အာခါတိုင်းရင်းသားများ နေထိုင်သည့် ဟိုကျင်း​ဒေသတွင် ပထမဆုံး CBT ကျေးရွာကို စတင် ဖော်ဆောင်မည်

Travelling Journal ရှမ်းပြည်နယ် အရှေ့ပိုင်း မြို့တော်ဖြစ်သည့် ကျိုင်းတုံ မြို့တွင် အာခါတိုင်းရင်းသားများ နေထိုင်ကြသည့်ဟိုကျင်းဒေသ၌ ပထမဆုံး ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကျေးရွာကို စတင် ...

Travelling Journal

ရှမ်းပြည်နယ် အရှေ့ပိုင်း မြို့တော်ဖြစ်သည့် ကျိုင်းတုံ မြို့တွင် အာခါတိုင်းရင်းသားများ နေထိုင်ကြသည့်
ဟိုကျင်းဒေသ၌ ပထမဆုံး ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကျေးရွာကို စတင် ဖော်ဆောင် မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ CBT ကျေးရွာကို ဟိုကျင်းရွာ ၁ ၊ ၂ ၊ ၃ ၏ ရွာအဝင် လမ်းဆုံအနီးတွင် CBT ကို ဖော်ဆောင် နေပြီး လက်ရှိတွင် ဒေသခံများအား Training ပေးနေပြီဖြစ်ကြောင်း သိရသည်။

အာခါတိုင်းရင်းသူတစ်ဦးကိုတွေ့ရစဥ်

“ဟိုကျင်းက အရင်က နိုင်ငံခြားသားတွေ သွားလာလည်ပတ်ကြတဲ့နေရာပါ။ အရင်က နေ့ချင်းပြန် ပဲ ရတယ်။ ကျိုင်းတုံ မှာ ပြန်အိပ်ရတယ်။ အခု ဟိုကျင်းမှာ အခုလို CBT ဖော်ဆောင်လိုက်တော့ ညအိပ်ပြီး အနီးက ဗုဒ္ဓ ဥယျာဥ် ၊ ပန်ကွဲတောင် အဲဒါတွေကို လည်ပတ်နိုင်တယ် “ဟု ဟိုတယ် နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန( ကျိုင်းတုံ)မှ တာဝန်ရှိသူ တစ်ဦးက Travelling journal သို့ ပြောသည်။

လက်ရှိတွင် အ​ဆောက်အအုံတည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်းနီးပါး ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

” ကျိုင်းတုံ မှာ အခုလို ဖွင့်လှစ်လို့ အရမ်းဂုဏ်ယူပါတယ်။ဘယ်လောက်ထိအကျိုးရှိမလဲဆိုရင် Tour Guide အတွက် အရမ်းအကျိုးရှိလိမ့်မယ်။ ပြီးတော့ ရွာသူ ရွာသားအတွက် အကျိုး ရှိမယ်လို့ကျွန်တော် ယုံကြည်တယ်။ ကျွန်တော် ထိုင်းနိုင်ငံ မှာ ၁၀ နှစ်ကျော် လုပ်လာခဲ့တဲ့ အတွေ့အကြုံနဲ့ ဟိုကျင်းရွာက CBT ကို အတတ်နိုင်ဆုံး ကူညီမယ်။ ဒီကနေ ရပ်ရွာအတွက် ရိုးရာဓလေ့ တွေ အစားအသောက် ဆိုင်ရာတွေ လူနေမှူဘဝတွေ ကိုလည်း သိလာစေရမယ်။ သူတို့ ရဲ့အသိအမြင်တွေ ပိုပြီး တိုးတက် လာစေမယ်” ဟု ကျိုင်းတုံ ဒေသခံ ဧည့်လမ်းညွန် ကိုမျိုးအောင်က Travelling journalကိုပြောသည်။

အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည့် ဟိုကျင်းဒေသသည်ဟိုကျင်းရွာ ၁၊ ၂ ၊ ၃ ၊ ၄ ရွာကို ပေါင်းထားပြီးရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း CBT ကျေးရွာကို စတင်ဖော်ဆောင် ပြီး လက်ရှိတွင် ဧည့်သည်များ တည်းခို ညအိပ်နားနေနိုင်ရန် အဆောက်အအုံ လေးခုကို တည်ဆောက်ပြီးဖြစ်ကြောင်း သိရသည်။

