ဟိုတယ်နှင့် ခရီးသွား လုပ်ကိုင်နေသူများအတွက် အောက်ဆီဂျင်အိုးများနှင့် အောက် ဆီဂျင် အရည် များကို အခမဲ့ ဖြန့်ဝေ ပံ့ပိုး ပေးသွားရန် MTF မှ Oxygen Plant စက်ရုံ စတင် တပ်ဆင်

Travelling journal ပြည်နယ်အလိုက်ရှိသည့် ဟိုတယ်ဇုန်များနှင့် MTF လက် အောက်ရှိ (၁၁ )သင်းမှ Tourism Member များအတွက် အောက်ဆီဂျင်အိုးများနှင့် အောက် ဆီဂျင် အရည် များ ကို အခမဲ့ဖြန့်ဝေ ပံ့ပိုးပေးသွာ ...

Travelling journal

ပြည်နယ်အလိုက်ရှိသည့် ဟိုတယ်ဇုန်များနှင့် MTF လက် အောက်ရှိ (၁၁ )သင်းမှ Tourism Member များအတွက် အောက်ဆီဂျင်အိုးများနှင့် အောက် ဆီဂျင် အရည် များ ကို အခမဲ့ဖြန့်ဝေ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက Travelling journal သို့ပြောသည်။

“ရန်ကုန်ထဲဆို လိုအပ်ရင် အန်ကယ်တို့ဆီက အိမ်တိုင်ရာ ရောက် လိုက်လံပို့ဆောင်ပေးမယ်။ အောက်ဆီဂျင်အိုးမရှိရင် အိုးလည်းငှားပေးမယ်။ တကယ်လို့ ကိုယ့်အိုးကိုယ်ယူပြီး လာဖြည့်ရင်လည်း အခမဲ့ ဖြည့်ပေးမှာပါ”ဟု ၄င်းက ပြောသည်။

အဆိုပါ Oxygen Plant တပ်ဆင်ခြင်းကို မြန်မာနိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့ချုပ်နှင့် အေဝမ်းဆောက်လုပ်ရေးလုပ်ငန်းမှ ပူးပေါင်း တပ်ဆင်ပြီး ဟိုတယ် နှင့်ခရီးသွားနယ်ပယ်အသီးသီးမှ လုပ်ကိုင်နေသူများအတွက် လိုအပ်နေသည့် အောက်ဆီဂျင်များကိုဗိုလ်တထောင် မြို့နယ် အမှတ် ၃ ကုန်သည်လမ်းနှင့် စန္ဒကူးလမ်း ထောင့်( ၃)ရပ်ကွက် ရှိ Oxygen Plant စက်ရုံ တွင် လာရောက် ဖြည့်တင်းနိုင်ကြောင်း သိရသည်။

ယင်း ကဲ့သို့ ဆောင်ရွက် ပေးရခြင်းမှာလည်း Tourism Industry မှ member များအတွက် တဖက်တလမ်းမှ ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်ရန်တနေ့လျှင် Full Medical Grade Oxygen အလုံးရေ(၈၀ )အထိ ထုတ်လုပ် ပေးနိုင်သည့် Oxygen Plantကို ယနေ့ သြဂုတ်လ ၃၁ ရက်တွင် စတင် တပ်ဆင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပိတ်ရက်မရှိ နေ့စဥ် မနက် ၉ နာရီ မှ ညနေ ၅ နာရီ ထိ Oxygen ဖြည့်ပေးသွားမည်ဖြစ်ကာ လိုအပ် ချက်ရှိပါက ၁၀ နာရီတကြိမ် ကို တစ်နာရီ အနားပေးပြီး ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ တွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ဗဟို) လက်အောက်ရှိ ကယားဇုန်၊ ပဲခူးဇုန်၊ ချောင်းသာ၊ ငွေဆောင်ဇုန် များမှ လာရောက် Oxygen ဖြည့်ပေးသွားရန် စီစဥ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ်မှ သိန်း၂၀၀၀ မတည်ပြီး Covid Clinic ဖွင့်လှစ် ခြင်းကို သြဂုတ်လ ၁၆ ရက်တွင်
ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်​ ကြောင်း သိရသည်။