မြန်မာ့ခရီးသွားဘဏ် (မြဝတီ) ဘဏ်ခွဲစတင် ဖွင့်လှစ် သည့် နေ့တွင် လူ ၁၀၀ ကျော် ငွေ စာရင်းလာရောက် ဖွင့်လှစ်

Travelling Journal မြဝတီမြို့တွင် ဖွင့်လှစ်ခဲ့သည့် မြန်မာ့ခရီးသွားဘဏ်၏ စတုတ္ထမြောက် ( မြဝတီ) ဘဏ်ခွဲ ဖွင့်လှစ်သည့်နေ့တွင် ငွေ စုလာအပ်သူ ဦးရေ ၁၀၀ ကျော်ရှိခဲ့ကြောင်း မြဝတီ ဘဏ်ခွဲ မန်နေဂျာက Travel ...

Travelling Journal

မြဝတီမြို့တွင် ဖွင့်လှစ်ခဲ့သည့် မြန်မာ့ခရီးသွားဘဏ်၏ စတုတ္ထမြောက် ( မြဝတီ) ဘဏ်ခွဲ ဖွင့်လှစ်သည့်နေ့
တွင် ငွေ စုလာအပ်သူ ဦးရေ ၁၀၀ ကျော်ရှိခဲ့ကြောင်း မြဝတီ ဘဏ်ခွဲ မန်နေဂျာက Travelling Journal သို့
ပြောသည်။

အဆိုပါ ဘဏ်ကို ဖေဖော်ဝါရီလ၂၆ ရက်က မြန်မာ-ထိုင်းနယ်စပ်၊ အမှတ်-၁ ချစ်ကြည်ရေးတံတားအနီး၌ ဖွင့်လှစ်ခဲ့ပြီး တပြိုင်နက် ငွေစုအပ်ငွေ၊ချေးငွေ ငွေလွှဲနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ကိုဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

မြန်မာ့ခရီးသွားဘဏ်ခွဲများ ဖွင့်လှစ်ရခြင်းမှာလည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍသာမက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ခရီးသွား ဘဏ်ကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောကြားထားသည်။

၂၀၁၉ ခုနှစ် မေလ ၆ ရက်က မြန်မာ့ခရီးသွားဘဏ်ကို ရန်ကုန်မြို့၌ ပထမဆုံး ဖွင့်လှစ်ခဲ့ပြီး မန္တလေး (ဘဏ်ခွဲ)ကို စက်တင်ဘာ ၁ ရက် တွင် လည်ကောင်း၊ နေပြည်တော် ဘဏ်ခွဲကို စက်တင်ဘာ ၁၂ ရက်တွင် လည်ကောင်းအသီးသီး
ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။