မြန်မာ့ခရီးသွားဘဏ် မှ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့နှင့် MOU လက်မှတ် ရေးထိုးသွားမည်

#Travelling Journal မြန်မာ့ခရီးသွားဘဏ် ( MTB )မှ ခရီးသွားအဖွဲ့ချုပ်လက် အောက်ရှိ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA)နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်း အားအရင်းအမြစ်ဖွ ...

#Travelling Journal

မြန်မာ့ခရီးသွားဘဏ် ( MTB )မှ ခရီးသွားအဖွဲ့ချုပ်လက် အောက်ရှိ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA)နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ နှင့် MOU လက်မှတ် ရေးထိုးပြီး ဘဏ္ဍာရေး ဆိုင်ရာများကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်​ကြောင်း ဘဏ် မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါ်သိဂီလင်းက Travelling journal သို့ပြောသည်။

လက်ရှိ တွင် ခရီးသွားအဖွဲ့ချုပ်လက်အောက်ရှိ ညီနောင်အသင်း ခြောက်သင်း နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ့ခရီးသွား ဘဏ်အနေဖြင့် ယခုကဲ့သို့ အသင်းများဖြင့် ပူးပေါင်းဆောင်ရွက် ရခြင်းမှာ Covid -19 ကပ်ရောဂါ ကာလအတွင်း ထိခိုက်မှု အများဆုံးရှိခဲ့သည့် ခရီးသွားလုပ်ငန်း နယ်ပယ်မှ အသင်းဝင်များ၏ ရှေ့ ဆက်လက် ရပ်တည်နိုင်​ရေး အတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကိုတက်နိုင် သလောက် ကူညီပံ့ပိုးပေး သွားရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။