သူဌေးကျွန်းအပန်းဖြေဟိုတယ် မိသားစုမှ COVID 19 ကုသရေးစင်တာ( ၁၀) ​နေရာကို ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းမည်

Travelling journal တနသ်ာရီတိုင်းဒေသကြီး ကော့သောင်း မြို့အခြေစိုက် သူဌေးကျွန်းအပန်းဖြေဟိုတယ် မိသားစုမှ COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးစင်တာ( ၁၀ )နေရာ သို့ ကျန်းမာရေးသုံးပစ္စည်းများကို သွား​ရောက ...

Travelling journal

တနသ်ာရီတိုင်းဒေသကြီး ကော့သောင်း မြို့အခြေစိုက် သူဌေးကျွန်းအပန်းဖြေဟိုတယ် မိသားစုမှ COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးစင်တာ( ၁၀ )နေရာ သို့ ကျန်းမာရေးသုံးပစ္စည်းများကို သွား​ရောက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း Grand Andaman Group of Companies ၏ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးဝင်းသန်း က Travelling journal သို့ ပြောသည်။

စက်တင်ဘာ ၃၀ ရက်တွင် တပ်မတော်ဆေးတက္ကသိုလ်​နှင့် အင်းစိန်ပြည်သူ့ဆေးရုံ သို့ ကျန်းမာရေးသုံး ပစ္စည်းများကို သွားရောက်လှူဒါန်းပေးခဲ့ကြောင်း ၄င်းက ပြောသည်။

“တကယ်လိုအပ်နေကြတာ ၊ ကိုယ်နိုင်သရွေ့ဝိုင်းလှူပေးတာပါ၊ အစိုးရ တစ်ခုတည်းနဲ့လည်း မနိုင်ဘူးလေ၊COVID 19 ရောဂါရှိသူများကို တာဝန်ယူကုသပေးနေကြတဲ့ စင်တာတွေကို ကျွန်တော်တို့ နိုင်သရွေ့ဝိုင်းကူညီပံ့ပိုးပေးတာပါ၊ အရင်ရက်က လှူတဲ့ အရေအတွက်အတိုင်း ပဲ လှူသွားမှာပါ။ နောက်ထပ်(၃)ရက်ကို နေရာ (၆)နေရာ ဆီ သွားပြီး ဆက်လှူပေးသွားပါမယ်”ဟု ဦးမျိုးဝင်းသန်းက Travelling journal သို့ ပြောသည်။

ပထမအကြိမ်နှင့် ဒုတိယအကြိမ်လှူဒါန်းခြင်း ကို စက်တင်ဘာ ၂၉ ရက်က ဧရာဝတီဖောင်ဒေးရှင်းနှင့်
ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) သို့ COVID 19 ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE-200, KN 95 -400, Alcohol Soluction 50 L, Hand Sanitizer များ ကို သွားရောက် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။