ဟွန်ဒါ(Honda) ဂျက်လေယာဉ်များဖြင့် မြန်မာနိုင်ငံအတွင်း ခရီးစဉ်ဒေသများကို ပျံသန်းပြေးဆွဲရန် သရုပ်ပြမိတ်ဆက်

#မော်ကျွန်းသူဂျပန်နိုင်ငံ ဟွန်ဒါကုမ္ပဏီ၏ စိတ်ကူးဒီဇိုင်းနှင့် အမေရိကန်နည်း ပညာတို့ပူးပေါင်းထုတ်လုပ်ထား သည့် ဟွန်ဒါ အမျိုးအစား ဂျက် လေယာဉ်အား မြန်မာနိုင်ငံတွင် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ တာဝန်ရှိ ...


#မော်ကျွန်းသူ
ဂျပန်နိုင်ငံ ဟွန်ဒါကုမ္ပဏီ၏ စိတ်ကူးဒီဇိုင်းနှင့် အမေရိကန်နည်း ပညာတို့ပူးပေါင်းထုတ်လုပ်ထား သည့် ဟွန်ဒါ အမျိုးအစား ဂျက် လေယာဉ်အား မြန်မာနိုင်ငံတွင် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ တာဝန်ရှိသူများနှင့် အခြားစိတ်ဝင် စားသူလုပ်ငန်းရှင်တို့ကို သရုပ်ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း KPO ကုမ္ပဏီလီမိတက်မှ ပရော ဂျက် ဒါရိုက်တာ ဦးနိုင်ထွန်းက Travelling ဂျာနယ်သို့ ပြောသည်။

“ လောလောဆယ်က အစပဲရှိ သေးတာ။ လေယာဉ်ပျံကို မြန်မာ နိုင်ငံတွင်းမှာ ပျံသန်းပြေးဆွဲခွင့်ရဖို့ ခွင့်ပြုချက်လိုင်စင် AOC သက်ဆိုင်ရာသို့ ဆက်လက်တင်ပြလျှောက်ထားဖို့စီစဉ်နေပါတယ်။ ဒီလေယာဉ်ပျံထုတ်တာကလည်း ငါးနှစ်ဝန်းကျင်အတွင်းလောက်ပဲ ရှိသေးတာ။ အာရှဒေသတွင်းတစ် ခုထဲမှာ တောင် တစ်စီးနှစ်စီးပဲရှိ သေးတာဖြစ်တယ်။ ပြီးခဲတဲ့လကုန် ပိုင်းက ဂျပန်နိုင်ငံ၊ ဟော့ကိုင်ဒိုး ဒေသရှိ ဆာပိုး ရိုးကို သွားရောက် သရုပ်ပြသခဲ့တာဖြစ်ပါတယ်။ KPO ကုမ္ပဏီအနေနဲ့ Country Dealer မြန်မာနိုင်ငံအတွက် ရရှိထားတာ ဖြစ်လို့ အဲဒီလေယာဉ်ပျံကို သရုပ် ပြပျံသန်းဖို့ မြန်မာနိုင်ငံသို့ရောက် ရှိနေတာဖြစ်ပါတယ်။ နောက် ပိုင်း ခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှု တွေပေးဖို့အတွက် ရည်ရွယ်ထား တာပါ””ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါ ဂျက် လေယာဉ်သရုပ်ပြသမှုကို ပို့ဆောင် ဆက်သွယ်ရေးနှင့် ဟိုတယ်ခရီး သွားဝန်ကြီးဌာန လက်အောက် ဦးစီးဌာနများရှိ တာဝန်ရှိသူများကို ပျံသန်းသရုပ်ပြသနေကြောင်း သိရသည်။

“အဲဒီဌာနတွေကို အရင်ဆုံး စပြသနေတာဖြစ်တယ်။ မြန်မာ နိုင်ငံအပြင် ဒေသတွင်း အခြား နိုင်ငံများကိုပါ အခါအားလျော် စွာသွားရောက်ပြီး ပျံသန်းသရုပ်ပြ နေတာဖြစ်ပါတယ်။ မြန်မာပြည် မှာတော့ မန္တလေးမြို့အပါအဝင် အခြားမြို့ကြီးများကိုလည်း သွား ရောက်ပြီး သရုပ်ပြသသွားမှာဖြစ် ပါတယ်””ဟု ၎င်းကပြောသည်။

အဆိုပါ ဟွန်ဒါအမျိုးအစား ဂျက်လေယာဉ်ကို မြန်မာနိုင်ငံတွင် သရုပ်ပြမိတ်ဆက်မှုများပြုလုပ်နိုင် ရန်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ သို့ ရောက်ရှိလာခြင်းဖြစ်ပြီး နိုဝင် ဘာ ၁၉ ရက်က ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးဌာန၊ ဟိုတယ် ခရီးဝန်ကြီးဌာနှင့် အခြားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများအား နေပြည်တော်တွင် ပျံသန်းသရုပ် ပြသခြင်း၊ ရပ်နားသရုပ်ပြသခြင်း များကို ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ဆက်လက်ပြီး အခြားမြို့ကြီး များသို့လည်း အလျဉ်းသင့်သလိုပျံ သန်းသရုပ်ပြသသွားမှာဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂျက်လေယာဉ်တစ် စီးတန်ကြေးမှာ ကန်ဒေါ်လာ ၅ သန်းဝန်းကျင်ရှိပြီး ပေါ့ပါးသလို တစ်စီးလျှင် လူ ၅ ဦးမှ လူ ၆ ဦး အထိ စီးနင်းနိုင်ပြီး GE Honda/HF 120 အမျိုးအစားအင်ဂျင်နှစ်လုံးပါရှိသည့် ဂျက် လေယာဉ် အမျိုးအစားဖြစ်ကြောင်း သိရ သည်။

ယင်းဂျက်လေယာဉ်များ သည် လက်ရှိပြည်တွင်းခရီးစဉ်များ တွင် ART လေယာဉ်ပျံများ ပျံ သန်းအသုံးပြုလျှက်ရှိသည့် မည် သည့်ကွင်းမျိုးမဆို ဆင်းသက်နိုင် ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပျံသန်းပြေး ဆွဲရန် သက်ဆိုင်ရာမှ ခွင့်ပြုချက် AOC ရရှိပြီးပါက အဆိုပါဂျက် လေယာဉ်ငယ်များဖြင့် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍတိုးတက်မြှင့်တင် ရေးတွင် တတ်အားသရွေ့ပါဝင် ဆောင် ရွက်သွားရန် အဓိကရည်ရွယ်ထားကြောင်း သိရသည်။

ထို့အပြင် လေကြောင်းနှင့် ဆက်နွယ်သည့်လုပ်ငန်းရပ်များတွင် ပါဝင်လုပ်ကိုင်နိုင်ရန်အထိ ဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

Travelling_Journal/Vol_1_Issue_7