ပုဂံဟိုတယ်ဇုန်မှ ပုဂံနှင့်ချောက်မြို့ရှိ ကျေးရွာများမှ ကိုဗစ်ဝေဒနာရှင်များကို အိမ်တိုင်ရွာရောက် လိုက်လံ ကုသပေးနေ

Travelling journal မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)မှ ကြီးမှူးပြီး ပုဂံနှင့်ချောက်မြို့ရှိ ကျေးရွာများမှကိုဗစ်ဝေဒနာရှင်များကို အိမ်တိုင်ရွာရောက်လိုက်လံကုသပေးနေသည့် အစီ ...

Travelling journal

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)မှ ကြီးမှူးပြီး ပုဂံနှင့်ချောက်မြို့ရှိ ကျေးရွာများမှ
ကိုဗစ်ဝေဒနာရှင်များကို အိမ်တိုင်ရွာရောက်လိုက်လံကုသပေးနေသည့် အစီအစဥ်ကို အကောင်အထည်ဖော် ပေးနေ ကြောင်း ပုဂံဇုန် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မိုးကြည်က Travelling Journal သို့ ပြောသည်။

အဆိုပါရွေ့လျားကုသရေးပုံစံဖြင့် အိမ်တိုင်းရာရောက်ကုသပေးခြင်းကို စက်တင်ဘာ ၄ ရက်နေ့မှစတင် ခဲ့ပြီး
ပထမဦးဆုံးအနေဖြင့် ပုဂံနှင့်ချောက်မြို့ရှိ ကျေးရွာ/ရပ်ကွက် ၃၅ ခုမှ ကိုဗစ်ရောဂါ ခံစားနေရသည့် လူနာများကို အခမဲ့ ကုသပေးနေကြောင်းသိရသည်။

” ဒီအစီအစဥ်ကိုလုပ်ဖြစ်ရတာလည်း ကျွန်တော်တို့ ပုဂံဒေသရဲ့ပတ်လည်မှာ ကိုဗစ် ဝေဒနာ ရှင်တွေက များလာကြတာတွေ့ရတော့ ကျွန်တော် တို့လည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုလက်ရှိမှာ တော့ ကျေးရွာ ၅ ရွာလောက်ကို ကွင်းဆင်းကုသပေးနေပါတယ်။ လူနာရှင်တွေကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် ကြည့်ရှု ပေးပါတယ်”ဟု ပုဂံဇုန် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မိုးကြည်က Travelling Journal သို့ ပြောသည်။

MHA(ပုဂံဇုန်)မှ လုပ်ငန်းရှင်များ၊အသင်းချုပ်ဗဟို၏ ပံ့ပိုးပေးမှုများဖြင့် Medical Action Myanmar နှင့် ပူးပေါင်း ဆောင်ရွက်ပေးနေ ပြီး လက်ရှိတွင် ဆရာဝန်တစ်ဦး ၊သူနာပြုတစ်ဦး၊သူနာပြုအကူတစ်ဦးပါဝင်သည့် အဖွဲ့ဖြင့် အိမ်တိုင်ရာရောက် ကုသပေးနေကြောင်း သိရသည်။

ထို့ပြင် ကွင်းဆင်းကုသပေးသည့်လူနာများမှ အောက်စီဂျင် ၉၀ အောက်ရောက်ရှိနေသော လူနာများအတွက် ဆေးထိုးဆေးတိုက်ခြင်းများအပါအဝင် Oxygen Concentratorများကိုပါ တပ်ဆင်ပေးလျက်ရှိကြောင်း အောက်စီဂျင် ၉၀ အထက် ပြန်လည်ရရှိပါက အောက်ဆီဂျင် ဆလင်ဒါအိုးဖြင့်ပြောင်းလဲ တပ်ဆင်ပေးကာ မနက်တစ်ကြိမ် ညနေ တစ်ကြိမ် ဆရာဝန်များမှ သွားရောက်ကြည့်ရှုဆောင်ရွက်ပေးနေကြောင်း သိရသည်။