အများပြည်သူထည့်ဝင် လှူဒါန်းထားသည့် အလှူငွေဖြင့် ရန်ကုန်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည်

Travelling journal အများပြည်သူ ထည့်ဝင်လှူဒါန်းထားသည့် အလှူငွေများဖြင့် ရန်ကုန်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်တော့မည် ဖြစ်ကြောင်း ဦးဆောင် စီစဥ်ပေးသူအဖွဲ့ဝင်တစ်ဦးက Travelling journal သို့ ...

Travelling journal

အများပြည်သူ ထည့်ဝင်လှူဒါန်းထားသည့် အလှူငွေများဖြင့် ရန်ကုန်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်တော့မည် ဖြစ်ကြောင်း ဦးဆောင် စီစဥ်ပေးသူအဖွဲ့ဝင်
တစ်ဦးက Travelling journal သို့ ပြောသည်။

“ကျွန်တော် တို့မှန်းထားတာက နောက်တစ်ပတ်အတွင်းလောက် စတင် ထုတ်လုပ်ပေးနိုင်မယ်လို့ မှန်းထားတယ်။စက်က လည်းရောက်လာပြီ။ စက်ကလည်း လက်ဝယ်ရှိတဲ့သူဆီကနေ ကံအားလျော်စွာ ရသွားတာပါ”ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့တွင် ထားရှိမည့် အောက်ဆီဂျင် Plant စက်ကို တွေ့ရစဥ်။

ထို့ပြင် အောက်ဆီဂျင်စက်ရုံအတွက် မြေနေရာလှူဒါန်းပေးသည့်အလှူရှင်များရှိသလို စက်ကို ဆင်ပြီး ထုတ်လုပ်နိုင်ပြီးဆိုပါက ပရဟိတအသင်းတစ်ခုသို့ လက်ဝယ်အပ်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော် တို့က Operation ကို မလုပ်ပါဘူး။ အားလုံးစီစဥ်ပေးမယ်။ပရဟိတအသင်းတွေမှာလည်း အိုးတွေရှိတယ်။ အိုးတွေ ထပ်ဝယ်ပေးမယ်။ပြီးရင် ပရဟိတ အသင်းတစ်ခုတည်းကို အပ်လိုက်မှာပါ။ကျန်တာ သူတို့ဆက်ပြီး RUN မှာပါ။ ကျွန်တော် တို့က နောက်ထပ် O2 စက်ရုံထပ်လုပ်ပေးဖို့ ထပ်စီစဥ်ပေးမှာပါ”ဟု ၄င်း က Travelling journal သို့ ပြောသည်။