တာပါ”ဟု ၄င်းက ပြောသည်။

အဆိုပါ Gift Voucher ပေးချင်သည့် Customer များ အနေဖြင့် မြန်မာ့ခရီးသွားဘဏ် တွင် အကောင့် ဖွင့်လှစ်ထားသူဖြစ်ရပြီး Gift Voucher ဖြင့် လဲလှယ်ရယူနိုင်ကြောင်းသိရသည်။ ထို့ပြင် Gift Voucher ရရှိသည့် Customer များအနေဖြင့် မြန်မာ့ခရီးသွားဘဏ် ၏မည်သည့်ဘဏ်ခွဲမဆို လာရောက် ကာ ငွေသားဖြင့် ချက်ချင်း လဲလှယ်ယူနိုင်ကြောင်း ​သိရသည်။