မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်စေရန် မတ်လအတွင်း ယူနက်စကို တင်သွင်းမည်

လရောင်ချို မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်စေရန် မတ်လအတွင်း ယူနက်စကိုသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သနပ်ခါးအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက travelling Journal ...

လရောင်ချို

မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်စေရန် မတ်လအတွင်း ယူနက်စကိုသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သနပ်ခါးအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက travelling Journal သို့ ပြောသည်

ယူနက်စကိုဝင်ရန် မြန်မာနိုင်ငံ ရှေးဟောင်းယဉ်ကျေးမှု သုတေသနဌာနနှင့် မြန်မာနိုင်ငံသနပ်ခါး အသင်းတို့ပူးပေါင်းတင်ပြသွားမည်ဖြစ်ပြီး လိုအပ်သည့်အချက်အလက်များကို စုစည်းဆောင်ရွက် နေပြီဖြစ်ကြောင်းသိရသည်။

ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် အဖြစ် တင်သွင်းရာတွင် သုံးစွဲခဲ့သည့် ကာလနှစ်ပေါင်းကို သက်သေနှင့်တင်ပြ ရခြင်း၊ ရိုးရာယဉ်ကျေးမှုအထောက်အထား၊ သနပ်ခါး စိုက်ပျိုးသည့်ဧက စသည့်အချက်အလက်များ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်က ကျွန်တော်တို့ အလုပ် ရုံဆွေးနွေးပွဲမှာ လုပ်ထားပြီးပြီ။ ဒီမတ်လ ထဲကို တင်သွားမှာ။ ခုဆိုရင် စာတမ်းတွေ ပြုစုနေတယ်။ သမိုင်းအထောက်အထားတွေရယ်၊ ဓာတ်ပုံတွေ၊ စာသားတွေ၊ သက်ဆိုင်တဲ့ ကျောက်စာတွေ၊ ရိုးရာယဉ်ကျေးမှု အထောက်အထားတွေ ကို စုစည်းတာတွေ လုပ်နေပါတယ် ” ဟု ဦးကျော်မိုးက ပြောသည်။

Travelling_Journal/Vol_1_Issue_21