ကလောမြို့အနီး ရေယောင်းမ ရွာကို အခြေပြုပြီးဖွင့်လှစ်ထားသည့် လေးခုမြောက် သီရိစန္ဒာ ဓာတ်ပုံ ရှူခင်း အပန်းဖြေစခန်း ကို လူဦးရေ( ၅၀ )မှ လူဦးရေ (၂၀၀) ထိ လာရောက်လေ့ရှိကြောင်း ပိုင်ရှင် ဖြစ်သူက Travelling journal သို့ ပြောသည်။အဆိုပါ သီရိစန္ဒာ ဓာတ်ပုံ ရှူခင်း အပန်းဖြေစခန်း ကိုပြီးခဲ့သည့် တစ်လကျော်က ဖွင့်လှစ် ခဲ့ပြီး ဝင်ကြေးအနေဖြင့် လူတစ်ဦးလျှင် ကျပ် (၁၀၀၀) ကောက်ခံကာ ပိတ်ရက်များ၌ လာရောက်လည်ပတ်သူ ဦးရေ က ပို များပြားကြောင်း သိရသည်။ယင်းအပန်းဖြေစခန်းကို ဧက ၂၀ ပေါ်တွင် ဖော်ဆောင်ထားပြီး ငါးမိုင်အကွာတွင် ဝက်ဖြူရေတံခွန် အမည်ပေးထားသည့် ရေတံခွန်ကို လည်း လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။” အဲဒီရေတံခွန်က လည်း ကျွန်တော် မြေ ဧက ထဲမှာ ပါ နေတာ ။ အခုတော့ ဓာတ်ပုံ လာရိုက်ကြတဲ့သူတွေ များလာတယ် “ဟု ၄င်းကပြောသည်။လက်ရှိတွင် ရေယောင်းမ View point ၊ ရှန်ဘာလာ ကလော ရေယောင်းမ View Point ၊ Village Shan State View Point ရှိပြီး သီရိစန္ဒာ ဓာတ်ပုံ ရှူခင်း အပန်းဖြေစခန်း အပါအဝင် လေးခု ရှိပြီ ဖြစ်သည်။”ကျွန်တော်တို့ အပန်းဖြေစခန်း ကတော့ ရေယောင်းမရွာ အဝင် ဝင်ဝင်ချင်း နှစ်ဖာလုံလောက်ဆိုရင် ရောက်ပြီ။ ကျွန်တော်တို့ ကို ကျော်သွားမှ ကျန်တဲ့ သုံးခုကို ရောက်တယ် “ဟု သီရိစန္ဒာ အပန်းဖြေစခန်း ပိုင်ရှင် က Travelling Journal သို့ ပြောသည်။ကလောမြို့သည် ခရီးသွားမြို့တော်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု စိတ်ဝင်စားခြင်းခံရပြီး သဘာဝ တောတောင်ရှုခင်းကြည့် များနှင့် တွဲဖက်ကာ ဓာတ်ပုံရှူခင်း ကြည့်ကွက်များဖြင့် ခရီးသွားဧည့်သည် များကို ဆွဲဆောင်လာသည့် မြို့တော်ဖြစ်လာသည်။