လီဆူးတိုင်းရင်းသားများနေထိုင်သည့် အိုင်စန့် ကျေးရွှာကို CBT ဖော်ဆောင်ရန်စီစဥ်

TravellingJournal ကယားပြည်နယ် လွိုင်ကော်မြို့ အိုင်စန့် ကျေးရွှာတွင် နေထိုင်ကြသည့် လီဆူးတိုင်းရင်းသားများနေထိုင်သည့် ကျေးရွှာအား လူထုအခြေပြု ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ရန် ကယားပြည်နယ် ခရီးသ ...

TravellingJournal

ကယားပြည်နယ် လွိုင်ကော်မြို့ အိုင်စန့် ကျေးရွှာတွင် နေထိုင်ကြသည့် လီဆူးတိုင်းရင်းသားများနေထိုင်သည့် ကျေးရွှာအား လူထုအခြေပြု ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ရန် ကယားပြည်နယ် ခရီးသွားလုပ်ငန်း ကော်မတီမှ စီစဥ်နေကြောင်းသိရသည်။

ယင်းကဲ့သို့ လူအခြေပြုခရီးသွားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသခံ လီဆူး တိုင်းရင်းသားများအား ပန်ပက် ကျေးရွှာတွင် ဖော်ဆောင်ထားသည့် ခရီးသွားလုပ်ငန်း အခြေနေများအား လေ့လာရေး ခရီးစဥ်များအဖြစ် မတ်လ (၁၅) ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ကယားပြည်နယ်၌ CBT ဖော်ဆောင်ထားသည့် ကျေးရွှာများမှ ာပန်ပက်ကျေးရွှာ ၊ တနီးလာလဲ ကျေးရွှာ တို့ဖြစ်ကြောင်းသိရသည်။