အမေရိကန်အခြေစိုက် Forbes မဂ္ဂဇင်းမှ ထုတ်ပြန်သော ကိုဗစ် အလွန်ကာလ ခရီးသွား လုပ်ငန်း တောက်ပလာမည့် နိုင်ငံ ၇ နိုင်ငံ စာရင်းတွင် မြန်မာ ကို ဖော်ပြလာ

Travelling journal အမေရိကန်အခြေစိုက် Forbes မဂ္ဂဇင်းမှ ထုတ်ပြန်သော ကိုဗစ် အလွန်ကာလ ခရီးသွား လုပ်ငန်း တောက်ပလာမည့် နိုင်ငံ ၇ နိုင်ငံ စာရင်းတွင် မြန်မာကို ရေးသားဖော်ပြခဲ့သည်။ ကမ္ဘာကျော် Forbe ...

Travelling journal

အမေရိကန်အခြေစိုက် Forbes မဂ္ဂဇင်းမှ ထုတ်ပြန်သော ကိုဗစ် အလွန်ကာလ ခရီးသွား လုပ်ငန်း တောက်ပလာမည့် နိုင်ငံ ၇ နိုင်ငံ စာရင်းတွင် မြန်မာကို ရေးသားဖော်ပြခဲ့သည်။

ကမ္ဘာကျော် Forbes မဂ္ဂဇင်းမှ ကိုဗစ်အလွန် ကာလတွင် ခရီးသွားလုပ်ငန်းအလားအလာကောင်းမွန်လာနိုင်သည့် နိုင်ငံများ၏အမည်စာရင်းများကိုရေးသားဖော်ပြခဲ့သည့်စာရင်း၌ မြန်မာနိုင်ငံမှ တတိယဦးစားပေးဖော်ပြခံခဲ့ရသည့်စာရင်းတွင် ပါဝင်လာခဲ့သည်။

အဆိုပါ Forbes မဂ္ဂဇင်းမှဖော်ပြသည့်နိုင်ငံများမှာအီသီယိုပီးယား၊ အီရန်၊ မြန်မာ၊ ဂျော်ဂျီယာ၊ ဖိလစ်ပိုင်၊ ဆလိုဗီနီးယားနှင့် တူနီရှား တို့ဖြစ်ကြသည်။

ထို့ပြင် ယင်းမဂ္ဂဇင်းမှ မြန်မာနိုင်ငံအကြောင်းကိုရေးသားဖော်ပြရာတွင်အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့်စင်ကာပူ ၊ ထိုင်း၊ အင်ဒိုနီးရှားတို့မှာကမ္ဘာ့အဆင့်မီ လည်ပတ်စရာနေရာများဖြစ်​ကြောင်း ကမ္ဘာလှည့်ခရီးသွားများမှသွားရောက် လည်ပတ်သော်လည်း အရှေ့တောင်အာရှနိုင်ငံထဲ၌ တိမ်မြှုပ်နေသည့် ရတနာများရှိသေးကြောင်း ၄င်းမှာ ဘားမား ဟုခေါ်တွင်ခဲ့သည့် မြန်မာနိုင်ငံ သို့မဟုတ် လျှော့တွက်ခံရဆုံးနိုင်ငံတွင် စွဲဆောင်မှုများစွာရှိသည့်နေရာများကျန်ရှိနေသေးကြောင်းရေးသားဖော်ပြထားသည်။ထို့ပြင် ဗုဒ္ဓစေတီပုထိုးများနှင့် ရှေးဟောင်းယဉ်ကျေးမှုအကြွင်းအကျန်များလည်း ရှိနေသေးကြောင်းဟုဆိုထားသည်။

ဖွံ့ဖြိုးဆဲ စီးပွားရေးကာလအတွင်းအသုံးစရိတ်များစွာမကုန်ချင်​သေးသည့် ခရီးသွားများအတွက်လည်း လည်ပတ်ဖို့ပိုမိုသင့်တော်ကြောင်း အသစ်တည်ဆောက်ထားသည့် မြို့တော်အသစ်နေပြည်တော်ကလည်း လူဦးရေနည်းပါးသလို traffic နည်းပါးကြောင်း မြို့တော်ဟောင်းရန်ကုန် တွင် နိုင်ငံ၏ အလေးအမြတ်အထားဆုံး ဘုရားစေတီတည်ရှိသည့်အပြင် ဗြိတိသျှ ကိုလိုနီခေတ်ကကျန်ရှိနေသေးသည့် ဗိသုကာလက်ရာများနှင့်လည်း ရောယှက် ထုံမွန်းနေကြောင်း ရေးသားဖော်ပြခဲ့သည်။