တနင်္သာရီတိုင်းအတွင်းရှိ ကမ်းခြေများကို ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဟု ဝန်ကြီးချုပ် ပြော

ကော့သောင်းခရိုင်အတွင်း စူငယ်ဘာလိုင်း ကျေးရွာ အတွင်း ရှိ ဂျပန်ကမ်းခြေ မြင်ကွင်းကို တွေ့ရစဥ်။ #Travelling journal တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကမ်းခြေများကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု တနင်္သ ...
ကော့သောင်းခရိုင်အတွင်း စူငယ်ဘာလိုင်း ကျေးရွာ အတွင်း ရှိ ဂျပန်ကမ်းခြေ မြင်ကွင်းကို တွေ့ရစဥ်။

#Travelling journal

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကမ်းခြေများကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ်ဦးမြင့်မောင် က Travelling journal သို့ ပြောကြား သည်။

လက်ရှိ ကမ်းခြေများတွင် ရောင်းချသည့် စျေးဆိုင်ခန်းများကို ကိုဗစ် ကော်မတီ ၏ညွန်ကြားချက်နှင့်ကိုက်ညီသည့် A အဆင့်ရှိစျေးဆိုင်များကို ပြန်လည်ရောင်းချခွင့်ကို ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

“ကမ်းခြေတွေကိုပြန်ဖွင့်လိုက်ပါပြီ။ ကမ်းခြေမှာ ရောင်းတဲ့ ဆိုင်တွေ ကို ကိုဗစ် ညွန်ကြားချက်နဲ့အညီ စည်ပင်ကစစ်ပြီး အေ အဆင့်ဝင်တယ်ဆိုရင် ဖွင့်ခွင့်ပေးလိုက်ပါပြီ။ ညွန်ကြားချက် နဲ့ကိုက်ညီတဲ့ကမ်းခြေတွေကို ဖွင့်ခွင့်ပေးလိုက်ပါပြီ။ ဆိုင်ရောင်းချခွင့်ကို ခွင့်ပြုပါပြီ”ဟု ဝန်ကြီးချုပ် ဦးမြင့်မောင် က Travelling journal သို့ပြောကြားသည်။

အဆိုပါ ကမ်းခြေ ဆိုင်များဖွင့်လှစ်ခွင့်ကို မကြာသေးခင် ရက်ပိုင်းက ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးရှိဟိုတယ်များမှာမပိတ်ထားဘဲ ဖွင့်လှစ်ထားကြောင်း သို့သော် ခရီးသွားဧည့်သည် လည်ပတ်ခွင့်ကိုသာ ခွင့်​မပြုသေးကြောင်းသိရသည်။

“အခုလက်ရှိလေယာဥ်နဲ့လာတဲ့သူတွေက နေရပ်ပြန်တွေများပါတယ်။အလုပ်ကိစ္စနဲ့လာတဲ့သူများတယ်။အလည်အပတ်နဲ့လာတာတော့မရှိသေးပါဘူး။ထို့ပြင် ကျွန်းခရီးစဥ်များကို သွားရောက်လည်ပတ်ခွင့်ကို တရားဝင် ခွင့် မပြု သေးဟု ဝန်ကြီးချုပ် ဦးမြင့်မောင် က Travelling journal သို့ ထပ်မံ ပြောကြားသည်။

” အဲဒါက ကျွန်တော်တို့ မသိသေးပါဘူးခင်ဗျ။ကျွန်တော်တို့ မဖွင့်ထားသေးပါဘူး။ ကျွန်းခရီးစဥ်တွေကိုတော့မဖွင့်ထားပါဘူး။ကိုဗစ် ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက် အပေါ်မှာသာ မူတည် မယ်ထင်တယ်ခင်ဗျ”ဟု ဝန်ကြီးချုပ်
ဦးမြင့်မောင် က Travelling journal သို့ ပြောသည်။

Photo Ye Yint Naung