ပြည်တွင်းခရီးသွား လုပ်ငန်းရှင် လူအင်အား ၃၀၀ ကျော်မှ ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ ၁၄ ပြည်တွင်း ခရီးသွားလုပ်ငန်း တွင် ပါဝင်ဆောင်ရွက်သူများမှ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခြင်းကို ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ က ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန္ဒဖော်ထုတ်သူများသည် အောင်ဆန်းကွင်း နှင် ...

ဖေဖော်ဝါရီ ၁၄

ပြည်တွင်း ခရီးသွားလုပ်ငန်း တွင် ပါဝင်ဆောင်ရွက်သူများမှ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခြင်းကို ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ က ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်သူများသည် အောင်ဆန်းကွင်း နှင့် ဘူတာကြီးရှေ့ တွင်လူစုပြီး ထို့နောက် ဆူးလေ ၊ မြန်မာ့စီးပွားရေးဘဏ် ၊India သံရုံး၊ ဟိုတယ်ခရီး(ရန်ကုန်ရုံး)၊UK သံရုံး ၊တရုတ်သံရုံး ၊ထိုင်းသံရုံး နှင့်ရုရှားသံရုံး သို့သွားရောက်ကာ လူအင်အား ၃၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွှေမြင့်မိုရ် ပြည်တွင်းခရီးသွားလုပ်ငန်း ကလည်းဆန္ဒထုတ်ဖော်သူများကို ကြက်သားကြာဇံကြော် များ
ပေးဝေ လှူဒါန်း ပေးခဲ့ ကြောင်း သိရသည်။