ဧရာဝတီ တိုင်း အတွင်း ခရီးသွားစက်ဝန်းကြီး အဖြစ် သွားလာ လည်ပတ်နိုင်ရန် ခရီးစဥ်ဒေသ ( ၁၉၆ )ခုကို တိုင်းအစိုးရ ဖော်ထုတ်

ဂေါ်ရန်ဂျီကမ်းခြေကိုတွေ့မြင်ရစဥ် Travelling journal ဧရာဝတီ တိုင်းဒေသကြီးအတွင်း ခရီးသွားစက်ဝန်းကြီး အဖြစ် သွားလာလည်ပတ်နိုင်ရန်အတွက် ထင်ရှားကျော် ကြား သည့် ခရီးစဥ် နေရာဒေသအသစ်( ၁၉၆ )ခုကို တိုင်းအ ...
ဂေါ်ရန်ဂျီကမ်းခြေကိုတွေ့မြင်ရစဥ်

Travelling journal

ဧရာဝတီ တိုင်းဒေသကြီးအတွင်း ခရီးသွားစက်ဝန်းကြီး အဖြစ် သွားလာလည်ပတ်နိုင်ရန်အတွက် ထင်ရှားကျော် ကြား သည့် ခရီးစဥ် နေရာဒေသအသစ်( ၁၉၆ )ခုကို တိုင်းအစိုးရ က ဖော်ထုတ် မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့မှ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက Travelling journal သို့ ပြောသည်။

အဆိုပါခရီးစဥ်နေရာများရရှိရန်အတွက် တိုင်းအစိုးရ မှ မြို့နယ်အလိုက်ရှိ အုပ်ချုပ်ရေးအဖွဲ့များအား စာရင်းပြုစုကောက်ခံပေးရန် ညွန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

“ပုဂံလိုတော့ Attraction မဖြစ်သေးဘူး ပေါ့။ အဲဒီလို ဖြစ်ဖို့ကလည်း လူထုကိုဆွဲဆောင်ဖို့ မလွယ်ကူဘူးလေ။ အားသာချက်က ကမ်းခြေအများအပြားရှိတာမို့ အခွင့်အလမ်း အများကြီး ကောင်းမွန်ပါတယ်။ ကျွန်တော် တို့ပြုစုထားတဲ့မှတ်တမ်းစာအုပ်က မကြာခင်ထုတ်ဝေတော့မှာပါ။ဘယ်အစိုးရတက်လာလာ ဒီပြုစုထားတဲ့
ဒါတွေရှိတယ်။ ဆက်ပြီးလုပ်လို့ရနိုင်အောင် မှတ်တမ်းတွေ လုပ်ထားပေးထားပါတယ်”ဟု ဦးသန်းဆွေဝင်း က ပြောသည်။

ပြုစုထားသည့် အဆိုပါနေရာ(၁၉၆ )နေရာအား နှစ်ည အိပ်မှ ငါးညအိပ်အထိ ခရီးသွား များ၏ စိတ်ဝင်စား မှုပေါ် သွားရောက်လည်ပတ်နိုင်စေရန် အလုပ်ရုံဆွေးနွေးပွဲတစ်ခုလုပ်ကာ Package ခရီးစဥ် များ အဖြစ် ဖော်ဆောင်သွားရန် စီစဥ်ထားရှိကြောင်းသိရသည်။

ဧရာဝတီ တိုင်း​ဒေသကြီးအတွင်းရှိ ထင်ရှားကျော်ကြားသည့် လူပုဂ္ဂိုလ်များ ၊ ရဟန်းပုဂ္ဂိုလ်များ၊ထူးခြားသည့်စေတီပုထိုးများ၊ ကမ်းခြေများ နှင့်လှပသည့်ပြကွင်းပြကွက်ကောင်းလှသည့် ဒေသများကို ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။