အနက် ၃၀ ခန့် ရှိပြီး ထူးဆန်းသော ကျောက်ရေကန် ရှိသည့် တုရင်းတောင် ပတ်ဝန်းကျင်ဒေသ ကို ခရီးစဥ်သစ်ဖော်ဆောင်ရန် ဟိုတယ်ခရီး စီစဥ်

Travelling journal ထူးဆန်းသော ကျောက်ရေကန် တည်ရှိသည့် တုရင်း တောင် ပတ်ဝန်းကျင်ဒေသကို ခရီးစဥ်သစ်ဖော်ဆောင်ရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူ ဦးစီးဌာန မှ စီစဥ်နေကြောင်း ပုဂံရုံးခွဲတာဝန်ခံ ဒုတိယ ...

Travelling journal

ထူးဆန်းသော ကျောက်ရေကန် တည်ရှိသည့် တုရင်း တောင် ပတ်ဝန်းကျင်ဒေသကို ခရီးစဥ်သစ်ဖော်ဆောင်ရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူ ဦးစီးဌာန မှ စီစဥ်နေကြောင်း ပုဂံရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး
ဦးဝင်းအောင်က Travelling journal သို့ပြောသည်။

အဆိုပါ ကျောက်ရေကန်မှာ တုရင်းတောင်၏ အရှေ့ဘက်တွင် တည်ရှိပြီးပုဂံမြို့မှ ကား​ဖြင့် လာရောက်မည်ဆိုပါက မိနစ်၂၀ခန့်ကြာမြှင့်ပြီး ထိုမှတဆင့် ၁၅မိနစ်ခန့် လမ်းလျှောက်မည်ဆိုပါက ကျောက်ရေကန်ကို ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

“ကျောက်ရေကန် ကနေ ကြည့်လိုက်ရင် ဧရာဝတီ မြစ်အလှနဲ့ ပုဂံမြို့ကို စီးပြီးကြည့်နိုင်လို့ရတယ်။ ဒီကျောက်ရေကန်ကနေ ဆက်တက်ရင် အပေါ် မှာ ဘုရား နှစ်ဆူ ကို ထပ် လေ့လာလို့ရသေးတယ်”ဟု ဦးဝင်းအောင်က Travelling journal ကို ပြောသည်။

လက်ရှိတွင် အဆိုပါနေရာသို့ ရန်ကုန်မြို့မှ ပြည်တွင်းခရီးသွား များလာရောက်လေ့လာပြီး ဓာတ်ပုံများ ရိုက်ကူးကာ လူမှုကွန်ယက်စာမျက်နှာများပေါ်သို့ တင်ခြင်းကြောင့် ပြည်တွင်းခရီးသွား ကြားများတွင် ပေါ်ပြူလာဖြစ် လာခဲ့သည့်နေရာတစ်ခု ဖြစ်ခဲ့ကြောင်းသိရသည်။

ယင်း ကျောက်ရေကန်သည် အလျား ၈၀’ အနံ ၈၀’ အနက် ၃၀’ ခန့် ရှိပြီး အလွန်ထူးခြားလှသည့် ရေကန်တစ်ခု ဖြစ်ကြောင်း သိရသည်။ ပါးစပ်ရာဇဝင်များအရအနော်ရထာ မင်းလက်ထက်က ရေကန်တွင် အလုပ်လုပ်သူများ နားနေကြသည့် နေရာဟုလည်း ဆို ကြောင်းသိရသည်။ ကျောက်ရေကန် အတွင်းတွင် ဝင်္ကပါပုံစံ ၊
နဂါးရုံ ပုံ၊ ဇာမဏီငှက်ပုံ စသည်တို့ကိုထွင်းထုထားသည့်လက်ရာများကို တွေ့မြင်နိုင်ကြောင်း သိရသည်။

Photo DHT Bagan