#ZawgyiVersion

အာခါလုံမငယ်တစ်ဦးကိုတွေ့ရစဥ်

ရွမ္းျပည္နယ္ အေရွ႕ပိုင္း ၿမိဳ႕ေတာ္ျဖစ္သည့္ က်ိဳင္းတုံ ၿမိဳ႕တြင္ အာခါတိုင္းရင္းသားမ်ား ေနထိုင္ၾကသည့္ဟိုက်င္းေဒသ၌ ပထမဆုံး ရပ္႐ြာအေျချပဳ ခရီးသြားလုပ္ငန္း (CBT) ေက်း႐ြာကို စတင္ ေဖာ္ေဆာင္ မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ CBT ေက်း႐ြာကို ဟိုက်င္း႐ြာ ၁ ၊ ၂ ၊ ၃ ၏ ႐ြာအဝင္ လမ္းဆုံအနီးတြင္ CBT ကို ေဖာ္ေဆာင္ ေနၿပီး လက္ရွိတြင္ ေဒသခံမ်ားအား Training ေပးေနၿပီျဖစ္ေၾကာင္း သိရသည္။

“ဟိုက်င္းက အရင္က နိုင္ငံျခားသားေတြ သြားလာလည္ပတ္ၾကတဲ့ေနရာပါ။ အရင္က ေန႕ခ်င္းျပန္ ပဲ ရတယ္။ က်ိဳင္းတုံ မွာ ျပန္အိပ္ရတယ္။ အခု ဟိုက်င္းမွာ အခုလို CBT ေဖာ္ေဆာင္လိုက္ေတာ့ ညအိပ္ၿပီး အနီးက ဗုဒၶ ဥယ်ာဥ္ ၊ ပန္ကြဲေတာင္ အဲဒါေတြကို လည္ပတ္နိုင္တယ္ “ဟု ဟိုတယ္ ႏွင့္ခရီးသြားၫြန္ၾကားမႈ ဦးစီးဌာန( က်ိဳင္းတုံ)မွ တာဝန္ရွိသူ တစ္ဦးက Travelling journal သို႔ ေျပာသည္။

လက္ရွိတြင္ အေဆာက္အအုံတည္ေဆာက္မႈမွာ ၉၀ ရာခိုင္ႏႈန္းနီးပါး ၿပီးစီးၿပီ ျဖစ္ေၾကာင္း သိရသည္။

” က်ိဳင္းတုံ မွာ အခုလို ဖြင့္လွစ္လို႔ အရမ္းဂုဏ္ယူပါတယ္။ဘယ္ေလာက္ထိအက်ိဳးရွိမလဲဆိုရင္ Tour Guide အတြက္ အရမ္းအက်ိဳးရွိလိမ့္မယ္။ ၿပီးေတာ့ ႐ြာသူ ႐ြာသားအတြက္ အက်ိဳး ရွိမယ္လို႔ကြၽန္ေတာ္ ယုံၾကည္တယ္။ ကြၽန္ေတာ္ ထိုင္းနိုင္ငံ မွာ ၁၀ ႏွစ္ေက်ာ္ လုပ္လာခဲ့တဲ့ အေတြ႕အႀကဳံနဲ႕ ဟိုက်င္း႐ြာက CBT ကို အတတ္နိုင္ဆုံး ကူညီမယ္။ ဒီကေန ရပ္႐ြာအတြက္ ရိုးရာဓေလ့ ေတြ အစားအေသာက္ ဆိုင္ရာေတြ လူေနမႉဘဝေတြ ကိုလည္း သိလာေစရမယ္။ သူတို႔ ရဲ႕အသိအျမင္ေတြ ပိုၿပီး တိုးတက္ လာေစမယ္” ဟု က်ိဳင္းတုံ ေဒသခံ ဧည့္လမ္းၫြန္ ကိုမ်ိဳးေအာင္က Travelling journalကိုေျပာသည္။

အိမ္ေျခ ၂၀၀ ဝန္းက်င္ရွိသည့္ ဟိုက်င္းေဒသသည္ဟိုက်င္း႐ြာ ၁၊ ၂ ၊ ၃ ၊ ၄ ႐ြာကို ေပါင္းထားၿပီးရပ္႐ြာအေျချပဳခရီးသြားလုပ္ငန္း CBT ေက်း႐ြာကို စတင္ေဖာ္ေဆာင္ ၿပီး လက္ရွိတြင္ ဧည့္သည္မ်ား တည္းခို ညအိပ္နားေနနိုင္ရန္ အေဆာက္အအုံ ေလးခုကို တည္ေဆာက္ၿပီးျဖစ္ေၾကာင္း သိရသည္။

#Photo Ko Myo Aung